အပိုင်း ၃

62 13 2
                                    


ကြာသပတေးနေ့
“ Hyung မသွားလို့လဲရတယ်လေ ဘာပဲဖြစ်ဖြစ်သူတို့ကကျွန်တော်တို့ဆီလာမှပဲလေ။ Hyung ပဲနားမလို့ဆိုဒီနေ့”
“ရပါတယ်ကွာ အားနေတာနဲ့”
“ဟုတ်လို့လား မီခြယ်ဖိတ်ထားလို့မလား”
“ ညီမလေးကြောင့်လဲနည်းနည်းပါတာပေါ့”
“ အဲ့တာဆို ဘာကများများပါတာလဲ”
“အဲ့တာက......”
လွန်ခဲ့တဲ့ ကြာသပတေးကဆုံခဲ့မိတဲ့ ကြောင်ပေါက်လေးရဲ့ပုံလေးပေါ်လာသည်။ သူနဲ့တွေ့ပြီးကတည်းက အတွေးထဲစိုးမိုးနေ၏။ ဘာလုပ်လုပ်အဲ့မျက်နှာလေးပဲမြင်နေတယ်
“ ဘာကြောင့်လဲလို့”
“ မရစ်နဲ့ကွာ Jun Hyeon ရယ်။ နောက်ကျနေပြီ မြန်မြန်မောင်း”
“ မိနစ်၂၀လောက်လိုသေးတယ်ဟာကို”
“ မောင်းပါတော့ကွာ ရှူတင်ကနေစောစောထွက်လာတာ ဒီမှာကြာကြာနေလို့မကောင်းဘူးလေ”
“ဘာတွေလောလို့လောနေမှန်းမသိဘူး မီခြယ်နဲ့ထောက်လှန်းအုန်းမှ”
“ ရှေ့ကနေပွစိပွစိနဲ့ တစ်ယောက်တည်းဘာတွေပြောနေတာလဲ”
“ဘာမှမဟုတ်ပါဘူးဗျ မောင်းပါတော့မယ်”
တကယ်တည်း ဒီကတွေ့ချင်နေပါတယ်ဆိုနေမှ ၅နှစ်သားကအချိန်ဆွဲနေသေးတယ်။ တွေ့ရပါတော့ယ်ဆိုနေမှ ပိုပိုလွမ်းပြီး မြန်မြန်တွေ့ချင်နေပြီ။ ဒါပေမဲ့သူကအလုပ်ရှုပ်နေလို့မတွေ့ရရင်ဘယ်လိုလုပ်မလဲ။ အရမ်းလည်းမမျှော်လင့်နဲ့ ကင်ဂျီဝွန်း။မျှော်လင့်သလိုဖြစ်မလာခဲ့ရင်မင်းပဲပိုစိတ်ညစ်ရလိမ့်မယ်။
................................
“ ဥက္ကဌယွန်ဂျောင်ဝူးနဲ့တွေ့ချင်လို့ပါ”
“ ကြိုတင်ချိန်းဆိုထားပါသလားရှင့်”
“ ဟုတ်ကဲ့”
“ ဟုတ်အဲ့တာဆိုခဏလေးစောင့်ပါနော် ဥက္ကဌယွန် ကိုပြောပေးပါမယ်နော်”
အတွင်းရေးမှူးမလေး သွားခေါ်မယ်လုပ်နေတုန်း အခန်းထဲကနေကောင်လေးတစ်ယောက်နဲ့ သွားစွယ်လေးပေါ်အောင်ရယ်ပြီးတော့စကားပြောပြီးထွက်လာတဲ့ကြောင်ပေါက်လေး။ သူရယ်နေတာလေးက သိပ်ကိုညှို့နိုင်စွမ်းကြီးမားလွန်းတယ်။ ဒါပေမဲ့ ကိုယ့်ကြောင့်မဟုတ်ပဲ ကောင်ငယ်လေးကြောင့်ပြုံးရယ်နေတာက နှလုံးသားကိုအောင့်သက်သက်ဖြစ်စေတယ်။ ကောင်းလေးရဲ့ရုပ်ရည်ကတွေ့ရခဲတဲ့ရုပ်ရည်လေး နားရွက်ကားကား သမင်မျက်လုံးလေးနဲ့ချစ်ဖို့ကောင်းတယ်
“ အော်ကင်ဂျီဝွန်းရောက်နေပြီပဲ တောင်းပန်ပါတယ်ဗျကျွန်တော်လည်းအလုပ်ကိစ္စအကြောင်းပြောတာမပြီးပြတ်သေးတာနဲ့ နောက်ကျသွားတယ်”
“မဟုတ်ပါဘူး ကျွန်တော်က စောရောက်နေတာ”
“ဟုတ်ကဲ့ အဲ့တာဆိုလည်းဝင်ကြတာပေါ့။ ဒါနဲ့ ဘာသောက်မလဲဗျ”
“ ရေအေးအေးလေးပဲချပေးပါ”
အခုချိန်မှာပူလောင်နေတဲ့ ရင်ကို‌ေရအေးအေးက ငြိမ်းသတ်ပေးနိုင်ရင်ကောင်းမယ်
“ ဟုတ်ကဲ့ဒီဘက်ကကော”
“ လိမ္မော်ရည်ပဲပေးပါဗျ”
“ အတွင်းရေးမှုးဆောင် “
“ဟုတ်ကဲ့ ဥက္ကဌ”
ကောင်လေးကမသွားသေးဘဲကျွန်တော်တို့နဲ့အတူ ဝင်လိုက်လာသည်။ ကောင်လေးကို ကြည့်တဲ့ကြောင်ပေါက်လေးကသိပ်ကိုနွေးထွေးလွန်းတယ်။
