အပိုင်း၂

94 16 4
                                    

#ပထမဆုံးအနေနဲ့ပြောဖို့မေ့ကျန်ခဲ့တာလေးကဂျောင်ဝွန်းရဲ့ ညီမလေးနေရာသည် 2wooz shipperလေးတွေကို ကိုယ်စားပြုတာပါနော်#

ပီစာစားနေရင်နဲ့ ညာဘက်မျက်ခမ်းစပ် လှုပ်လာတာကြောင့် တစ်ခုခုဖြစ်တော့မယ် ထင်တာကြောင့် အရှေ့မှာရှိတဲ့ Takuto ကိုကြည့်လိုက်တော့ ပါးကြီးဖောင်းကားနေအောင် မုန့်စားနေတယ်။ တက္ကသိုလ်သာတက်တော့မယ် အခုထိကလေးလေးကျနေတာပဲ ။ အဲ့တာကြောင့် မီခြယ်က ပေါက်စီလေးလို့ခေါ်နေတာ
ဒုန်း
“အမလေး “
နဂိုကတည်းက ကိုယ့်ကိုမခေါ်လို့ စိတ်တိုတိုနဲ့ လာတာ ဆိုင်ထဲဝင်တော့ အမောပါဆို့တယ်။ ကိုယ့်သားလေးတွေကို မြေခွေးမတွေက သရေတများများနဲ့ကြည့်နေတာ။ ဟို၂ယောက်ကလည်း မိုးမမြင်လေမမြင် ကိုယ်အန္တရာယ်ကိုမသိ အစားငမ်းနေတာ။ခပ်မြန်မြန်သွားပြီ ခုံကိုထုလိုက်တော့ ၂ယောက်သားပြိုင်တူအော်ပြီး ကိုယ့်ကိုကြည့်နေတဲ့ ပုံလေးတွေက ပိုဒေါသထွက်စေတယ်။ တအားတွေချစ်ဖို့ကောင်းလွန်းလို့
“သားလေးတို့ရေ”
“ မမမီခြယ် ဘယ်ကနေဘယ်လို “
“ အော်ဒါကလား ပေါက်စီလေးရယ် မမက မင်းတို့ရဲ့အစ်မလေ ကိုယ့်သားလေးတွေ အန္တရာယ်ကျရောက်တော့မယ်ဆို အလိုလိုသိနေတယ်လေ”
ပြောနေရင်း သားတွေကို သားရေတများများနဲ့ကြည့်နေတဲ့ သူ‌တွေကိုမျက်လုံးပြူးပြရသေးတယ်။ ဒါတောင် သူတို့က တော်ရုံနဲ့ မျက်နှာမလွဲဘူး။ ဒါပေမဲ့လည်း ကိုယ်က တမိုးအောက် ယွန်ဂျောင်ဝူးရဲ့ ညီမ ယွန်မီခြယ်လေ မူလတန်းထဲက အဲ့ အန္တရာယ်တွေကို ကာကွယ်ပေးလာတာ ဒီလောက်ကတော့အေးဆေး
“ ဘယ်အန္တရာယ်လဲဟင်မမ “
“ အော် အဲ့တာကလေ ပေါက်စီလေးသိဖို့ ငယ်သေးတယ်”
Takuto ရဲ့ ပါးဖောင်းဖောင်းလေးကို ဖျစ်ပြီး ပြောနေတဲ့ မီခြယ်က ခုနကဟိုအစ်မတွေကို ကြည့်နေတဲ့ မီခြယ်မှဟုတ်ရဲ့လား သူအဲ့လိုတွေလုပ်နေလို့ အခုထိကိုယ်တေွရည်းစားမထားရသေးတာ။ အမြဲတမ်း ကန့်လန့်ကန့်လန့်နဲ့
“ ဟေး မီခြယ် ငါတို့က လပိုင်းပဲကွာတာနော်”
“ လပိုင်းပဲကွာကွာ နှစ်ပိုင်းပဲကွာကွာ ငါက နင်တို့ထက်ကြီးတယ်Yujin ။ ဒါနဲ့ ဒါပြီးရင် ဘယ်သွားစရာရှိကြလဲ”
“ မရှိဘူး မမ”
“ရှိတယ် “
“ ကို မက်မွန်းသီးကတော့ စညာပါပြီ”
“ မဟုတ်ဘူး အတည်ပြောတာ Takutoလေးမေ့သွ့ားတာ ဟုတ်တယ်မလား”
Takutoကိုမျက်နှာရိပ် မျက်နှာခြေပြသော်လည်း ဟိုက မျက်လုံးလေးအပြူးသားနဲ့ပြန်ကြည့်လာတယ်။စိတ်‌လည်း‌ေလပါသည် အရိပ်ပြရင်အကောင်မမြင်တဲ့သူနဲ့တော့။
“ ကဲ ကဲ ဘာမှလာမပြောတော့နဲ့ ဒါပြီးရင်ငါ့နောက်လိုက်ခဲ့ ကြ။”
သွားပါပြီ
“ဒါနဲ့လေ မမမီခြယ် ဘယ်ကိုသွားမှာလဲဟင်”
“ မမရဲ့ အသဲအသက်လေး ကင်ဂျီဝွန်းဆီကိုပေါ့”
ထင်တယ်။အစ်ကို ဂျောင်ဝွန်းဆီမှာ အဲ့တစ်ယောက်ကြောင့် ခဏခဏ အဆူခံရတာတောင်အဲ့တစ်ယောက်ဆီသွားပြန်ပြီ ။ ကင်ဂျီဝွန်းရေ မြန်မြန်လေး ရည်းစာရပါတော့။ အဲ့ဒါမှမီခြယ်လည်းရည်းစားထားပြီး ခြေငြိမ်မှာ
.......................................
