Extra

101 12 12
                                    


ဆေးရုံ၏ VIP အခန်းတစ်ခုတွင် အရေးပေါ် ဆရာဝန်တွေ အသက်လုနေရသော လူနာတစ်ဦးရှိလေသည်။ သို့သော်လည်း အညီမညာ အတက်အကျများလှသော မျဥ်းလေးမှာရေပြင်ညီ မျဥ်းအသွင် တန်း၍သွားလေသည်။ ထို့အတူ လူနာရဲ့ မျက်လုံးမှ မျက်ရည်စလေး ကျဆင်းလာ၏။အခန်းရဲ့အပြင်ဘက်တွင်လည်း သူချစ်မြတ်နိုးရသောကောင်လေးနှင့် သူ့အားချစ်ခင်ရသော လူအချို့တို့၏ ပူပန်စိတ်မှာ အထွတ်အထိပ်သို့ရောက်နေ၏။ ကံကြမ္မာရဲ့ လှည့်စားမှုလား မျက်နှာသားပေးမှု ကြောင့်လား အခန်းထဲရှိ ရေပြင်ညီမျဥ်းလေးမှာ လှပလွန်းလှသည့်လှိုင်းပုံစံတစ်ဖန် ပြန်ရောက်လာ၏။လူနာဘေးက စားပွဲခုံပေါ်တွင်လွန်ခဲ့သည့်တစ်လက သူကြော်ငြာထားသော လခြမ်းလည်ဆွဲလေးမှာ  သက်ပြင်းချသံတို့ဆူညံနေသည့်အခန်းထဲ အထီးကျန်နေခဲ့သည်။ ထို့အတူ အပြင်ဘက်ကနေ ပျော်လွန်း၍မျက်ရည်ကျနေကြသူများရှိလေသည်။
...............................................................
၃နှစ်ကြာသော်
“ အားလုံးပြ ဒီကိုလာကြ”
“မီခြယ်လှနေပါလား”
“ လှမှာပေါ့မီခြယ်ပဲကို”
“ပြောမိတာမှားပါတယ်”
“ဒါနဲ့ သတို့သား၂ယောက်ကော”
“ သူတို့လား ကဲသဲနေတာလေ”
“အဲ့လိုဖြစ်အောင်နင်ပဲ ကြိုးစားခဲ့တာလေ”
“အဲ့တာတော့မှန်ပေမဲ့ အခုကတော်တော်လေးကိုနှောက်နေပြီ”
“အဲ့တာဆိုရင် ခွဲကြမလား”
“ ဟဲ့ ပေါက်ကရ ဟိုကကြားရင် နဂါးမျက်စောင်းနဲ့လာလိမ့်မကြောက်ဘူးလား ယူဂျင်း”
မီခြယ်ပြောမှ အစ်ကိုဂျောင်ဝူးရဲ့မျက်နှာအားမြင်ယောင်မိသည်ကြောင့်။ကြက်သီးတောင်ထမိ၏။
“ ၂ယောက်စလုံးဘယ်။”
“သူတို့ဆီ သွားရင်သွားလေ ကိုကြီးဟန်ဘင်း”
“မသွားတော့ဘူး ၃နှစ်အတွင်းတော်တော် ခံရဖူးပြီဆိုတော့ သွားမကြည့်တောင်သိနေပြီ”
“ဘာတွေသိနေတာလဲ”
“ကိုကြီးခီတာ၊ တခုတို၊ ကိုကြီးပတ်ဟန်ဘင်း”
“ ဒီတစ်ခါတော့ ၃ယောက်သား တူတူလာပါလား။ ဒီတစ်ခါပတ်ကြီးနောက်မကျဘူးပဲ။”
“မလောရဘူးလေ”
“ဟုတ်ပါပြီ ဒါနဲ့ Seung Eno ရော”
“သီချင်းလေ့ကျင့်နေတယ်”
“အော် အသံကောင်းပြီးသားဆိုတော့နားထောင်လို့ကောင်းမှာပေါ့”
“ဟုတ်တယ်”
“ ဒါနဲ့ သတို့သား၂ယောက်ကောာ”
“ ကိုကြီးခီတာလဲမေးခွန်းတူနေပါလား”
“ အော်ခုနကပြောနေတာအဲ့အကြောင်းလား”
“ဟုတ်တယ်”
