①④

1.5K 145 13
                                    

အိမ်မက်ဆိုးတွေက ထိတ်လန့်မှုတွေ ဖြစ်စေတယ်ဆိုရင် သူ့အတွက် ညစဉ်ညတိုင်းက မလှပနိုင်ခဲ့..

"မာမီ မာမီ သား ကိုမထားခဲ့ပါနဲ့ ........မာမီ မရှိပဲ သား ဘယ်လိုနေရမှာလဲ..မာမီ  သားမာမီနဲ့လိုက်ချင်တယ် သားကိုခေါ်သွားပါ..မာမီရယ်...."

ကားတစ်စီးလုံး ၀င်တိုက်ပီး လွင့်ထွက်သွားတဲ့ မာမီ့ သွေးအလိမ်းလိမ်းနဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ပီး ငိုနေတဲ့ ကောင်လေး တစ်ယောက်....

"မာမီ ပြန်လာခဲ့ပါ သား တစ်ယောက်ထဲမထားခဲ့ပါနဲ့........ဟီး ဟီး ဟီး.....ဒယ်ဒီ မာမီ့ကို ပြန်ခေါ်ပေး.. သား မာမီကို ပြန်ခေါ်ပေး.."

မျက်ရည်တွေ အဆက်မပြတ် ကျဆင်းကာ ငိုနေရင်း ကောင်လေးရဲ့ ခန္တာကိုယ်လေးက သေဆုံးနေသူရဲ့ဘေးကို တအိအိ လဲပြိုလို့သွားခဲ့တယ်..

အော်ဟစ်ကာ လန့်ဖြန့်ပြီး နိုးလာတော့ ပစ္စုပ္ပန်က သူ့မျက်နှာထပ်မှာ မျက်ရည်တွေ..

ကျွန်တော့်အတွက်တော့ အဖြစ်အပျက်တွေက မနေ့တနေ့ကအတိုင်းပဲ.. အဲ့နေ့ကဖြစ်ပျက်သွားခဲ့တဲ့ကိစ္စမှာ တရားခံက ပတ်ဂျီမင်ပါလို့ စွဲမှတ်သွားခဲ့တာ မျက်မြင်သက်သေ Loraရဲ့ ပြောကြားချက်ကြောင့်....

အဲ့တာတွေကြောင့် မင်းကို မုန်းတာ ပတ်ဂျီမင်.....မာမီ့ကို လူ့လောကထဲက စောစီးစွာ ထွက်ခွာသွားအောင်လုပ်တဲ့ မင်းကို နာကျဉ်းတယ်.. ငါ့ရဲ့ ညတွေကို ပျက်ဆီးအောင် အကျီးတန်အောင်လုပ်တဲ့ မင်းကို လက်စားချေ အနိုင်ယူ ပစ်ချင်တယ်...
မင်းက အခုမှစိတ်ဆင်းရဲရတာ ကိုယ်က ၁၃နှစ်တာ ကာလပတ်လုံး စိတ်ဆင်းရဲနေခဲ့တာ.. ဘာတွေပဲဖြစ်ဖြစ် ဘယ်သူတွေဘာပဲပြောပြော ဘယ်လိုဘဲ ငါ့ကို လူယုတ်မာလို့ ထင်ထင်  ကိုယ်ကတော့ အခုလုပ်နေတာတွေက တရားတယ် မျှတတယ်လို့ ထင်တယ် ပတ်ဂျီမင်......

သူတို့နှစ်ယောက်ရဲ့ကြားမှာ မှားယွင်းနေခဲ့တဲ့ အမှန်တရားတခု ရှိနေတာကို မသိခဲ့ခြင်းကို ဘယ်သူ့အပေါ်ကို အပစ်ပုံရလေမလဲ...

^^^^^^^^^^^^^^^^^^^^^^^^^^^

Loraခေါင်းတွေကို ခါထုတ် ခါယမ်းပလိုက်တာ အကြမ်းပတမ်း.....အာရုံထဲမှာ ပေါ်နေတာက  နေ့လည်က ကိုကိုနဲ့ ပတ်ဂျီမင်ရဲ့  ကြည်နူးနေကြတဲ့ မြင်ကွင်း..

Ko Ko(Completed)Where stories live. Discover now