နောက်နေ့
“ဟာ လေယာဥ်ကလည်းမဆိုက်သေးဘူးလား”
“ဘာလဲ ကင်ဂျီဝွန်းဆိုတဲ့လူဆီသွားချင်ပြန်ပြီလား”
“ ဟုတ်ပါဘူး ကိုကြီးကလည်း အဲ့လိုဟုတ်ပါ သမီးက ကိုလေးကိုမျှော်နေတာပါ”
“ဟုတ်လို့လား”
“ ဟုတ်တာမှ ဟုတ် ဟုတ် ဟုတ် လို့တောင်မြည်နေသေးတယ်။ ဒါနဲ့လေ ကိုယ်ကြီးက ဂျီဝွန်းလေးကိုအပြင်မှာမမြင်ဖူးသေးပဲနဲ့ ဘာတွေအဲ့လောက် ဖြစ်နေတာလဲဟင်”
“ အပြင်မှာမမြင်ဖူးပေမဲ့ ဖုန်းထဲမှာမမြင်ချင်အဆုံးလာလာပြနေတာလေ”
“ ဂျီဝွန်းလေးကချောပါတယ် “
“ မျောက်လောင်းလေး “
“ ဟာ ကိုလေး”
“ ဘယ်ချိန် ရောက်”
“ ကျွန်တော် ကိုတောင် မမြင်ပဲ ၂ယောက်သားဘာတွေငြင်း”
“ ကင်ဂျီဝွန်းဆိုတဲ့ တစ်ယောက်ပဲပေါ့”
‘ ဟား ဟား ဟား ထင်တယ်”
“ ကိုလေး သမီးအတွက်ဘာပါလဲ”
“ ဟော အစ်ကိုဖြစ်သူကို အဆင်ပြေလားအရင်မမေးဘူး “
“ ကိုလေးကလည်း အဆင်ပြေလား”
“ တွေ့လား”
“ အဲ့တစ်ယောက်ကိုမနိုင်ဘူး ငါတော့”
“ ကျွန်ဝောာ်လည်းနိုင်မဲ့ပုံမပေါဘူး ဒါနဲ့ကိုကြီး ပွဲက မနက်ဖြန်နော်”
“ ဟုတ်တယ်”
“ ဘာပွဲလဲဟင်”
“ ဘာမှမဟုတ်ဘူး”
“ ပြောပြပါဆို”
“ ဦလေးဟန်ရဲ့ ကုမ္ပဏီနှစ်ပတ်လည် လိုက်မလို့လား”
“ မလိုက်ပါဘူး”
ဒီကောင်မလေးကို ကုမ္ပဏီနာမည်မပြောမှ မဟုတ်ရင် လိုက်လာမှာသူ့ရဲ့ အချစ်တော်ကြီးလာမှာဆိုပြီးတော့။
...............................
