1.3K 125 8
                                    

ရှုံးနိမ့်ပီးသား လူတစ်ယောက်ကို ဘာကြောင့် ကံကြမ္မာက အကြိမ်ကြိမ် ရှုံးနိမ့်စေချင်ရတာလဲ...
Loraရဲ့ အောင်နိုင်သူအပြုံးဟာ သူ့ရင်ဘက်ကို မြှားချွန်ချွန်တွေနဲ့ ထိုးစိုက်နေသလို...
Lora ကတော့ ပန်းစည်းကိုင်ကာ ရပ်စောင့်နေတဲ့ ကိုကို့ဆီကို အပြေးလေးသွားလျက်...
ဂျီကတော့ ထိုနေရာမှာ ကျောက်ရုပ်တစ်ရုပ်သဖွယ် လှုပ်ရှားမှုပင် မပြုလုပ်နိုင်တော့...ကျန်တဲ့အရာတွေမှာ ဂျီခံနိုင်ရည်ရှိပေမယ့် ကိုကိုနဲ့ ပတ်သတ်ရင် ဂျီဟာ အသက်မဲ့သူလို အသိစိတ်လွတ်သွားတတ်တာ ဟိုးငယ်ငယ်ကထဲကပင်...
ခနနေတော့ Lora က ကိုကို့လက်အား ဆွဲရင်း လမ်းလျှောက်လာကာ ကိုကို ပေးထားတဲ့ ပန်းစီးလေးအား မွှေးကြည့်ရင်း...

"ကိုကိုက အလိုက်သိလိုက်တာကွာ..ဒါကြောင့် ကိုကို့ကို Lora က ..."

Loraeဆက်မပြောတော့ဘဲ ဂျီမင်နဲ့ မလှမ်းမကမ်းနေရာတွင် ခြေစုံရပ်လိုက်တာ ဂျီမင့်အခြေအနေကို လှမ်းရှိုးလိုက်သည်....

ကောင်းတယ် ခံစားလိုက်စမ်း ပတ်ဂျီမင်...နင်ဘယ်တော့မှ ငါ့ထက် သာနိုင်မှာ မဟုတ်ဖူးဆို နင်သိရမယ်...

"ဘာဖြစ်လဲ ဆက်ပြောလေကွာ.."

ဂျောင်ကု ကလေးလေးလို အပြုံးလေးတွေနဲ့ ပြောနေတဲ့ သူသိပ်ချစ်တဲ့ မိန်းကလေးအား ကြည်နူးစွာ ကြည့်နေမိသည်...

"လာခဲ့ ခေါင်းငုံ့...Lora တိုးတိုးလေး ပြောပြမယ်"

ကိုကို့ခေါင်းနားလေး ခြေဖျားထောက်လိုက်ကာ...

"ကိုကို့ကို အရင်ကထက် ပိုပီး စိတ်၀င်စားလာပီ ဟီး..."

"အာ ဒီကလေးကကွာ ကိုကို့ကို အရမ်းချစ်တယ်လို့များ ပြောတော့မှာလားလို့"

"ကိုကို ဆက်ကြိုးသားလေလို့..."

"ဟုတ်ပါပီကွာ...ဟား ဟား"

ဂျီ မလှမး်မကမ်းက သူတို့နှစ်ယောက်ရဲ့ အသံတွေကို မသိစိတ်က နားစွင့်ကာ နားထောင်နေမိသည်...ထို့နောက် Loraဟာ ခြေဖျားထောက်ကာ ကိုကို့ပါးအား နမ်းလိုက်လေသလား မသိ...သူ ကျလုဆဲဆဲ မျက်ရည်များဖြင့် မခံစားနိုင်စွာ လှည့်ထွက်လာခဲ့သည်...ပြုံးပျော်နေတဲ့ ကိုကို့မျက်နှာဟာ ဂျီ့ရင်ကို အစိမ်းလိုက် ဓားနဲ့ ခွဲလိုက်သလိုပင်...

Ko Ko(Completed)Where stories live. Discover now