Unicode
တကယ်တမ်းလိုက်ရှာရမယ်ဆိုတော့ ရှာဖို့ရန်မလွယ်ကူပါ။တမင် မိမိမသိစေရန်ထွက်သွားခြင်းဖြစ်တဲ့အတွက် ကလေးဘက်ကလည်း လွယ်လွယ်ပြန်အတွေ့ခံလိမ့်မည်မဟုတ်ပါ။
သူ့ဘက်က ရသလောက်ရှောင်တိမ်းနေလိမ့်မည်။ကြံရာမရတော့တဲ့အဆုံးသူငယ်ချင်းတွေကို သာဖုန်းခေါ်ရန် ကြံလိုက်သည်။
သူတစ်ယောက်တည်းမဟုတ်ဘဲ ဟိုကောင်လေးနဲ့အတူပျောက်သွားတာဖြစ်တဲ့အတွက် သဝန်တော့တိုမိပေမဲ့ အနည်းငယ်တော့စိတ်အေးရေသးသည်။ဘာပဲဖြစ်ဖြစ်သူတစ်ယောက်တည်းထွက်သွားတာ တော့မဟုတ်ဘူးလေ။"ဟဲလို..ကူညီပါဦး ပန်းရယ်... ငါ့ကလေးမရှိတော့ဘူး"
ဖုန်းဝင်ဝင်ချင်းတစ်ဖက်ကပြောသံကိုနားမထောင်နိုင်ဘဲ ကိုယ့်အပူကိုသာပြောလိုက်သည်။
"ဘာဖြစ်လို့လဲ သု...ဘယ်သူမရှိတာလဲ"
"အကြင်နာလေ...ကလေးကငါ့ကိုအထင်လွဲပြီးထွက်သွားတာ..ငါဘယ်လိုလုပ်ရမလဲ အခုဆက်သွယ်လို့လဲမရဘူး"
"ဟာ နင်တို့အဆင်ပြေနေတာမဟုတ်ဘူးလား..ဘယ်လိုဖြစ်ကြတာလဲ"
"ငါမှားတာပါဟာ...ကလေးကို အကုန်ပြောမပြခဲ့မိတာ...အခုတော့ကေလးကအထင်လွဲသွားတာ"
"ငါနားလည်အောင်ပြောပြစမ်းပါ"
"မမပြန်ရောက်နေတာဟာ...မမက ကလေးနဲ့တွေ့ပြီးငါ့နဲ့သူတွဲနေပါတယ်..နောက်ဆုတ်ပေးပါဆိုပြီးပြောခဲ့တာ...ကလေးက တကယ်ထင်ပြီး ငါ့ကိုဘာမှမပြောဘဲစာတစ်ေစာင်ချန်ပြီးထွက်သွားခဲ့တာ။ သူ့သူငယ်ချင်းကောင်လေးရောပါသွားတယ်"
"ဟယ်...ဒါဆို အကြင်နာလေးကတကယ်ထွက်သွားတာပေါ့"
"တကယ်ပေါ့ ပန်းရယ်"
"ဪ..ဒါဆိုဘာဆက်လုပ်မှာလဲနင်က...သူ့ကိုလိုက်ရှာမှာလား"
"လိုက်ရှာရမှာပန်း..ငါဘယ်ကိုရှာရမလဲဆိုတာမသိဘူး"
"အေးပါ သိပ်လည်းစိတ်မပူပါနဲ့ဟာ ငါတို့လည်းကူရှာပေးပါ့မယ်...အကြင်နာလေးကပျောက်သွားတာမှမဟုတ်ဘဲ တမင်ထွက်သွားတာပဲဟာ အန္တရယ်တော့မရှိနိုင်ပါဘူး။နေရောင်လည်းပါသွားသေးတာပဲဟာ။ သူကအကြင်နာလေးကို ချစ်ရှာပါတယ်..သူစောင့်ရှောက်ပေးမှာပါ"

BINABASA MO ANG
ချစ်သော အကြင်နာ(Completed)
Romanceမေတ္တာတွေသာ စစ်မှန်ခဲ့ရင်အသွားအပြန်ရှိနိုင်သလား။မေတ္တာတွေကရောင်ပြန်ဟပ်သလား။ မေတ္တာတွေကစူးတတ်သလား။ မေတ္တာတွေသာစူးခဲ့ရင် ပြန်နှုတ်လို့ရနိုင်ပါ့မလား။ အမုန်းတွေကရောအချစ်အဖြစ်ပြောင်းလဲလာနိုင်လား။အချစ်ကနေ အမုန်းဘက်ကိုပြောင်းသွားနိုင်လား။