“  လာပေးလို့ကျေးဇူးပါ”
“မဟုတ်တာ ဦးလေးကလည်း လာရမှာပေါ့”
“ Seung Eonလည်း ပါလာတာလား မီခြယ်ကော”
“သူကပါမလာဘူး ”
"မင်္ဂလာပါ ဦးလေးဟန်"
“ အော်အေး မင်ဂလာပါကွယ် ထိုင်ကြအုန်းနော် ဦးလေးလည်း တစ်ခြားဆီသွားလိုက်အုန်းမယ်”
“ဟုတ်ကဲ့”
ထိုင်နေလို့တအောင့်ပဲရှိ‌သေးတယ်ခီတာတို့ရောက်လာသည်။
“ ဂျောင်ဝွန်း မင်းညီမပါမလာပါလားဟ”
“  အွန်း မပါလာဘူး ခီတာ”
“ ကင်ဂျီဝွန်း ဒီနေ့ဖျော်ဖြေမှာလေ “
“ သိတယ်ဟန်ဘင်း တမင်မပြောပဲ ချန်ခဲ့လို့ မပါလာတာ။ ဒါနဲ့ ပတ်ကြီးကော”
“ အင်း သူအဖော်နဲ့လာမယ်ဆိုပဲ”
“အဲ့တာကြောင့်ကို”
“ ဒီနေ့ ကင်ဂျီဝွန်ကိုကမ်းလှမ်းကြရအောင် “
“ မသိသေးဘူး”
“ ကိုကြီး ဟိုမှာ မျောက်လောင်းလေးမဟုတ်ဘူးလား”
Seung Eonလေး ပြတဲ့ ဘက်ကိုကြည့်မိတော့ ပတ်ဟန်ဘင်းနဲ့  အတူတူပါလာတဲ့ ကောင်မလေးက သူတို့ဘက်ကိုဒေါသတကြီးနဲ့လှမ်းကြည့်နေတာကိုတွေ့တယ်။ ကောင်မလေးကတော့တစ်ခြားသူမဟုတ်ပဲ ကိုယ်တွေရဲ့မနိုင်စိန် ယွန်မီခြယ် ဖြစ်နေတယ် ။ အဲ့ပတ်ကြီးကိုစိတ်တိုလိုက်တာ တကယ်ထဲ မသိအောင်လုပ်ပါတယ်ဆိုနေမှ မပါပါအောင်ခေါ်လာတယ်။
“ ကိုကြီးတို့များနော် ညီမလေးတစ်ယောက်တည်းရှိတာတောင်ပျော်အောင်မထားဘူး။ သမီးသတင်းရတယ်နော် နောက်ထုတ်ကုန်အတွက် ဂျီဝွန်းလေးကိုလျာထားတာ ကိုကြီးကလက်မခံဘူးဆိုတာ😏”
“ ပတ်ကြီး ပြောတာလား😠”
“ငါမပြောဘူး ဟျောင့်”
“ သူများတွေကို လျှောက်ပြောမနေနဲ့ အမှန်တရားက ဘယ်တုန်းကမှ ဖုံးကွယ်လို့မရဘူး😏”
“ ဟုတ်ပါပြီဗျ ကျွန်တော်မျိုးမှားပါတယ်နော် ခွင့်လွှတ်ပေးပါ သခင်မ မျောက်လောင်းလေး”
“ သမီး ဂျီဝွန်းလေးကို ဒီနေ့ကမ်းလှမ်းမယ် ဒါပဲ မဟုတ်ရင် တော့ စိတ်ဆိုးပြီပဲ😏”
“ဟုတ်ကဲ့ပါဗျ”
သူ့အကြိုက်ကိုလိုက်ပေးရမှ မဟုတ်ရင် ကောက်လိုက်မဲ့ အဖြစ် ငယ်ငယ်တုန်းကတောင် သူ့အကြိုက်မလိုက်မိတာ ၁လကျော်ထိစကားမပြောဘူး
ခီတာနဲ့ ၂ဟန်ဘင်းတို့ကတော့ပြုံးစိစိဖြင့်။ အားလုံးအတွေးကိုယ်စီဖြင့် ငြိမ်သက်နေတုန်း
ပွဲကစတင်လေသည်။ ဦးလေးဟန်ရဲ့  ကျေးဇူးတင်စကားပြောပြီးသည်နှင့် သာယာသောသီချင်းသံနှင့်အတူ ချောမောသည့်အမျိုးသားတစ်ဦးပေါ်ထွက်လာသည်။
“ တွေ့လားကိုကြီး သမီးရဲ့ဂျီဝွန်းလေးဘယ်လောက်ချောလဲဆိုတာ”
“အွန်း”
ယောင်ယောင်အမှားမှားနဲ့ အွန်းချမိသည်။ ဒါပေမဲ့လည်း ကင်ဂျီဝွန်းဆိုသည့် တစ်ယောက်သည် တော်တော်လေးချောတဲ့အထဲမှာပါ၏။ ခပ်ဖြောင့်ဖြောင့်မျက်ခုံး၊ ပန်းတွေနဲ့ပြည့်နက်နေသည့် သမင်မျက်လုံး၊ အသဲပုံစံ နှုတ်ခမ်းလေး။ ခဏ ငါဘာတွေတွေးနေမိတာလဲ ယွန်ဂျောင်ဝွန်း မင်း ယွန်မီခြယ် ဓာတ်ကူးသွားတာလား။ ကိုယ့်ကိုကို သတိပေးရင်း စင်ပေါ်ကိုပြန်မော့ကြည့်တဲ့အချိန် ကင်ဂျီဝွန်းဆိုသည့်တစ်ယောက်နှင့်မျက်လုံးခြင်းဆုံးမိသည့် စက္ကန့်ပိုင်းလောက်မှာ ရင်ထဲ ခါချဥ်လေးတွေပြေးသွားတာလားမသိဘူး။ ချက်ချင်းအကြည့်လွဲလိုက်မိတယ်။ ဒါပေမဲ့မကြည့်ပဲနဲ့ မနေနိုင်လို့ ထပ်ကြည့်မိတော့ သူကပြုံးပြနေတယ် သူ့မျက်လုံးရဲ့သွားရာကိုကြည့်တော့ ဘေးမှာရှိတဲ့ ညီမလေးဆီ။ဘာမှန်းမသိတဲ့ ခံစားချက်ကြီးကို ခံစားမိတယ်။
....
