①⑥

2.1K 143 30
                                    

အောင်နိုင်ခြင်းရဲ့ အရသာက ချိုမြိန်လိုက်တာ.. လတ်ဆက်တဲ့ သစ်သီးတလုံးကို ဝါးမြိုလိုက်ရသလိုပဲ..

ဟား..

"သမီး ဘာတွေသဘောကျနေတာလဲ.. တယောက်ထဲလဲ ပြုံးလို့.."

"ဟီး ဘာမှ မဟုတ်ပါဘူး ဖေဖေရဲ့ ပျော်စရာလေးနဲနဲရှိလို့ပါ..."

"ပျော်စရာဆို ဖေဖေ့ကို လဲ လက်တို့ပါအုံး..  ဝမ်းနည်းစရာဆိုရင်တော့ ဝေးဝေးကရှောင်ပေါ့.."

"ဖေဖေ loraလေ ကိုယ်လိုချင်တာ ရရင် အရမ်းပျော်တာပဲ အတိုင်းမသိကို ပျော်ရွှင်မိတယ်.."

Loraခေါင်းလေးကို ပုတ်ပီး
"ဟုတ်ပါပီ သမီးရဲ့ လိုချင်တာရရင် မပျော်တဲ့သူ ဘယ်မှာရှိလို့လဲ.."

"ဟုတ်တယ်..မရခင်တောင် loraဒီလောက်ပျော်ဆာ... လိုချင်တာ တကယ်ရလာတဲ့ တနေ့ကျရင် ဆယ်ဆလောက် ပျော်ရွှင်မိမယ်ထင်တယ်."

Mr.Lee သမီးဘယ်ခြေလှမ်းတွေ လှမ်းနေတယ်ဆိုတာ သိတာပေါ့..သမီးနောက်မှာ လိုက်လံစောင့်ကြည့်ခိုင်းထားတဲ့ မျက်လုံးတွေက အများသားကို..

"သမီး အခုအပျော်တွေကို လက်ခံထားသလို လိုချင်တာ မရတဲ့ တနေ့ကျရင်လဲ ကြေကွဲမှုတွေကို သမီးလက်ခံနိုင်ရမယ်. ."

"ဟာ ဖေဖေကလဲ loraရဲ့ သမိုင်းမှာ အရှုံးဆိုတာ မရှိခဲ့ဘူး.. နောက်ထပ်လဲရှိမလာနိုင်ဘူး..ဖေဖေ သမီးသွားအိပ်တော့မယ်.."

ပြောချင်တာ ပြောပြီးလှဲ့ထွက်သွားတဲ့ သမီးကို ကြည့်ပြီး သူ ရတပ်မအေးနိုင်..

အခု သမီးအတင်းဝင်တိုးနေတဲ့ လှပ စွဲမက်ဖွယ် ပန်းခင်းကြီးက နောင်တချိန်မှာ အဆူးတွေ ဝန်းရံလာနိုင်တယ်..အမှန်တရားဆိုတာကို မျက်စိဒေါက်ထောက် ရှာဖွေနေတဲ့ သတ်ကွင်းကြီးထဲကနေ ဖေဖေတို့ လွတ်မြောက်နိုင်ပါ့မလား...

အတိတ်တွေကို ပြန်အစမဖော်ချင်သေး.. ရှောင်ပုန်းလို့ရသမျှ အတ္တကြီးစွာ ရှောင်ပုန်းနေပါရစေအုံး.

^^^^^^^^^^^^^^^^^^^^^^^^^^

ဂျောင်ဂု နာရီကို ကြည့်နေမိတာ ဘယ်နှကြိမ်မြောက်မှန်းမသိ..

လူးလှိမ့်နေခဲ့မိတာ အိပ်ယာတွေတောင် တွန့်ကျေနေပီ..
အေးစိမ့်စိမ့် အဲကွန်းက သူ့ရင်ထဲက အပူတွေကို မညှိမ်းသက်နိုင်... ညိမ့်ညောင်းညောင်းထွက်ပေါ်နေတဲ့ သံစဉ်တွေက သူ့မျက်ဝန်းတွေမှေးစက်ဖို့အထိ မစွမ်းဆောင်နိုင်... ညရဲ့အမှောင်ထုက သူ့မျက်လုံးအိမ်တွေကို ပိုကျယ်လာစေသယောင်..

Ko Ko(Completed)Where stories live. Discover now