Part 4

2.9K 60 0
                                    

(Unicode)
      
         

"ဟင် ဒါကခုနတုန်းကပန်းရောက်တဲ့နေရာပဲ!"

ဦး ကားနဲ့တိုက်မိမလိုဖြစ်သွားသည့်နေရာလေးရောက်တော့အိမ်နဲ့နီးလာပြီဆိုတာသိနေ၏။

"အဲ့တာမြို့ပတ်လမ်းလို့ခေါ်တယ် ကလေး။အရှေ့မြို့ပတ်လမ်းနှင့်အနောက်မြို့ပတ်လမ်း၊ဒါကအရှေ့မြို့ပတ်လမ်း!"

"ဘာလို့မြို့ပတ်လမ်းလို့ခေါ်တာလဲဟင်!"

"မြို့ကိုပတ်ပြီးမောင်းရလို့မြို့ပတ်လမ်းလို့ခေါ်တာပေါ့ ကိုယ့်အိမ်နဲ့ကလေးအိမ်ကမြို့အစွန်တွေမှာလေ။ကိုယ့်အိမ်ကတောင်ဘက်အစွန်း၊ကလေးအိမ်ကမြောက်ဘက်စွန်း။တစ်အိမ်နှင့်တစ်အိမ်ရောက်ဖို့ကမြို့ကိုတစ်ပတ်ပတ်ရတယ်!"

"အော် ပန်းတို့အိမ်ရောက်တော့မယ်!"

ရေရူခရစ်ယာန်ဘုရားကျောင်းသို့ဟူသောဆိုင်းဘုတ်ကိုမြင်မိ၍ဆိုင်းဘုတ်ဘေးကပန်းကြာလယ်စံအိမ်ဟူသောရုပ်ကြွစာလုံးထွင်းထားသည်ကိုမြင်၍ပြောလိုက်သည်။

"cctvတွေဒီလောက်များတာကိုဘယ်လိုထွက်လာတာလဲကလေးမ။!"

"ဒီလောက်ကတော့ပန်းအတွက်အပျော့လေးပါ!"

ဦးကတံတိုင်းကြီး၌တပ်ထားသောcctvကိုကြည့်၍ပြောတော့ခန္ဓာကိုယ်လေးမတ်ကာကြွားလုံးထုတ်ရသေးသည်။

"ဒီလိုကျပြန်တော့ကလေးကသတ္တိရှိသားပဲ!"

"ဟီးး!"

ဦးကခေါင်းကိုပုတ်ကာချီးကျူးတော့သွားများကိုအသားကုန်ဖြီးပြလိုက်သည်။

ခြံတံခါးကနေအိမ်ကိုရောက်ဖို့အတော်မောင်းလာရသည်။အိမ်ပြန်ရောက်ရောက်ချင်းမှာပဲဧည့်ခန်းထဲ၌အလုပ်သမားများစုဝေးနေကာဖေဖေ၊မေမေနှင့်ကိုကြီးတို့ကမျက်နှာပျက်ကာစိတ်ပူနေကြသည်ကိုမြင်၍စိတ်မကောင်းဖြစ်သွားသည်။

"မေကြီး!"

"ဟင် အမလေး မေ့သမီးလေး။ပြစမ်း တစ်ခုခုများထိခိုက်မိသွားသေးလား။ဘယ်ကိုများလျှောက်သွားရတာလဲသမီးရယ်!"

ကားကပေါ်တီအောက်ထိုးရပ်ပြီးချက်ချင်းပြေးဆင်းသွားကာသူ့အမေရင်ခွင်သို့တိုးဝင်သွားသောကလေးငယ်ကြောင့်ချော်လဲမည်ကိုစိုးရိမ်ရသေးသည်။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now