အပိုင်း[၅]

9.6K 447 2
                                    

Unicode

ဒီနေ့လည်း မနေ့ကနည်းတူ  မမပန်းတို့အိမ်သို့ ညအိပ်ရန်ထွက်လာခဲ့သည်။
မမကိုလည်းတွေ့ချင်နေပြီဖြစ်သဖြင့် စောထွက်လာခဲ့သည်။

တစ်နေ့လုံး မမအကြောင်းမတွေးရမနေနိုင်သည်အထိ မမက အကြင်နာ့အပေါ်တွင်စိုးမိုးလွန်းပါသည်။

ခြံအပေါက်ဝသို့ရောက်သော် စကားပြော‌သံတချို့ကိုကြားရသဖြင့် အသံလာရာဘက်သို့ကြည့်လိုက်ရာအကြင်နာနှင့်မလှမ်းမကမ်းတွင် ဖုန်းပြောနေသော မမအားတွေ့လိုက်ရသည်။

မမနေရာမှအခြားတစ်ယောက်ဆိုလျှင်လျစ်လျူရှုမိမှာဖြစ်သော်လည်း မမ
ဖြစ်နေ၍ လျစ်လျူမရှုနိုင်ခဲ့ပါ။

ထို့ကြောင့်အိမ်ထဲသို့မဝင်သေးဘဲ မမဖုန်းပြောနေသည်အားတိတ်တဆိတ်နားစွင့်နေလိုက်သည်။
အနည်းငယ်ဝေးသေးသဖြင့်တစ်စွန်းတစ်စသာကြားရသောစကားသံများအား မနည်းအာရုံစိုက်နားထောင်နေရသည်။

ထိုတစ်စွန်းတစ်စ စကားသံတို့အား နားစွင့်နေရင်း မမစကားသံတို့တွင် အကြင်နာအဖို့စိတ်ထိခိုက်ဖွယ် စကားလုံးအချို့ပါဝင်လာတော့သည်။

'မမတဲ့
ပြီးတော့ ချစ်တယ်တဲ့ '

မမမှာရည်းစားရှိနေတာများလား။

အကြင်နာ စိတ်ချောက်ချားစွာတွေးရင် ဝမ်းနည်းစိတ်တို့နှင့်အတူ ငိုချင်လာမိတော့သည်။ နှလုံးတွေလည်းအောင့်လာတော့သည်။ မငိုပါဘဲနှင့် မျက်ရည်တို့က အလိုလိုကျနေပြန်သည်။ အိမ်ကထွက်လာတုန်းကလိုပျော်စရာမကောင်းတော့တာတော့အမှန်ပင်။စိတ်ထဲမှမရေမရာထင်မြင်ချက်အချို့နှင့်အတူ လေးပင်သောခြေလှမ်းတို့ဖြင့်အားတင်ကာပင်ထိုနေရာမှထွက်ခွာခဲ့လိုက်သည်။

***

"အကြင်နာ ငြိမ်လှချည်လား"

အကြင်နာ အိမ်ထဲသို့ဝင်ကတည်းက အသက်မပါသလိုငြိမ်နေမိသည်။ဆုဆုဆီကအမေးစကားကြားမှသာ အသိပြန်ကပ်တော့သည်။

"အင်း "

"ဘာ အင်းတုန်း ..
နေပါဦးနင့်ကြည့်ရတာ တစ်ခုခုဖြစ်ထားသလိုနဲ့"

"ဘာမှဖြစ်မထားပါဘူး ဆုရယ်"

"ပြစမ်း ဒီဘက်လှည့်"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now