“အဲ့တာဆိုငါတို့ခန်းမထဲပဲဝင်တော့မယ် မသွားတော့ဘူး”
“ကိုကြီးခီတာ ကဘာလို့ ဘယ်မှာဆိုတာမမေးတာလဲ”
“သိပြီးသားအရာလေ ငါ့လောက်ကဲသဲတာကိုတိုးတဲ့သူ၇ှိမှာမဟုတ်ဘူး”
“အဲ့တာတော့ဟုတ်တယ်။ ဘာပဲဖြစ်ဖြစ်သွားကြရအောင်လေ။”
“အင်းပါ”
သူတို့၂ယောက်ဆီကိုမသွားလို့ရလည်းမဖြစ်။သွားရင်လည်း ပျားရည်ကို သကြားရောထားတာတွေတွေ့ရအုန်းမယ်။ထင်သည့်အတိုင်းအခန်းထဲရောက်သွားသည်နှင့် ကင်မရာမန်းကိုမှအားမနာ ရိုနေကြသောသူတို့၂ယောက်။
“ဘယ်လိုတွေဖြစ်နေတာလဲ”
ပတ်ဟန်ဘင်းကြည့်ရငးဒေါသထွက်နေမိသည်။ သူတို့အဖွဲ့ထဲက အငယ်ဆုံးလေးမှာ အရင် အိမ်ထောင်ပြုတော့မည်ဖြစ်ပြီး ကျန်၂ယောက်လည်း ရည်းစား ကိုယ်စီကြောင့် အကြီးဆုံးဖြစ်ပြီး အိမ်ထောင်ပြုဖို့နေနေသာသာ ရည်းစားတာင်မရှိသည့်ကိုယ့်မှာအားငယ်ရသည်။ သည်းမခံနိုင်တော့ပေ။ လုံးဝကိုသည်းမခံနိုင်တော့။
“ ဘာလဲမနာလိုဖြစ်နေတာလား။ ဖြစ်နေရင်လည်း ရည်းစားရအောင်ကြိုးစားလေ”
“ ငါဒီမင်္ဂလာဆောင်ကိုကန့်ကွက်တယ်”
“ဘာ”
“လန့်လိုက်တာအေ ဖြေးဖြေးပြောပါ”
“ဘာလို့ကန့်ကွက်တာလဲ”
ကင်ဂျီဝွန်းသည် သူ့အားစိုက်ကြည့်ပြီးမေးလာ၏။လင်၂ယောက်စလုံးလိုက်ပါတယ် အကြည့်တွေက ပြာကျအောင်ကြောက်ဖို့ကောင်းလွန်၏။
“ အဲ့တာက စဥ်းစားကြည့်လေ တစ်မိုးအောက် ယွန်ဂျောင်ဝူးက အခုဆိုရင် တခုတိုထက်တောင် ချစ်ဖို့ကောင်းအောင်နေလာသေးတယ်။ နှစ်ပေါင်း ၂၆နှစ်စောင့်ထိန်းလာတဲ့ image က လွန်ခဲ့တဲ့ ၃နှစ်ထဲကပျက်စီးသွားပြီလေ”
တဖြည်းဖြည်းနဲ့ ကိုကြီးပတ်အားကြည့်ရင်းရဘ်ချင်လာသည်နှင့်အတူ ကိုယ့်ဘာသာလည်းဝမ်းနည်းလာသည်။ယူဂျင်းလည်းရည်းစားတွေရကုန်ပြီ ကျန်တာဆိုလို့ ကိုယ်ရယ် ကိုလေးရယ် တခုတိုရယ် ကိုကြီးပတ်ရယ်ပဲကျန်တော့တယ်
“ကဲ ကဲ ကဲ တော်ပြီ ဟိုမှာလည်းကြည့်အုန်း မျက်မှောင်ကြီးကြုံ့ထားတာ ကြယ်ပုံဆွဲလို့ရတယ်။လာ ဓာတ်ပုံရိုက်ရအောင်”
တစ်ဟန်ဘင်းမွှေသည့်ကိစ္စအား နောက်ထပ်တစ်ဟန်ဘင်းက ရှင်းရ၏။မရှင်း၍မရ ကင်ဂျီဝွန်းဆိုသည့်လူသည် ယွန်ဂျောင်ဝူးအား သိပ်ကိုအူတို၏။ ဘယ်သူ့ကိုမှဘေးမှာမရှိစေချင်သောလူသားဖြစ်၏။
ဓာတ်ပုံတွေရိုက်ပြီးလို့ အားလုံးခန်းမထဲကို ဝင်လာကြ၏။ တအောင့်ကြာ ပွဲစီစဥ်သူ Jun Hyeon မှ အခန်းနားစတင်လေ၏။
“သတိုးသား ကင်ဂျီဝွန်းနှင့် သတို့သား ယွန်ဂျောင်ဝူးတို့ ခန်းမထဲ ကိုဝင်ရောက်လာပေးရန်ဖိတ်ကြားအပ်ပါသည်”
