မီးပုံးပွဲတော်နေ့
ရှောင်ကျန့်တစ်ယောက် သူ့သူငယ်ချင်းတွေ လာခေါ်မယ်အချိန်ကို အိမ်ရှေ့ကချယ်ရီပင်လေးအောက်မှာ စောင့်နေမိသည်။
သူတို့ ဒီနှစ်ရက်လုံး နန်းတော်ထဲဘဲနေပြီး လျှောက်ပတ်ကြည့်ခဲ့ကြသည်။
စီဟွားကတော့ ငယ်ငယ်က သူရောက်ဖူးတဲ့ထဲက နေရာကောင်းလေးတွေကို ခေါ်သွားလေ့ရှိသည်။
ပြီးတော့ နန်းတော်ထဲက နတ်နန်းမှာ သူတို့လေးယောက် ကတိသစ္စာဆိုပြီး ဆုတောင်းခဲ့ကြသေးသည်။
ဘာတွေသစ္စာဆိုပြီး ဆုတောင်းခဲ့သလည်း ဆိုတော့ အခုဆို ပြိုင်ပွဲဝင် 17 ယောက်ဘဲ ကျန်တော့သည်မလား။
သူတို့သူငယ်ချင်း အချင်းချင်း မပြိုင်ရဘူးလို့ အာမမခံနိုင်ဘူးလေ။အဲ့ဒါကြောင့် သူငယ်ချင်း အချင်းချင်းပြိုင်ခဲ့ရရင်တောင် အနိုင်အရှုံးကြောင့် သူငယ်ချင်း အချင်းချင်းစိတ်ဝမ်းမကွဲကြေး၊ မတိုက်ခိုက်ကြေး(တိုက်ခိုက်တာဆိုတာက ဒီနေရာ သူတို့ရဲ့မကောင်းတဲ့အတိတ်ကို ပြန်တူးဆွတာတို့၊ချောက်ချတာတို့ကို ပြောတာပါ)ဆိုပြီး နတ်နန်းအရှေ့မှာ တစ်ဦးကို တစ်ဦးသစ္စာဆိုပြီး ဤသစ္စာစကားမှန်ကန်ပါက တစ်သက်လုံး အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် နေထိုင်ရပါစေလို၏လို့ ဆုတောင်းခဲ့ကြ၏။
သူ(ရှောင်ကျန့်)နဲ့စီဟွားကတော့ အိမ်တော်ကိုလာရင်းနဲ့ အိမ်တော်ကနေဘဲ မီးပုံးပွဲတော်ကို သွားဖို့စောင့်နေလိုက်သည်။
ရန်ဟွားနဲ့ ချင်းရန်ကတော့ နန်းတော်ကနေပြင်ဆင်ပြီး စီဟွားကို ဝင်ခေါ်ကာ သူကိုလာကြိုမည်ဟု ပြောထားသောကြောင့် စောင့်နေခြင်း။(ချင်းရန်နဲ့ ရန်ဟွားက ဝမ်ရိပေါ်အုပ်ချုပ်တဲ့ မြို့ငယ်လေးတွေထဲက အိမ်တော်တွေကနေ လာတာပါနော် အဲ့တာကြောင့် နန်းတော်မှာဘဲ ပြင်ဆင်ကြမယ်ပြောတာပါ ရှေ့အပိုင်းမှာလဲပြောထားပါတယ် သူတို့က မင်းမြို့တော်ကမဟုတ်ဘဲ သာမန်မြို့လေးက လာတဲ့ အကြောင်းကိုလေ)
*ရှောင်ပိုင် စီဟွားတို့ လာပြီလား*
*host ရောက်တော့မှာပါ*
YOU ARE READING
ဝမ်မင်းကြီးရဲ့ အသက်ကလေးက အရမ်းတော်တယ်
Fanfictionဘာမှမဟုတ်ဘူး နန်းတွင်း fic ရေးချင်လာလို့ ရှောင်ကျန့်က အန့်စီးဒန့်ဖြစ်ပြီး system ကမ္ဘာရောက်လာကာ ဘယ်လို mission တွေလုပ်ပြီး သူ့ကမ္ဘာကိုပြန်လာမလဲဆိုတဲ့ အကြောင်းကိုဖတ်ပေးကြပါအုံးလို့