အပိုင်း[၇]

8.9K 429 4
                                    

Unicode

"အန်တီခင်"

"ဪ..သမီးလာလေ"

အန်တီခင်ကဆိုဖာပေါ်တွင်ထိုင်ကာ ပုတီးစိတ်နေသည်။
ဆုဆု မသိဘဲခေါ်လိုက်မိသဖြင့် အားနာသွားသည်။

"အားနာလိုက်တာ အန်တီခင်ရယ်၊သမီး
အန်တီခင်ပုတီးစိတ်နေတာကိုမသိလိုက်လို့နော်"

"ရပါတယ် သမီးရယ်။ အကြင်နာ့ဆီလာတာလား"

"ဟုတ်တယ် အန်တီခင်။အကြင်နာ့ဆီလာတာပါ"

"ရှိတယ်သမီး။ခြံထဲနဲ့သူ့အခန်းထဲတစ်ခုခုပဲ။ခေါ်ပေးရမလားသမီး"

"ရပါတယ်..သမီးဘာသာလိုက်ရှာလိုက်ပါ့မယ်"

"‌အေးပါကွယ်"

ဆုဆု အကြင်နာ့အခန်းထဲအရင်ဝင်ကြည့်သည်။အခန်းထဲမှာမတွေ့သဖြင့်
အန်တီခင်ပြောတဲ့အတိုင်းခြံထဲနေမှာဟုတွေးကာခြံထဲဆင်းသွားလိုက်သည်။

တွေ့ပါပြီ...ဒန်းပေါ်တွင်ငေးငေးငိုင်ငိုင်ထိုင်နေသောအကြင်နာ။

"အကြင်နာ"

ခေါ်နေတာကိုအကြင်နာမကြားပါ။

"ဟဲ့...အကြင်နာ"

"အမလေး..ဆုရယ်လန့်လိုက်တာ"

အကြင်နာ အတော်လန့်သွားသည်။
ရင်ဘတ်ပေါ်တွင်လက်နဲ့ဖိထားရကာ ရင်တုန်မှုဟာ မပျောက်သေး။

"ငါခေါ်နေတာနင်မှမကြားတာကို"

"ငါ့မှာရောဂါရှိသေးတာလည်းသတိရပါဦး ဆုရယ်..ငါတကယ်လန့်သွားတာ"

"Sorryပါသူငယ်ချင်းရယ် ငါ့မေ့သွားလို့ပါ"

အကြင်နာ့ဘေးသို့ဆုဆုဝင်ထိုင်လိုက်သည်။

"‌ရပါတယ်...ငါ့ကိုပြောစရာရှိတယ်ဆိုတာကိုလာပြောတာလား"

"အင်း....ဒါပေမဲ့"

တွေဝေ ဟန်ရှိသောစကားသံအား အကြင်နာစိတ်ဝင်စားလှသည်။

"ဘာလဲ..ဒါပေမဲ့က"

"ပြောသင့်မပြောသင့်စဉ်းစားနေတာ"

"မမအကြောင်းမလား။ပြောရမှာပေါ့။နင်ပဲအစဖော်ထားပြီးတော့"

အကြင်နာနှုတ်ခမ်းစူရင်းမကျေမနပ်
မျက်စောင်းထိုးလိုက်သည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now