Jun Hyeonရဲ့စကားသံအဆုံး၌ သီချင်းသံနှင့်အတူ အဖြူရောင်နတ်သားလေး၂ပါးမှာခန်းမထဲသို့ဝင်ရောက်လာ၏။တစ်လောကလုံးအားပိုင်ဆိုင်ထားသည့်အပြုံးမျိုးနဲ့ လျှောက်လမ်းတွင် လျှောက်လှမ်းနေသည့် ကင်ဂျီဝွန်းလက်အားဆုတ်ကိုင်ပြီး ဘေးချင်းကပ်လျှောက်သူမှာအမြဲတမ်းခပ်တည်တည်နေတတ်ပြီး မှင်သေသေမျက်လုံးနှင့် ယွန်ဂျောင်ဝူးသည် သွားစွယ်လေးတွေ ပေါ်နေသည်အထိပြုံးရယ်နေသည်။ ကတိသစ္စာတွေခံယူပြီးနောက် စီစဥ်တင်ဆက်သူ၏
“ သတို့သား၂ယောက်နမ်းလို့ရပါပြီ”
ကင်ဂျီဝွန်းသည် ယွန်ဂျီဝူး၏ ပါးလေးအားကိုင်ကာ နဖူးလေးအား မြတ်နိုးခြင်းများနှင့်အတူသာယာစွာနမ်းရှိုက်လိုက်၏။ထို့အဖြစ်အား အလိုမကျသည့် ပရိတ်သတ်တစ်ဦးရှိသည်။
နဖူးလေးမှနှုတ်ခမ်းပါးလေးအား ခွာပြီးနောက် မြတ်နိုးစွာကြည့်မိနေတုန်း။
ပြွတ်
ထိုအဖြစ်ကို ကင်ဂျီဝွန်းသာမက ပရိတ်သတ်အားလုံးအံ့သြသွားမိ၏။ အဘယ်ကြောင့်ဆိုသော် အမြဲတမ်းတည်တံ့နေပြီး တစ်ခါမှ စမနမ်းဖူးသည့်လူက အနမ်းပေးလိုက်သောကြောင့်ဖြစ်သည်။
ယွန်ဂျောင်ဝူးသည် ကိုယ့်ဘာသာ စနမ်းလိုက်ပြီး အရှက်ကြီးရှက်နေမိသည်။ ကင်ဂျီဝွန်းသည် သူ့အားကြောင်လျက်ကြည့်နေပြီး ထိုင်ခုံမှာထိုင်နေသည့်ညီမလေးနှင့်အားလုံးမှာလည်း ယင်၁၀ကောင်လောက်ဝင်ဥလို့ရအောင် ပါးစပ်ကြီးဟလျက် ရှိနေသောကြောင့် အရှေ့တွင်ရှိသည့် မိမိမှ ချစ်ရပြီး မိမိနှုင့် သက်ဆိုင်သည့် အမျိုးသား၏ ရင်ခွင်ထဲသို့ ရှက်လွန်းသောကြောင့်နီရဲနေသော မိမိ၏မျက်နှာလေးအား အပ်ထားမိ၏။
ကင်ဂျီဝွန်းသည် မိမိ၏ ရင်ခွင်အား ရှက်ရှက်နှင့်လာပြီး မျက်နှာအပ်ထားသော ကြောင်ပေါက်လေးအား အလွန်အသဲယားနေမိ၏။ ထိုလူသားလေးရဲ့ ချစ်ဖို့ကောင်းမှုကို တခြားလူများအားထပ်မမြင်စေချင်သောကြောင့် ‌ပွေ့ချီပြီး ခန်းမထဲမှထွက်လာခဲ့သည်။
Seung Eno သည် ဂုဏ်ပြုသီချင်းဆိုမလို့နေရာယူပြီးကာမှ ထွက်သွားသည့်သတို့သား၂ယောက်ကြောင့် ဆိုသင့်လား မဆိုသင့်လားတွေးနေမိသည်။ အားလုံးလည်းထိုအဖြစ်ကြောင့် ဘာဆက်လုပ်လို့လုပ်ရမလဲမသိဖြစ်နေရာကနေ ပွဲအားအမြန်အပြီးသတ်လိုက်ရသည်။
...................................................................................................
