part 14

751 63 2
                                    

နန်းတော်ထဲသူ(ရှောင်ကျန့်)ရောက်တော့ ဟော တွေ့ပါပြီ။သူ့သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ‌ချင်းရန်နဲ့ရန်ဟွား။ကြည့်ရတာ ကိုယ့်စောင့်နေတဲ့ပုံ။

"ဟဲ့ နင်ကလဲ နောက်ကျလိုက်တာဟာ ငါတို့ဒီမှာစောင့်နေတာ ကြာလှနေပြီ"

"Sorry ပါဟာ ငါအိပ်ရာထတာနည်းနည်းနောက်ကျသွားလို့ပါ ရန်ဟွားရယ်"

"အိပ်ရာထနောက်ကျတာက ထားပါတော့ ဒါနဲ့ရှေ့က စော်တီး ဘာဆိုလား အဲ့တာကဘာတုန်း"

"ချင်းရန်ကလည်း အဲ့တာက စော်တီးမဟုတ်ပါဘူး ‌sorry ပါဟ"

"‌အေးပါ ဒါနဲ့ အဲ့ sorry ကဘာကိုပြောတာတုန်း"

"အဲ့တာက ဒီလိုလေ ရန်ဟွားရဲ့ ငါအိပ်ရာထနောက်ကျလို့နင်တို့စောင့်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်လို့ပြောတာ"

"ဪ အဲ့တာဆို sorry ကတောင်းပန်ပါတယ်လို့‌ ပြောတာပေါ့နော် ရှောင်ကျန့်"

"အင်း ဟုတ်တယ် မင်းပြောတဲ့အတိုင်းဘဲ ချင်းရန် ဒါနဲ့ စီဟွားကမလာသေးဘူးလား"

"စီဟွားက ပြိုင်ပွဲနေ့မှ‌ဘဲစောစောလာမယ်လို့ပြောတယ် ဒါနဲ့ နင်ကဘာလို့ ဓားကြီးကိုင်လာတာလဲ ရှောင်ကျန့်"

"အေးလေ ရန်ဟွားပြောလည်းပြောချင်စရာဘဲ ဓားနဲ့ကောနဲ့က ဘယ်လိုမှမအပ်စပ်ဘူး ရှောင်ကျန့် ဘာလို့ဓားကြီးယူလာတာလဲ"

"ဒီတိုင်းငါသဘောကျလို့ပါ ရန်းဟွားနဲ့ ချင်းရန်ကလည်း ငါတို့အခန်းပြန်ရအောင်လေ ငါတို့ရပ်နေတာတော်တော်ကြာပြီ"

"အေး ဟုတ်သားဘဲ အခန်းထဲရောက်မှဆက်ပြောကြတာပေါ့ သွားမယ်လေ ရှောင်ကျန့်"သူ့(ရှောင်ကျန့်)စကားကို ချင်းရန်မှ ဝင်ဖြေသည်။

သူတို့သုံးယောက်လည်း စီဟွားမရှိတာနဲ့ နန်းတော်ထဲ ဘယ်သွားရမှန်းမသိတာကြောင့် အိပ်လိုက်၊စားလိုက်‌၊သောက်လိုက်နဲ့ ပြိုင်ပွဲရက်ကိုတောင်‌ ရောက်လာခဲ့ပြီ။

ဒီကြားထဲ စုန့်သခင်ကြီးကသူ့သားအတွက် မင်းကြီးဆီ မင်္ဂလာဆောင်ခွင့်ပြုမိန့် လာတောင်းတယ်လို့ကြားရသေးတယ်။သေချာပေါက် စုန့်သခင်လေးစုန့်ကျိရန်နဲ့ သူ့အမရဲ့ မင်္ဂဆောင်ပေါ့။

ဝမ်မင်းကြီးရဲ့ အသက်ကလေးက အရမ်းတော်တယ်Where stories live. Discover now