အပိုင်း ၄

60 12 2
                                    


“ အစ်ကိုဂျီဝွန်းရောက်လာပြီပေါ့”
“အော်အင်း”
“ဂျီဝွန်းလေးးးးး”
“ မီခြယ်”
“လက်မှတ်လေး”
“ ဟုတ်ပါပြီဗျ”
“ နင့်လည်းလေ အစ်ကိုဂျီဝွန်းကို တွေ့တိုင်းလက်မှတ်နဲ့ ပုံတွေပဲတောင်း “
“ဘာဖြစ်လဲ ဂျီဝွန်းလေးတောင်ဘာမှမပြောတာ”
“အစ်ကိုဂျီဝွန်းမပြောပေမဲ့ ငါပြောတယ် ပြိးတော့လည်းငါကနင့်ထက်အသက်ကြီးတယ်။ရိုရိုူသေသေဆက်ဆံ”
“သေလိုက်လေ ၅နှစ်သားရဲ့”
၂ယောက်သားရန်ဖြစ်နေတာကို Ji Wonng  နဲ့ Seung Eno တို့နှစ်ယောက်အတွေးကိုဘ်စီဖြင်ကြည့်ရင်းရယ်မော,နေ၏
အော် ညီမလေးကတော့ဘယ်ပြရောက်ရောက် အော်ကြောလန်မျောက်ကလေးပဲ ကိုကြီးသာတွေ့ရင် ချက်ချင်းခေါ်ထုတ်သွားမှာ
အော် ၂ယောက်က တွေ့လိုက်တာနဲ့စကားနိုင်လုနေရမှ ပြီးရင်လည်း အတူတူပဲ။အခုချိန်မှာကြောင်ပေါက်လေးသာရောက်လာရင်တော်‌တော်ကောင်းမယ်။
“ ညီမလေးရေ တော်ပြီ အစ်ကိုဂျီဝွန်းကိုအားနာအုန်း”
“ရပါတယ်ဗျ သူတို့၂ယောက်အမြဲတမ်းအဲ့လိုပါပြ”
“အော်ဟုတ်ကဲ့ အားနာလိုက်တာဗျာ မျောက်လောင်းလေး အဲ့ မီခြယ်ကြောင့်စိတ်ညစ်ခြ့ရရင်တောင်းပန်ပါတယ်”
“မဟုတ်တာ ရပါတယ်။ ညီမလေးကချစ်ဖို့ကောင်းပါတယ်”
“ဟုတ်ကဲ့ အစ်ကိုတို့လည်း နားအုန်းလေ ဗျ ရိုက်ကူးရေးက နောက်၁၀မိနစ်လောက်မှစမှာဆိုတော့”
“ဟုတ်ကဲ့”
...........................
ရိုက်ကူးရေးသာပြီးတော့မယ် ကြောင်ပေါက်လေးက‌ေ၇ာက်မလားသေးဘူး။ မျှော်နေရတဲ့သူရဲ့ရင်ထဲမှာမွန်းကျပ်လွန်းနေပြီ။ဒါပေမဲ့ကံကြမ္မာကမျက်နှာသာပေးခဲ့သည်။ ကြောင်ပေါက်လေး ရိုက်ကူးရေးပြီးခါနီး၁၀မိနစ်အလိုမှာရောက်လာခဲ့သည်။အရင်လိုပဲ suit အပြည့်နဲ့။ သို့ပေမဲ့ သိပ်ကိုချစ်ဖို့ကောင်းလွန်းသည်။
“ကိုကြီး ဘယ်လိုလုပ်”
“မီခြယ်ကော”
“ အော် toilet သွားတယ်”
“အင်း အဆင်ပြေလား”
“ ဟုတ်ပြေတယ်ကိုကြီး “
Seung Eno မှ စကားပြန်ရပြီးနောက် ကင်ဂျီဝွန်းဘက်အား ကြည့်မိသည့်အခါ vပုံစံလည်ပင်းရှည်ကို အောက်မှာဘာမှမပါပဲ ဝတ်ဆင်ထားပြီး လည်ပင်းမှ ကိုယ်တွေရဲ့ထုတ်ကုန်ဖြစ်တဲ့ လပုံစံ လည်ဆွဲလေးမှာ သီးသန့်နေရာယူထားလေသည်။ ဒီလူကသက်သက်ကြွားနေတာလား ရင်ဘက်ကအားလုံးဖော်ထားတယ်။ စိတ်တိုဖို့ကောင်းအောင်။ ခဏ ငါကဘာလို့စိတ်တိုနေတာလဲ ငါနဲ့လည်းဘာမှမဆိုင်ဘဲနဲ့။အတွေးတွေ အမြန်ဖျက်လိုက်ပြီးကြည့်လိုက်တော့ ရှူတင်တောာင်ပြီးသွားလို့ ကင်ဂျီဝွန်းက ကိုယ်ဆီကိုလျှောက်လာတယ်။ငါကဘာလို့ရင်ခုန်နေမိတာလဲ
“ ဥက္ကဌကင် မင်္ဂလာပါ”
“ဟုတ်ကဲ့ မင်္ဂလာပါ ကင်ဂျီဝွန်းခင်ဗျ။ အဆင်ပြေရဲ့လားမသိဘူး”
“ ဟုတ်ကဲ့ပြေပါတယ်ဗျ။ “
