Part 17

1.3K 26 4
                                    

(Unicode)

"ချယ်ရီတွေကသိပ်ကိုချစ်ဖို့ကောင်းတာပဲနော် မောင်.."​

ကြွေကျနေသောပွင့်ဖတ်လေးကိုကောက်၍နှာခေါင်းနဲ့ရှုကြည့်နေသောသဲငယ်​ကိုကြည့်ကာအပင်ပေါ်ကချယ်ရီခက်ကိုချိုးလိုက်၏။

"မင်းလောက်တော့ဆွဲဆောင်မှုမရှိဘူး!"

"အဟွန်း မောင်ကလေ!"

"ချယ်ရီဆိုတာခေါင်းမှာပန်မှတင့်တယ်တာ!"

နားသယ်စကဆံစကိုသပ်ပေးရင်းချယ်ရီကိုပန်ပေးလိုက်တော့ခေါင်းငုံ့ကာခံနေရှာ၏။

"ချယ်ရီတွေကအနံ့လဲမရှိဘူးနော်!"

"တစ်နှစ်မှတစ်ခါ တစ်ခါမှတစ်ရက်တဲ့။သူတို့ကလူတွေရဲ့လက်ပေါ် မိန်းကလေးတွေရဲ့ခေါင်းပေါ်မှာကြာရှည်မခံကြဘူး...သူတို့လေးတွေသာအနံ့ရှိရင်ဒီလိုခြောက်သွေ့သွေ့အပင်ပေါ်မှာမြင်တွေ့ရမှာတောင်မဟုတ်ဘူး!"

"အင်း...ဟုတ်တယ်နော် ပွင့်ဖတ်လေးကလဲလှအနံ့ကလဲမွှေးကြိုင်နေမယ်ဆိုရင်လူတွေကနေကြမှာမဟုတ်ဘူး ခူးကြမှာပဲ!"

"ခူးမယ့်လူမရှိရင်တောင်လေဝှေ့တာနဲ့ကြွေကျနေတဲ့အထိမခံတဲ့ချယ်ရီတွေလေ!"

ဆိုဖီ မောင့်မျက်ဝန်းထဲကိုအသေအချာစိုက်ကြည့်ရင်းသက်ပြင်းခပ်တိုတိုလေးကိုချမိ၏။မောင်ဟာဆိုဖီနဲ့စတွေ့သည့်အချိန်တည်းကဆိုဖီ့ဆန္ဒကိုဦးစားပေးခဲ့သူ၊ဆိုဖီ့မျက်ဝန်းလေးကိုအလေးအနက်ထားခဲ့သူဒီကမ္ဘာမှာတစ်ယောက်တည်းမို့မောင်နဲ့ခွဲခွာရမယ့်အချိန်နီးလာလေလေပို၍မခွဲချင်ဖြစ်ရသည်။ဒီလိုဆိုတိုင်းစိတ်လိုက်မာန်ပါလုပ်လို့မဖြစ်။မောင့်ရင်ထဲမှာဆိုဖီအတွက်နေရာသာမရှိနေရင်မောင့်အတွက်ပိုခက်ခဲနေလိမ့်မည်။

"အဟွန်း ချယ်ရီကမင်းနဲ့မှပိုလိုက်ဖက်တာ!"

"မောင်ပန်ပေးတဲ့ချယ်ရီပန်းကိုတစ်သက်လုံးသိမ်းထားမယ်။လွမ်းတိုင်းထုတ်ကြည့်လို့ရတာပေါ့!"

ဟော..... လေတိုက်လာတော့ချယ်ရီတွေကြွေကျလာပုံများပေါက်ပေါက်ပက်နေသလားမှတ်ရသည်။သွားလေးတွေစိနေအောင်ပြုံးကာခေါင်းမော့၍ပွင့်ဖတ်လေးကိုလိုက်ဖမ်းနေသည့်သဲငယ်ကကိုယ့်နှလုံးသားထဲကအချစ်ပန်းလေးကိုတော့လျစ်လျူရှု့တော့မည်ထင်ပါရဲ့....။

ဦးအချစ်တွေနဲ့.....။     ဉီးအချစ်တွေနဲ့.....။ (Complete)Where stories live. Discover now