Part 14

1.4K 28 0
                                    

(Unicode)

တဖြည်းဖြည်းနိမ့်ကျလာသည့်ဦးမျက်နှာကြောင့်အသက်အောင့်ကာမျက်လုံးကိုစုံမှိတ်လိုက်၏။ထိုအခါပူနွေးစေးကပ်သည့်နှုတ်ခမ်းတစ်စုံကပန်း၏နှုတ်ခမ်းထက်ဖွဖွလေးကျရောက်လာ၏။အပူငွေ့တို့ကတစ်ကိုယ်လုံးကိုပျံ့နှံ့လာလျှင်မျက်လုံးဖွင့်လိုက်မသည်။

"အွန့့် ဟင်းးး!ဦးးတော်..တော်တော့ ဟင်းးး!"

အသက်အောင့်တာကြာလာသောကြောင့်အသက်ရှုကြပ်လာ၍ခါးထက်တင်ထားသောဦး၏လက်တံရှည်တို့ကိုကုတ်ဆွဲလိုက်၏။

"ထပ်ပြောမလား!"

"ဟမ်!"

မျက်လုံးဝိုင်း၍လရောင်အောက်မှာရှက်သွေးဖြာနေသောကလေးမျက်နှာကဆွဲဆောင်မှုရှိစွာချစ်ဖို့ကောင်းနေသည်။

"ကိုယ့်ကိုတစ်ခြားမိန်းကလေးနဲ့လက်ထပ်တာမြင်ချင်တယ်လို့ထပ်ပြောမလား!"

"ဘာလို့လဲ။ဦးကတစ်သက်လုံးလူပျိုကြီးလုပ်မယ်လို့စဥ်းစားထားတာလား?"

"မဟုတ်ဘူး။ကိုယ်လက်ထပ်မယ့်မိန်းကလေးကကမ္ဘာပေါ်မှာတစ်ယောက်ပဲရှိတာ!"

"ဘယ်သူလဲဟင်!"

"အွန့့့်ဦးးး!"

နှုတ်ခမ်းကိုထိရုံနမ်းလိုက်သောကြောင့်ပန်း၏ငြီးသံလေးကထွက်ပေါက်ကျလာသည်။

ကျစ်ဆံမြှီးကိုကပိုကရိုကျစ်ထားသောခေါင်းလုံးလုံးကိုကိုင်ကာခါးကြားညှပ်ထားသောဓာတ်ပုံအယ်လ်ဘမ်တစ်အုပ်ကိုကလေးလက်ထဲလှပသေသပ်စွာထည့်ပေးလိုက်၏။

"အဟွန်းးမွေးနေ့မှာပျော်ရွှင်နိုင်ပါစေ....ကိုယ့်ရဲ့ကလေးလေး။"

"ဒါ ဘာလဲဟင် ဦးး!"

"အယ်လ်ဘမ်လေ။ကိုယ့်ရဲ့ကလေးလေးအမေ့ဗိုက်ထဲကထွက်တဲ့အချိန်ကစလို့ဒီနေ့အထိအမှတ်တရပုံရိပ်တွေကိုတစုတစည်းတည်းသိမ်းထားတာ"

အယ်လ်ဘမ်ထောင့်၌ကပ်လျက်သဲနာရီပုံစံအချိန်တွက်စက်က ကလေးငယ်အမေ့ဝမ်းတွင်းမှထွက်သည့်အချိန်ကစ၍အရွယ်ရောက်သည့်အချိန်ထိလှပသောပုံရိပ်တွေကိုဖော်ဆောင်ပေးသည်။ကိုယ်တိုင်လှန်စရာမလိုသောအယ်လ်ဘမ်စာမျက်နှာကမေ့နေသောငယ်ဘဝပုံရိပ်ကိုအသေးစိတ်ပုံဖော်ပေး၏။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now