Part 23 🚨🚨🚨

4.6K 40 1
                                    

(Day 2)

(Unicode)

ဦးကသူမကိုကြည့်ကာစူးနစ်စွာဆိုတော့မျက်ရည်ဝဲလာခဲ့၏။ရုတ်တရက်ပန်း၏ခါးကိုဆွဲဖက်ကာ...

"သူများတွေလိုဘယ်လောက်ချစ်ကြောင်းဖွဲ့နွဲ့မပြောတတ်ဘူး။ကလေးနဲ့ရှိစဥ်တစ်လျှောက်လုံးဘယ်လိုဂရုစိုက်ပေးခဲ့လဲဆိုတာသက်သေဖြစ်လိမ့်မယ်။ကိုယ့်အသက်ကကြီးပြီ။30ဆိုတာကျော်လာပြီမို့သိပ်ချစ်ရတဲ့သူတစ်ယောက်ဘေးမှာလိုအပ်တယ်။ကိုယ့်ရဲ့စိတ်၊နှလုံးအကုန်လုံးက ကလေးတစ်ယောက်တည်းအတွက်ပဲဖြစ်တည်လာမလို့ကလေးကပဲကိုယ့်ကိုစောင့်ရှောက်ပေးပါ။ကလေးရှိမှပြည့်စုံမယ့်ဘဝမျိုးမို့ကျေးဇူးပြုပြီးကိုယ့်ရဲ့အချစ်၊ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့ပိုင်ဆိုင်မှုအားလုံးကိုကလေးထံသို့အပ်နှင်းပါရစေ..."

ဦး၏မထင်ထားသောတော်ကီတွေကြောင့်မျက်တောင်နှစ်ချက်ခန့်ခပ်မိ၏။ပန်း၏အဖြေကိုစောင့်စားနေသောဦးကြောင့်ခေါင်းညိတ်ပြလိုက်တော့ဦးဟာ​နှာခေါင်းကိုရှုံ့လာသည်။မျက်ရည်ကတော့ထွက်မလာခဲ့ပါ။မကျလာအောင်ထိန်းထားတာလဲဖြစ်နိုင်ပါသည်။ပန်းကစိုစွတ်နေပြီဖြစ်သောမျက်ခမ်းစပ်လေးကိုလက်နဲ့အသာထိလိုက်၏။ဦးကိုဒီလောက်အပြောကြွယ်မှန်းမသိခဲ့ပါ။

"ကိုယ် မင်းကိုချစ်တယ် တစ်ပွင့်ပန်း...ဒီစကားကိုအကြိမ်ကြိမ်ပြောခဲ့ဖူးပါတယ်။ကလေးကမှတ်မိချင်မှ မှတ်မိလိမ့်မယ်။ဒီနေ့လိုလူတွေအများကြီးတွေရှေ့၊နှစ်ဖက်သောမိဘတွေရှေ့မှာကိုယ်မင်းကိုပိုင်ဆိုင်ကြောင်းတံဆိပ်နှိပ်ပါ့ရစေ...ကိုယ့်ကိုခွင့်ပြုပေးပါ"

ကိုယ်ကိုကိုင်းကာတဖြည်းဖြည်းနိမ့်ကျလာသောဦးမျက်နှာကြောင့်လက်ခုပ်တီးသံနဲ့အတူအားကျသံတို့ကထွက်ပေါ်လာ၏။ပန်းလည်းအယောင်ယောင်အမှားမှားဖြင့်မျက်လုံးမှိတ်ကာအသက်ကိုအောင့်ထားမိသည်။

"အွန့်..!"

ထိရုံမျှပေမယ့်အချိန်ကြာကြာဖိထားကာလွှတ်မပေးသောဦးကြောင့်အသက်ရှုမဝဖြစ်ကာလက်ဖျံကိုကုပ်ဆွဲမိသည်။

"ဝိုး!!"

"ဖြောင်း ဖ​ြောင်း!"

လက်ခုပ်သံများနဲ့ဆူညံသွားကာပန်းလည်းဦး၏ရင်ခွင်ထဲသို့တိုးဝင်လိုက်၏။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