part 5

855 70 0
                                    

ဝမ်မင်းကြီးနန်းဆောင်တွင်~~~

"အကိုလျှို့ပင်း ရှောင်သခင်လေးနဲ့ ကျိုးသခင်လေးအကြောင်းကို စုံစမ်းခိုင်းချင်တယ်"

"အကို စုံစမ်းလိုက်ပါမယ် ရိပေါ် ဒါနဲ့ကျိုးသခင်လေးက သခင်လေးလိုမျိုးနှုတ်ခမ်းအောက်မှာ မှဲ့ပါလို့ စုံစမ်းခိုင်းတာဆိုပေမဲ့ ရှောင်သခင်လေးကကြတော့"(ရိပေါ်နဲ့ လျှို့ပင်းက သူငယ်ချင်းလိုနေတာပါနော်)

"ပုဝါတပ်ထားလို့"

လျှို့ပင်း စကားမဆုံးခင် ဖြတ်ပြောလိုက်သောရိပေါ်

"......"

"ဟုတ်တယ် ပုဝါတပ်ထားလို့ ကျွန်တော်အသက်‌လေးငယ်ငယ်ကလည်း ပုဝါတပ်ထားတယ်လေ ပြီးတော့ရှောင်သခင်လေးမှာ
အသက်နဲ့တူတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေရှိတယ်"

"ဒါပေမဲ့ ရှောင်သခင်လေးက ရုပ်အရမ်းဆိုးလို့ ပုဝါတပ်ထားတယ်လို့ကြားတယ် ရိပေါ်"

"အဲ့တော့"

"အဲဒီတော့ တကယ်လို့ရှောင်သခင်လေးသာ အရင်တုန်းက သခင်လေးဆိုရင်....."

"ကျွန်တော် အသက်ကိုချစ်တာရုပ်ရည်ကြောင့်မဟုတ်ဘူး အကိုလျှို့ပင်း စိတ်ထားကြောင့် သူ့ရဲ့လှပတဲ့စိတ်ထားလေးကြောင့် တကယ်လို့ ရှောင်သခင်လေးသာအသက်ဖြစ်နေခဲ့ရင် သူဘယ်လောက်ရုပ်ဆိုးဆိုး ချစ်နေပေးမှာ"

"အင်းပါ ရိပေါ် အကိုကရှောင်သခင်လေးသာသခင်လေးဖြစ်နေရင် ဟူး မပြောတော့ဘူး ဒါပေမဲ့ ရှောင်သခင်လေးသာ သခင်လေးဆိုရင် ရိပေါ်သေချာဂရုစိုက်ပေးပါ အကို ကိုယ့်ကိုကယ်ပေးတဲ့လူ စိတ်မချမ်းသာတာကို မမြင်ချင်ဘူး ရိပေါ်နားလည်မယ်ထင်ပါတယ်"

"အကို ပြောချင်တာကို ကျွန်တော်နားလည်ပါတယ် စိတ်မပူပါနဲ့ ကျွန်တော်ကရုပ်ရည်ကြောင့် စိတ်ပြောင်းသွားမဲ့လူမျိုးမဟုတ်တာမို့"

"အင်းပါ ဒါတွေကစောပါသေးတယ် ဘယ်သူကသခင်လေးလည်း သိမှမသိရသေးတာကို ဒါဆို အကိုသွားစုံစမ်းလိုက်ပါအုံးမယ်"ဆိုကာ အရိုအသေပေးပြီးထွက်လာခဲ့တယ်

နန်းဆောင်ထဲကျန်ခဲ့တဲ့ဝမ်မင်းကြီးမှာလည်း

"သေချာတယ် မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ဘဲ"

ဝမ်မင်းကြီးရဲ့ အသက်ကလေးက အရမ်းတော်တယ်Where stories live. Discover now