ပြောစရာစကားရှာမရတာကြောင့် နှစ်ယောက်သားတိတ်ဆိတ်နေမိ၏။သူတို့ရဲ့ အဖြစ်အား ကြည့်နေသောလူ၃ယောက်ရှိလေသည်။သည်းမခံနိုင်သည့်အဆုံးထိုထဲက ကောင်မလေးတစ်ယောက်သည် သူတို့၂ယောက်စီပြေးလာသောကြောင့်ကျန်၂ယောက်ပါလိုက်လာရ၏။
“ ဂှီဝွန်းလေး ထမင်းအတူတူလိုက်စားပါလား”
“ဟင် အားနာစရာ”
“မဟုတ်တာ ကိုယ့် idol နဲ့ ထမင်းတူတူစားခွင့်ရတဲ့ ဖန်တစ်ယောက်က ဘဘ်လောက်တောင်ကံကောင်းလိုက်လဲ ဟုတ်တယ်မလားကိုကြီး”
“ဟမ် အင်း အတူတူလိုက်စားပါလားဗျ”
ညီမဖြစ်သူရဲ့စကားကျွန်မှုကြောင့်ကိုယ်ပါလိုက်ကျွန်မိသည်
“ဟုတ်တယ် တူတူလိုက်စားပါလားအစ်ကိုဂျီဝွန်း”
“အာဟုတ်ကဲ့အဲ့တာဆိုလည်း လိုက်ခဲ့ပါ့မယ်”
……………………………………………………………………………………
နေ့လည်စာစားပြီးကတည်းက အပြုံးပန်းတွေဝေစာနေသည့် အစ်ကိုဂျီဝွန်းအား မကြည်တော့။ ည၁နာရီထိုးနေပြီ ဖုန်းကြည့်ပြီးတပြုံးပြုံးနဲ့လုပ်နေမှုကြောင့်  အိပ်ချင်နေသည့်ကိုယ်မှာစိတ်ထိန်းထား၏။
“ အစ်ကိုဂျီဝွန်း”
“အင်း”
“ တော်တော်ပျော်နေလားဟင်”
“အင်း”
“အိမ််ရောက်ပြီသိလား။ဆင်းလို့ရပါပြီ”
“အော် အိမ်တောင်ရောက်ပြီလား”
“ဟုတ်တယ်”
ဘဘ်သိမလဲ နေ့လည်ကမီခြယ်ရိုက်ပေးလိုက်တဲ့ ပုံကိုပဲကြည့်နေတာကို။
.............................................
ညအိပ်ခါနီး ဖုန်းလေးကိုကြည့်နေတုန်း ဓာတ်ပုံအချို့မီခြယ်ဆီကနေရောက်လာသည်။ပုံတွေအားလုံးက သူနဲ့ကြောင်ပေါက်လေးပုံတွေ။မဟုတ်မှလွဲရော
ညီမလေး ဘာလို့ပို့ပေးတာလဲ.မအိပ်သေးဘူးလား
တရေးနိုးတာ။ပို့ဖို့မေ့နေလို့။သမီးမေးတာကိုမှန်မှန်ဖြေနော်
ဘာမေးမလို့ပါလိမ့်
ကိုကြီးကိုကြိုက်နေတာလား
ဟမ်။ ဒီကောင်မလေးဘယ်ကနေဘယ်လို
ဘာလို့အဲ့လိုပြောတာလဲဟင်
သမီးကြည့်နေတာအဲ့လိုပေါ်နေလို့ ညာဖို့မစဥ်းစားနဲ့
ဘယ်လိုလုပ်ရမလဲ။ပြောပြသင့်လား
ပြန်ဖြေအုန်းလေး ဂျီဝွန်းလေး
မဟုတ်ဘူး။ အစ်ကိုမကြိုက်ဘူး။ချစ်ပဲချစ်တာ
အားးးး သေတော့မှာပဲ
အဲ့တာဆိုကိုကြိးကိုချစ်နေတာပေါ့
ဟော ဘယ်လောက်တောင်ရှုက်လို့လဲမသိဘူး လိုင်းပေါ်ကနေတောင်ဆင်းသွားပြီ။ဘာပဲဖြစ်ဖြစ် ဂျီဝွန်းက ကိုကြိးကိုသဘောကျနေတယ်ဆုတာသေချာသွားပြီ။ ငါ့ဘက်ကနေကူညီဖို့ပဲကျန်တော့တယ်။ မြားနတ်မောင်မီခြယ်က အားအကုန်သုံးပြီး လေးပစ်ပေးပါ့မယ်
........................................................................
                                                                    Myo Mann Chel
                                                                    25.4.2023

Honey Where stories live. Discover now