①⑤

1.7K 134 19
                                    


ရင်မှာ လစ်ဟာနေမှုက ဒီနေ့အဖို့ အဝင်ကော မရှိတဲ့ ဖုန်းလေး ကြောင့်လား...

ဖြစ်ကောင်းဖြစ်နိုင်ပါတယ်.. ဂျီ့အတွက် ဒီနေ့ည အမိန့်ဆန်ဆန် စကားသံတွေကို မကြားရလို့ထင်တယ် အိပ်မပျော်သေး...

ဒီနေ့ ကြည်နူးစွာ နမ်းရှိုက်နေတဲ့ စုံတွဲတစ်တွဲရဲ့ ဓာတ်ပုံကို မြင်ပြီး ရင်ဘက်တစ်ခုလုံး စုတ်ပြတ်သက်အောင် နာကျင်ရပါတယ်.. ဒါဟာ  ဂျီကိုယ်တိုင်တစ်ဖက်သက်အချစ်ဆိုတဲ့ အရာနဲ့ ကိုယ့်နာကျင်မှာကို ကိုယ်၀ယ်ယူနေသလိုဘဲဖြစ်နေသလား....

ပြက္ခဒိန် တခုလို နေ့စွဲတွေ အစီအရီနဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ ခံစားချက်တွေ ဖွင့်ပြောချင်တဲ့ စကားတွေနဲ့ ဘယ်လောက်အထိ ချစ်ပီး သံယောဇဉ်တွေ အမြစ်တွယ်နေပါတယ် ဆိုတဲ့အကြောင်းတွေ ရေးမှတ်ထားတာ အခုဆိုရင် ဝတ္ထုတပုဒ်လိုတောင် ဖြစ်လို့နေပီ..

သိတတ်စ အရွယ်ထဲက ခံစားရတဲဘ အရာမှန်သမျှကို ဒီစာအုပ်လေးထဲမှာဘဲ ရင်ဖွင့်နေကြမလား.....

^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ကိုယ်ကိုယ်တိုင်အသံဆိုးကြီးလို့ နာမည်တပ်ထားပီး နောက်ကွယ်က တိတ်တစိတ် မြတ်နိုးနေတဲ့ အသံသာသာလေးကို မကြားရတော့ သူ့ရဲ့မျက်လုံးတွေကို ညင်သာစွာ မှိတ်ပြီး အနားမယူနိုင်...
မတွေ့ရပါဘဲနဲ့ အခုချိန်ထိမြင်နေတဲ့ ပုံရိပ်တွေက ဘာတွေလဲ.. ကိုယ့်ကို လှည့်စားဖို့အတွက် မင်းဗျူဟာတွေနဲ့ ဖန်တီးလိုက်တဲ့ ဝိညာဉ်အပိုင်းအစတွေလား..

မင်းအဲ့လိုဖန်တီးထားတာဆို မင်းသိပ်ညံ့ဖျင်းလွန်းသွားပြီ ပတ်ဂျီမင် မင်းကို ငါမြင်နေရသရွေ့ နှိပ်စက်နေအုံးမယ်ဆိုတာ မင်းမသိဝူးလား.....

မဲ့ပြုံးတချက်နဲ့အတူ သူကောက်ကိုင်လာတာ သူ့ဖုန်း‌ေလးကို... ခဏကြာတော့ အထွက်ကော တခု စေလွှတ်လိုက်မိတယ် ေပါက်စဆီ...

တင်းခံထားတဲ့ စိတ်တွေ ယိုင်နဲ့သွားအောင် လုပ်လိုက်တာက ဖုန်း.. ဟုတ်တယ် ဒီဖုန်းနဲ့ ဒီလက်တွေ..
အပြစ်ပေးရမယ်.. အတွေးဆုံးတာနဲ့ အနာဟောင်းတွေနဲ့ ပတ်တီးဖြူဖြူ စီးထားတဲ့ လက်ကို လေပေါ်မှာမြှောက်ပြီး ခုတင်စောင်းပေါ် ထိုးစိုက်ဖို့ ပြင်လိုက်တယ်..

Ko Ko(Completed)Where stories live. Discover now