“ ထိုင်ပါဗျ”
“ ဟုတ်ကဲ့ “
“ ဒါကတော့ ကျွန်တော်တို့စာချုပ်ပါ ဖတ်ကြည့်ပါအုန်း”
အသံကကွာ စတွေ့ထဲက လိပ်ပြာလွင့်ချင်နေတာ။ မီခြယ်ရဲ့ အစ်ကိုဖြစ်ပြီးမီခြယ်နဲ့လည်းမတူဘူး
“ အာ ဟုတ်ကဲ့ “
စာချုပ်ထဲကအရာက အကုန်လုံးအဆင်ပြေသည်။
“ အဆင်ပြေရဲ့လား”
“ ဟုတ်ကဲ့ အဲ့တာဆို နောက်အပတ်ကြာသပတေးနေ့ကနေစရိုက်ရမှာပေါ့နော်”
“ ဟုတ်တယ်ဗျ”
“ ဒါနဲ့ ဥက္ကဌကောလာမှာလား”
“ ဗျာ”
“ အော ဥက္ကဌယွန်ကော လာစစ်ဆေးမှာလားလို့ပါ”
“ဟုတ်ကဲ့ တစ်ခါတစ်လေပေါ့ဗျာ ။ ဒါပေမဲ့ Seung Eno ကတော့အချိန်ပြည့်ရှိနေပါ့မယ်။ တစ်ခုခုမပြေရင်သူ့ကိုပြောလို့ရပါတယ်။
“မင်္ဂလာပါဗျ Yoon Seung Eno လို့ခေါ်ပါတယ်။ အကူအညီတောင်းပါတယ်ဗျ”
“ဟုတ်ကဲ့မင်္ဂလာပါ ကင်ဂျီဝွန်းပါ ဒီဘက်ကတော့ Jun Hyun”
တစ်ချိန်လုံးငြိမ်နေတဲ့ကောင်လေးကကြောင်ပေါက်ကလေး နှုတ်ဆက်ပေးတော့မှ အပြုံးလေးနဲ့နှုတ်ဆက်လာသည်။ အပြုံးလေးကသိပ်ကိုလှလွန်း၏ သို့ပေမဲ့ကြောင်ပေါက်လေးကိုတော့မမှီ။
“ အဲ့တာဆို ဒီလောက်နဲ့ပဲ။ နောက်အစည်းအဝေးလေးရှိသေးလို့”
“ဟုတ်ကဲ့ ကျွန်တော်တို့လည်းသွားတယ်မယ်နော်”
“ဟုတ်ကဲ့ ဂရုစိုက်ပါ”
“ဟုတ်ကဲ့”
တစ်ချိန်လုံးဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ ကျားကြီးမျက်နှာနှင့် ဥက္ကဌယွန်အား အမျှင်မပျက်ပဲကြည့်နေသော အစ်ကိုဂျီဝွန်းအားမကြည်တော့။ သဘောကျနေတာတအားကိုသိသာလှသည်။
ကောင်လေးက ကားပါကင်အထိ လိုက်ပို့ပေး၏။ကားပေါ်တက်တော့အပြုံးလေးနှင့်နှုတ်ဆက်သည်မှာသိပ်ကို ချစ်ဖို့‌ကောင်းလှသည်။အဲ့ကောင်လေးချစ်ဖို့ကောင်းလေ စိတ်ထဲမှာမွန်းကျပ်လေ။ အဲ့ကောင်လေးနဲ့ ကြောင်ပေါက်လေးသာ....
“ Seung Eno လေးကချစ်စရာလေးနဲ့ ။ သူ့အစ်ကိုနဲ့များကွာပါ့”
“ သူ့အစ်ကို”
“ဟုတ်တယ်လေ ဥက္ကဌယွန်လေ”
“ဥက္ကဌယွန်က”
“ Seung Eno နဲ့မီခြယ်ရဲ့ အစ်ကိုလေ။ မီခြယ် ဓာတ်ပံုပြဖူးတယ်”
Jun hyeon ပြောမှပြန်စဥ်းစားမိတယ်။ဟုတ်သားမျိုးရိုးက ယွန်ပဲ။ အခုမှပဲ ရင်ထဲကအလုံးကြီးကကျတော့တယ်။
“ အစ်ကိုမသိဘူးလား”
“အင်း”
“ဘယ်သိမလဲ တစ်ချိန်လုံးငမ်းနေတာကို”
Jun Hyeonတစ်ယောက် အနောက်တွင်အခုမှ အပြုံးပန်းဆင်နိုင်သောသူအား ရွဲ့စောင်းကာတိုးတိုးပြောနေမိသည်😏
“ဘာပြောတာလဲ”
“ ဗိုက်ဆာတယ်လို့ပြောတာပါ”
“အော် အင်း။ သွားကြတာပေါ့။ အစ်ကိုလည်းဗိုက်ဆာနေပြီ”
အော်ခုမှဗိုက်ဆာဖို့ သတိရသား။တော်တော်ဟုတ်တဲ့ ငါ့ရဲ့ အစ်ကို😏😏
........................................................................
                                                                            Myo Mann Chel
25.4.2023

Honey Where stories live. Discover now