ဟမ်းနီးမွန်းအနေနဲ့ ဂျယ်ဂျူဒိုမှာရှိသည့် အပန်းဖြေအိမ်ကိုလာဖြစ်လိုက်သည်။ ဝရံတာတွင် ပင်လယ်ဘက်သို့ကြည့်နေသည့် ကျွန်တော်မြတ်နိုးရဆုံး ကျွန်တော်ရဲ့ကြောင်ပေါက်လေး။ ကျွန်တော်လည်း ကြောင်ပေါက်လေးဆီသွားကာ ခါးလေးကိုဖတ်လိုက်သည့်အခါ လန့်သွားသည့်ကြောင်ပေါက်လေး
“ဘာတွေတွေး ကိုယ့်ရဲ့ကြောင်ပေါက်လေး”
“ဘာမှတော့မဟုတ်ပါဘူး လွန်ခဲ့တဲ့ ၃နှစ်အတွင်းက ကြုံခဲ့ရတာလေးကိုတွေးနေမိတာပါ”
“အော်”
ဟုတ်တယ် ကျွန်တောတို့ အချစ်လမ်းက မဖြောင့်ဖြူးခဲ့ဘူး။၊ပျားရည်ချိုချိုလေးသောက်ရဖို့အတွက် ပျားဖွတ်ဖို့အတွက် ပျားဒဏ်တွေကိုခံစားခဲ့ရခဲ့သည်။ ကျွန်တော်သတိရရခြင်း ကြောင်ပေါက်လေးဆီမှ တောင်းပန်စကားနှင့် သူ့အားချစ်နေမိကြောင်းသိခဲ့ရပေမဲ့။ အေဂျင်စီကြောင့် လွတ်လပ်စွာ တွေ့ခွင့်မရတဲ့ သူတို့၂ယောက်။ စာချုပ်သက်တန်းကုန်သည့်အခါမှ ထပ်မချုပ်တော့ဘဲ စီးပွားရေးဘက်ထဲသို့ဝင်လာခဲ့ရသည့်အတွက် အားလုံးကိုညှိယူရင်း နောက်ဆုံးမှ ပိုင်ဆိုင်ခွင့်ရခဲ့ သည့် အချစ်ခရီး။ကြောင်ပေါက်လေးအား ဖတ်ထားရင် သမာဓိအားမှာ တာကျိုးလာသောကြောင့်။ လည်ပင်းသားလေးအား နမ်းရှိုက်မိသည်။ထို့မှတစ်ဆင့် ကြောင်ပေါက်လေးအား မိမိဘက်သို့ လှည့်လိုက်ပြီး ရှုက်သွေးကြောင့်နီရဲနေသောမျက်နှာလေးအား အသေးစိတ်ကြည့်မိပြီး နှုတ်ခမ်းပါးလေးဆီသို့ အကြည်ရောက်သွားသည့်အခါ နီးစပ်သွားသော မျက်နှာနှစ်ခု။ နှုတ်ခမ်းပါးလေးဆီ ရောက်ခါနီး
ဒေါက် ဒေါက်
“ကိုကြီးရေ တံခါးဖွင့်အုန်း”
ညီမလေးရဲ့အော်သံကြောင့် ကွာခြားသွားတဲ့ ခန္ဓာကို ၂ခု။
“ညီမလေးနဲ့တူတယ်”
“ အင်း ဟုတ်လောက်တယ်။ ဒါပေမဲ့ဘယ်လိုလုပ်”
“ကိုကြီးရေ တံခါးဖွင့်အုန်း”
“အဆက်မပျက်အော်ခေါ်နေမှကြောင့်တံခါးလေးအားသွားဖွင့်ပေးသည့်အခါ။ လက်ထဲတွင် ခေါင်းအုံး၊ ဖက်လုံး၊အရုပ်အပြည့်နဲ့ ညီမလေးက
“ သမီး ဒီည ဒီမှာလာအိပ်မလို့”
“ ဘယ်လို”
“ဟမ်”
ပြောလည်းပြော ကုတင်ပေါ်တက်သွားကာ အလယ်တည့်တည့်တွင် နေရာယူကာအိပ်ဖို့ပြင်နေသည့် ညီမလေး
“ညီမလေး ကိုကြီးတို့နဲ့လာအိပ်မလို့လား”
“ဟုတ်တယ်လေ ဘာလဲမအိပ်စေချင်ဘူးလား။ အေးပေါ့လေ ယောက်ျားရသွားတော့ ညီမလေးနဲ့တောင်မအိပ်ချင်တော့ဘူးပေါ့”
“ဟမ် အဲ့လိုတော့မဟုတ်ဘူးလေ”
“အဲ့တာဆိုဘာလို့”
မပြောဘဲ အရှုက်သည်းကာမျက်နှာကြီးနီရဲလာသည့် ကိုကြီးအဖြစ်အား ကျိတ်ရယ်နေမိသည်။ ကိုကြီးဂျီဝွန်းလည်း ဘာမှမပြောပဲကြည့်နေသည်။
“ကိုကြီးနဲ့ နောက်နေ့မှအိပ်လေ ဒီညတော့”
