part 13

730 63 6
                                    

သာယာလှပသောမနက်ခင်းတစ်ခုတွင်

ဒေါက် ဒေါက် ဒေါက်

*မနက်စောစောစီးစီး အိပ်ရေးပျက်လိုက်တာကွာ ဘယ်သူလဲ ရှောင်ပိုင်*

*Host အားရုံပါ ပြီးတော့ စာတစ်စောင်နဲ့ပန်းချီကားတစ်ချက်ကို ဖွက်ပြီးယူလာတာပါ*

*ဖွက်ပြီး ယူလာတာကို မင်းကဘယ်လိုမြင်ရတာလည်း*

*ကျွန်တော်က system လေ မြင်ရတာပေါ့*

*ထားပါတော့*

"ဘယ်သူလဲ"

*အားရုံပါဆို host ကလည်း*

*တိတ်စမ်း သိလည်းပီပြင်အောင်မေးရတာပေါ့*

"အားရုံပါသခင်လေး"

"အားရုံလား ဝင်ခဲ့လေ"

"ဟုတ်ကဲ့ သခင်လေး"

သူမအခန်းထဲ ဝင်သွားတော့ သခင်လေးကအခုမှအိပ်ယာထတဲ့ပုံပင်။မျက်နှာမှာ ပုဝါတောင်မတပ်ရသေးဘူး။

ဟုတ်မှာပါလေ။ ညကမီးပုံးပွဲတော်ဘဲကို။အိပ်ယာဝင်‌တာနောက်ကျမှာပေါ့ ။ကိုယ်တောင်နောက်ကျသေးတာကို။

"အားရုံ အားရုံ"

သခင်လေးခေါ်သံကြောင့် သူမအတွေးစတို့ပျောက်သွားပြီး လက်ရှိအခြေအနေကိုပြန်ရောက်လာသည်

"ဟုတ် သခင်လေး"

"အားရုံ ကိစ္စရှိလို့လား"

"သခင်လေးစုံစမ်းခိုင်းထားတဲ့ ကိစ္စကို ဝမ်နင်က စုံစမ်းပြီးပါပြီးတဲ့ သခင်လေး ဒီမှာပါ"

အားရုံပေးတဲ့အရာကို ကြည့်လိုက်တော့ ခုဏက ရှောင်ပိုင်ပြောတဲ့ ပန်းချီကားချပ်လိပ်နဲ့စာလိပ်လေးတစ်ခု။

"အင်း"

သူ(ရှောင်ကျန့်)လည်း အားရုံလက်ထဲက ပစ္စည်းကိုယူလိုက်ပြီး

"အားရုံ ခဏနေ နန်းတော်ကိုသွားမယ်‌ ဝေါယာဉ်ပြင်ဆင်ထားလိုက်"

"ဟုတ်ကဲ့ သခင်လေး"

သူမလည်းပြောပြီး အခန်းပြင်သို့

ရှောင်ကျန့်တစ်ယောက် အားရုံပေးတဲ့ စာလိပ်ကို ဖတ်မလို့ပြင်လိုက်ချိန် အခန်းပြင်က ခေါ်သံကြောင့် စာလိပ်ကို အမြန်ဖွက်လိုက်ရတယ်။

ဝမ်မင်းကြီးရဲ့ အသက်ကလေးက အရမ်းတော်တယ်Where stories live. Discover now