"သားကျန့် ထတော့လေ နေမြင့်နေပြီသားရဲ့"
သာယာလှပသောနံနက်ခင်းလေးတစ်ခုတွင် ကောင်ချောလေးတစ်ယောက်ဟာ အပြစ်ကင်းစင်စွာအိပ်မောကျလို့နေတယ်။ ထိုအချိန်~~~သူကိုလှုပ်နှိုးနေတဲ့လူတစ်ယောက်ကြောင့် လှပတဲ့မျက်ခုံးတွေဟာတွန့်ချိုးသွားပြီး လှပတဲ့မျက်ဝန်းတွေဟာ လေးပွင့်စွာပွင့်လို့လာတယ်
မျက်လုံးဖွင့်ပြီးတာနဲ့သူ့ရှေ့ကလူကို လှပစွာပြုံးပြပြီးစကားဆိုလာတယ်
"မား ကျန့်ကျန့်အိပ်ချင်သေးတယ် နော်လို့ ပြီးတော့ဒီနေ့ကျောင်းလည်းပိတ်တယ်လေ မားရဲ့ ကျန့်ကျန့်ဆက်အိပ်လိုက်အုန်းမယ်နော်"လို့ပြောပြီး ဆက်အိပ်ဖို့ပြင်တယ်
"သားကျန့် ထတော့လေ သားပဲဒီနေ့သားမမပန်းဆိုင်သွားကြည့်ပေးမယ်ဆိုလို့ သားမမတောင် သူ့ချစ်သူနဲ့ထွက်သွားပြီသားရဲ့ အဲ့ကြောင့်သားဆိုင်သွားကြည့်ပေးလိုက်အုန်းလေ"
အဲ့ကျမှကိုယ်တော်ချောလေးက လက်သည်းလေးကိုက်ပြီး စဉ်းစားဟန်ပြုတယ် ပြီးမှ
"အယ် ဟုတ်သားပဲ သားမေ့သွားတယ် သားရေသွားချိုးတော့မယ်နော်"ဆိုကာ ရေချိုးခန်းထဲ ဝင်ပြေးသွားလေရဲ့
"သားကျန့် ဖြေးဖြေးချော်လဲမယ်"
သူမဆိုးရိမ်တကြီးလှမ်းပြောတော့ ရေချိုးခန်းထဲကနေ ခေါင်းလေးထွက်လာပြီး ရယ်ပြကာ
"ဟုတ်ပါ မားရဲ့"ဆိုပြီးတံခါးပိတ်သွားလေရဲ့
ပိတ်သွားတဲ့တံခါးလေးကိုကြည့်ကာ သူမသက်ပြင်းချမိပါရဲ့ ဒီသားလေးကအရမ်းကိုကလေးဆန်လွန်းတယ် တကယ်လို့သူမတို့သာ အရင်ထွက်သွားရရင်(သေတာကိုပြောတာပါနော်)သူမသားလေးကို တကယ်စိတ်မချဘူး အဲ့ကြောင့်မသွားခင်လေး တစ်အိုးတစ်အိမ်ထူထောင်စေချင်တာအမှန် ဒါပေမဲ့ သူမသားလေးကိုအိမ်ထောင်ချပေးရမှာလည်းနှမြောမိတယ် ဒီအတိုင်းလေးဘဲကောင်းပါတယ်လေ သူ့ချစ်ရသူပေါ်လာရင် တော့ ကောင်းတာပေါ့ သူတို့လည်းအတင်းအကျပ်မလုပ်ရတော့ဘူးလေ သူ့ချစ်
ရသူနဲ့ လက်ထပ်ပေးလိုက်ရုံပေါ့ အဓိကက
သူမသားလေးစိတ်ချမ်းသာဖို့ရင်မဟုတ်ပါလား
YOU ARE READING
ဝမ်မင်းကြီးရဲ့ အသက်ကလေးက အရမ်းတော်တယ်
Fanfictionဘာမှမဟုတ်ဘူး နန်းတွင်း fic ရေးချင်လာလို့ ရှောင်ကျန့်က အန့်စီးဒန့်ဖြစ်ပြီး system ကမ္ဘာရောက်လာကာ ဘယ်လို mission တွေလုပ်ပြီး သူ့ကမ္ဘာကိုပြန်လာမလဲဆိုတဲ့ အကြောင်းကိုဖတ်ပေးကြပါအုံးလို့