စင်ပေါ်မှာ သီချင်းစဆိုဆိုချင်းမျက်လုံးထဲ မှာမြင်မိတဲ့သူက suit အပြည့်ကိုဝတ်ဆင်ထားတဲ့ အမျိုးသားငယ်တစ်ယောက်။ သူ့ရဲ့ မင်သေသေမျက်လုံးက လူတစ်ယောက်ပေါ် တော်တော်လေးအောဇာပြည့်ဝမယ်လို့ထင်တယ်။ ကျားတစ်ကောင်လိုရုပ်ရည်ရှိပေမဲ့ ကိုယ့်အတွက်တော့ကြောင်ပေါက်လေးလိုချစ်ဖို့ကောင်းနေတယ်။ သူနဲ့မျက်လုံးလေးစုံမိတဲ့အချိန်က ကျွန်တော့နှလုံးသားလေးကို။ ဘေးကိုကြည့်မိတော့ မီယောင်း။ မီခြယ်ကပြုံးပြနေတာတွေ့လို့ ပြန်ပြောပြမိတာ ကျွန်တော့ရဲ့ကြောင်ပေါက်လေးက ဂျေဝင်နေတဲ့ ၇ုပ်နဲ့ ။ ဘာလဲ သူတို့၂ယောက်က။အတွေးတွေ နဲ့တစ်ယောက်တည်းအလုပ်ရှုပ်နေတုန်း ကိုယ်ရဲ့နာမည်ခေါ်သံကြောင့် ကြည့်မိလိုက်တော့
“ဂျီဝွန်းရှီး”
“ ညီမလေး ဘယ်လိုလုပ်”
“ ဒီတစ်ခေါက်တော့ ကိုကြီးကျေးဇူးကြောင့်လေ ဟဲဟဲ”
“ ဘာကိစ္စလဲ လက်မှတ်ပဲလား “
“လက်မှတ်ကမနက်တုန်းကတောင်းပြီးပြီ ဆိုတော့ မလိုတော့ဘူး အခုဟာက လာပြီးတော့ ဖိတ်တာ”
“ ဘာကိုဖိတ်”
“ 2wooz ကုမ္ပဏီကို  လာလည်ပါအုန်းလို့”
“ ဘာလဲ ညီမလေးက အဲ့မှာ လုပ်တာလား”
“ အမ် အဲ့လိုပြောရမလားဆိုတော့ လည်းမဟုတ်ပြန်ဘူး အစ်ကိုကြီးလုပ်တာအဲ့မှာက”
“ အော် ဒါပေမဲ့ အခုတလောတော့မအားသေးဘူး scheduleပြည့်နေတယ်။ ဒါပေမဲ့ နောက်အပတ် ကြာသပတေးလောက်ကျရင်တော့ ၁နာရီလောက်အားတယ် မနက်၁၀နာရီကနေ ၁၁ထိ”
“ ဝါး ကို့ယ်အချိန်တွေအကုန်မှတ်မိတာကောင်းလိုက်တာသမီးဆိုရင် အကုန်မေ့”
“ အစ်ကို့ဆီမှာ လက်မှတ်တောင်းဖို့တော့မမေ့ဘူးမလား”
“ဟဲ ဟဲ”
စကားပြောနေရင်း နားနေခန်းထဲကို ဝင်လာတဲ့လူတစ်ယောက်။  ကြည့်လိုက်မိတော့ ကြောင်ပေါက်လေး။
အစ်ကိုဖြစ်သူနဲ့ ရှိနေရင်း လစ်ခနဲပျောက်သွားလို့ စိတ်ပူမိတာ ထင်နဲ့အတိုင်းပဲ။ကင်ဂျီဝွန်းဆီရောက်နေတာကို။ ညီမလေးနဲ့ အဲ့တစ်ယောက်စကားပြောနေတာကိုကြည့်ရင် ရင်ထဲမှာအမျိုးအမည်မသိတဲ့ခံစားချက်ကြီး ထပ်ဖြစ်လာပြန်ပြီ မြန်မြန်ခေါင်းထဲက ရှင်းထုတ်ပြီး နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ 2wooz ကုမ္ပဏီက ဥက္ကဌ ယွန်ဂျောင်ဝွန်းပါ”