“ ဒီညတော့ဘာဖြစ်လဲ”
“ကိုကြီးဂျီဝွန်းကိုအားနာလို့ပါ”
“ဘာအားနာစရာရှိလဲ ကိုကြီဂျီဝွန်းက ကိုကြီးယောကျ်ားလေ ပြီးတော့ကိုကြီးက သမီးအစ်ကို ဘာမှအားနာစရာမရှိဘူး”
ကြောင်ပေါက်လေးတို့ မောင်နှမတွေသည်ရုပ်သာမတူကြတာ ရစ်တာတော့တူကြသည်။သိသိကြီးနဲ့ ရစ်နေသည်။
ထိုအဖြစ်အား အခန်းရဲ့အပြင်တွင် ကြည့်နေသောသူ၂ယောက်မှာမနေနိုင်တော့
“ ညီမလေးလာ သွာရအောင်”
“”ဟမ် ညီလေး”
“ Jun Hyeon ဘယ်လို”
ရုတ်တရက်ပေါ်လာအာ ညီမလေးအားလာခေါ်သည့်၂ယောက်ကြောင့် ကြောင်မိသွား၏။သူတို့တွေကကောဘယ်လိုလုပ် မဟုတ်မှ..
“ ၃ယောက်စလုံးမှန်မှန်ပြော ဘယ်ချိန်ထဲကရောက်”
“ ဟဲဟဲ ၅မိနစ်ကျော်ပြီ”
သူတို့ဘာကြောင့်မသိရသနည်း
‘နဂိုထဲက စီစဥ်ထားတာလား”
ကိုကြီး၏ တည်တင်းလာသည့်ရုပ်ကြောင့်
“ဟုတ်တယ် ဂျိုင်းဖြစ်တာက ကျွန်တော်တို့၃ယောက်တည်း”
မလိမ်တတ်တဲ့ ကိုလေးနဲ့တော့ စိတ်လေပါတယ်🥴🥴။
“ Jun Hyeonမင်းကကောဘယ်လို ဝဋ်ဆိုတာပြန်လည်တတ်တယ်လေ”
“ရတယ် နောက်မှပြန်လည်တာ အခုကတော့နောက်ယှက်ချင်လို့အစ်ကိုဂျီ၀ွန်း”
“ ဘာပဲဖြစ်ဖြစ် သမီးကတော့ဒီမှာ အိပ်မှာနော်”
“ လာပါညီမလေးရယ် ကိုကြီးတို့ကိုလည်းသနားအုန်းးလေ “
ခဏ ဘာလို့ငါတို့သနားရတာလဲ
“ဟုတ်တယ် မီခြယ် ငါတို့တွေ နောက်ကျမှ နောက်ယှက်ကျတာပေါ့”
“ဒါမှန်းသိရင် တစ်ယောက်တည်းလာပါတယ်။ ဟွန့် ဒီတစ်ခါတော့ ဒီအတိုင်းပဲ ပြန်တွေ့မယ် နောက်ရက်တွေကျရင် တော့ တွေ့မယ်😏”
ညီမလေးတို့ ၃ယောက်စလုံး ပြန်ထွက်သွားသည့်အခါ ၂ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်လိုက်မိ၏။ ထို့နောက်မီးပျက်သွားလေသည်....................🌚🌚🌚
..............................................................
#သက်သက်ယုတ်မာချင်လို့အပိုင်းကိုတစ်ခါတည်းမတင်ခဲ့တာပါ😁😁
#လိုအပ်ချက်များအတွက်တောင်းပန်ပါတယ်
#အားပေးပေးလို့ကျေးဇူးတင်ပါတယ်
#အရင်ကယူဂျဂ်းတို့အတွဲတွေပါရေးအုန်းမလို့ပါဖုန်းသိမ်းခံရမဲ့အခြေအနေများနေလို့ ချုပ်ရေးလိုက်တာပါ
                                                                  Myo Mann Chel
                                                                  26.4.2023

You've reached the end of published parts.

⏰ Last updated: Apr 26, 2023 ⏰

Add this story to your Library to get notified about new parts!

Honey Where stories live. Discover now