Part 19

1.3K 24 7
                                    

(Unicode)

"အင့် ကျစ်...ဗုဒ္ဓဘုရား ဘာလို့ဒီလောက်မူးနေရတာလဲ!"

နေရောင်ခပ်စူးစူးကမျက်နှာပေါ်နွေးထွေးစွာဖြာကျနေတော့ထထိုင်ဖို့ကြိုးစားလိုက်ပေမယ့်ထိုးကိုက်လာသောခေါင်းကြောင့်မျက်လုံးမှိတ်ကာခဏမှေးနေ၏။

"ဒေါက် ဒေါက် ဒေါက်.....ဟေ့ကောင် ဒင်္ခ မင်းတံခါးဖွင့်စမ်း။ဒင်္ခ ဟေ့ကောင်!"

"ဟင် ဒါကိုကြီးအသံပဲ။ကိုကြီးကအဆောင်ကိုဘာလာလုပ်တာလဲ!"

"ဂျောက်!"

"ဟာ ညီမလေး!"

"သမီး...!"

"ဟင် မေမေ...ကိုကြီး!"

"ခွေးကောင် ခွပ် ခွပ်!"

"အမလေး သား...သား တော်ပါတော့သားရယ်။ရပ်လိုက်ပါတော့!"

အဖြစ်အပျက်ကမျက်စိတစ်မှိတ်အတွင်းမြန်ဆန်စွာဖြစ်သွားကာကိုက်နေသောခေါင်းကိုလက်နဲ့အသာဖိထားရ၏။မေမေနဲ့ကိုကြီးကဘယ်လိုရောက်လာတာလဲ။ပြီးတော့ပန်းကဘာလို့အဆောင်မှာမဟုတ်ရတာလဲ။

"ဒီကောင် ညီမလေးဘဝကိုဖျက်ဆီးတာအမေ။ကျွန်တော်လုံးဝခွင့်မလွှတ်ဘူး!"

"မင်းကခွင့်မလွှတ်တော့ရောသမီးလေးကအပျိုပြန်ဖြစ်တော့တာမှမဟုတ်တာ!"

"မေမေတို့ဘာတွေပြောနေကြတာလဲဟင်။ပြီးတော့ကိုကြီးကဘာလို့ဦးကိုထိုးလိုက်တာလဲ!"

ကိုကြီးကဦးကိုမျက်ထောင့်နီကြီးနဲ့ကြည့်နေကာဦးကလည်းထိုနည်းတူစွာပင်။

"တစ်ပွင့်ပန်း နင်အတိတ်မေ့သွားတာလား။ဒီကောင်ကနင့်ကိုခိုးပြေးလိုက်တာလေ။နင်မမှတ်မိဘူးလား!"

"ဟာ ကိုကြီးကလဲ။ဘာကိုခိုးပြေးရမှာလဲ။မနေ့ညကညည့်နက်သွားလို့အဆောင်တံခါးပိတ်ထားတာနဲ့ဦးဆီလိုက်လာလိုက်တာ။ပြီးတော့အိပ်ရာခွဲအိပ်ပါတယ်။နော် ပြောလိုက်လေဦး!"

တစ်ချိန်လုံးတိတ်နေသည့်ဦးကိုမျက်လုံးလေးဝိုင်းကာအကူအညီတောင်းမိတော့တောင်းပန်တိုးလျှိုးသောမျက်နှာကြည့်လာ၏။ဦး၏ဒီအကြည့်ကဘာအဓိပ္ပာယ်ပါ့လိမ့်။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Tempat cerita menjadi hidup. Temukan sekarang