နှုတ်ဆက်လိုက်သည်နှင်အတူ ကမ်းလှမ်းလာတဲ့ ခဲရောင်ကဒ်ကလေးတစ်ခုနဲ့အတူ သွယ်လျတဲ့ လက်ကလေး
“  ဟုတ်ကဲ့ မင်္ဂလာပါ ကင်ဂျီဝွန်းပါ”
“ ကျွန်တော်တို့ နောက်လုပ်မဲ့ product အတွက် ကြော်ငြာလေးမှာ ကင်ဂျီဝွန်းကို ကမ်းလှမ်းချင်လို့ပါ”
“”အာ ဟုတ်ကဲ့ ဒါပေမဲ့ဘယ်လိုလုပ်မလဲ အခုအလုပ်အကြောင်းပြောဖို့ရာက ကျွန်တော် သွားစရာလေးရှိလို့”
“ အာ ဟုတ်ကဲ့”
“ဒီလိုလုပ်ပါလား လာမဲ့အပတ်ကြာသပတေးနေ့ မနက်၁၀နာရီလောက် ကျရင် ကျွန်တော်လာပြီးတော့အကြောင်းပြန်ပါ့မယ်”
“ ရပါတယ် ကျွန်တော်တို့ဘက်က အတွင်းရေးမှူးကို လွှတ်လိုက်ပါ့မယ်”
“မဟုတ်တာဗျ ကျွန်တော်လာလိုက်ပါ့မယ်”
“ဟုတ်ကဲ့ အဲ့တာဆိုရင် စောင်နေပါ့မယ်။ အခုကတော့ဒီလောက်နဲ့ပဲ”
မျက်နှာရိပ်နဲ့ ခေါ်ပေမဲ့နဲ့ ခေါ်လို့မရတဲ့ မျောက်လောင်းလေးကို အတင်းဆွဲမှပဲပါလာတော့တယ် ဒါတောင်မျက်လုံးကအဲ့မှာ ကျန်ခဲ့သေးတယ် တကယ်ထဲစိတ်လေတယ်
ကိုကြီးဝင်လာထဲက ပြောင်းလဲ သွားတဲ့ ဂျီဝွန်းရဲ့ မျက်နှာနဲ့ အတူတူစကားပြောနေကြတဲ့ပုံကိုကြည့်ပြီးရင်ထဲမှာ သင်္ဘောအစင်း ၁၀၀ယောက် ဖြတ်မောင်းသွားသလိုပဲ။ အားးးး မရတော့ဘူး အခုကစပြီး ဂျီဝွန်းလေးကို ကိုကြီးနဲ့ရှစ်ပြီပဲ
အခန်းထဲမှာတော့ ယွန်ဂျောင်ဝွန်းနဲ့ ယွန်မီခြယ်၇ဲ့ပတ်သတ်မှုကို အဖြေရှာနေတဲ့သူနဲ့ ယွန်ဂျောင်ဝွန်းအား ကြွေမိသွားသော မိန်းကလေးတစ်ဦးနဲ့အတူ ရွှေဝါရောင် ကဒ်ကလေးအားကြည့်ရင်း အပြုံးပန်းတွေဝေနေတဲ့သူ၁ယောက်ကျန်ခဲ့လေသည်။
#အပိုင်း၁နဲ့တင်ဖတ်မဲ့သူမရှိတော့တော့တာသိပေမဲ့ ထပ်တင်တာ🙂
#ပေါ့သည်
                                         23.4.2023                                                       Myo Mann Chel
Happy Birthday to Woong gi

Honey Where stories live. Discover now