အပိုင်း ၅

81 11 18
                                    

ဇာတ်သိမ်းပိုင်း
တစ်၇က်ပြီးတစ်ရက်ကျော်လာတာ ခုဆို ၁လလောက်ရှိပြီ ကြောင်ပေါက်လေးကိုအပြင်မှာမတွေ့ရတာ။မီခြယ်ပို့ပေးတဲ့ ပုံလေးတွေကြောင့် လွမ်းစိတ်တွေမှာသက်သာပေမဲ့အပြင်မှာပိုပြီးတွေ့ချင်သေးတယ်။
“အစ်ကိုဂျီဝွန်း စတော့မယ်တဲ့”
“အော်အေး”
အစ်ကိုဂျီဝွန်းကိုကြည့်ပြီး သနားလာမိသည်။အရင်ကလိုမရွှင်လန်းတော့ပဲ မှိုင်တိုင်တိုင်နဲ့။ မဖြစ်တော့ပါဘူး မီခြယ်ကို ဖုန်းဆက်ပြီး မြန်မြန်လေး လုပ်ခိုင်းမှ
We’re not alone
“ Hello ၅နှစ်သား”
“ လာပြန်ပြီ”
“ ဘာလဲပြောမြန်မြန်။ အတန်းကပြန်စတော့မယ်”
“ ငါလည်းမအားပါဘူး”
“ အင်း အဲ့တာဆိုဒါပဲ”
“ ဟဲ့နေအုန်းလေ။ပြောစရာရှိတဘ်”
“ဘာလဲ။ နင့်အစ်ကိုဘက်ကဘယ်လိုလဲ”
“ဘာကို”
“အစ်ကိုဂျီဝွန်းနဲ့ပတ်သတ်ပြီးတော့”
“ အော် အဲ့တာက အဆင်ပြေပါတယ် ဘာလို့လဲ”
“ ဘာလို့လဲလုပ်မနေနဲ့ ငါအစ်ကိုဂျီဝွန်းကိသနားလာပြီ။ အလုပ်က ကလည်းပိ။ ချစ်ရတဲ့သူကိုလည်းတွေ့ချင်ပေမဲ့မတွေ့ရ။”
“အေးပါ။ ငါလည်းကြိုးစားလိုက်အုန်းမယ်။ ဒါနဲ့ဂျီဝွန်းဘယ်ညလောက်အားလဲ”
တစ်ဖက်ဖုန်းကနေ အသံစက္ကန့်ပိုင်းလောက်ပျက်သွားပြီးနောက်
“စနေနေ့ကျရင်တော့ ညဘက်မရှိဘူးဟ”
“အေး အဲ့တာဆို အဲ့ညကျရင် သူတို့၂ယောက်စုံအောင်လုပ်ကြမယ်လေ”
“ဒါပေမဲ့ တခြားသူတွေတွေ့ရင်ဘယ်လိုလုပ်မလဲ”
“ မတွေ့ရအောင်လို့ ဟန်မြစ်တံတားအောက်မှာဆုံကြတာပေါ့”
“ အေး ငါကောလိုက်လာခဲ့မယ်”
“အေး”
.......................................................................
စနေနေ့
“ ကိုကြီးရေ”
ဒီလိုပုံဆိုရင်တစ်ခုခုပူစာတော့မယ်
“အင်းဘာလဲ”
“ ဟန်မြစ်တံတားအောက်ကိုသွားချင်တယ်”
“ညည့်နက်နေပြီလေ။ ဘာသွားလုပ်မလို့လဲ”
“ကိုကြီးကလည်း”
“, ကျွန်တော်လည်းသွားချင်တယ်”
“ အဲ့တာဆို၂ယောက်တည်းသွားလေ”
“စိတ်ချတယ်ပေါ့”
“ကိုကြီးကလေ တစ်ခါတစ်လေလေးမောင်နှမ၃ယောက် အတူတူသွားချင်ပါတယ်ဆိုနေမှ”
“ အေးပါကွယ် လိုက်ပို့ပေးပါမယ်”
“ရေး ဒါမှ ကိုကြီးကွ”
..................................................................
ဂျီဝွန်း သည် ထိုည သူ့ရဲ့ကြောင်ပေါက်လေးနဲ့တွေ့ရတော့မှာကြောင့် ရင်တွေခုန်လွန်းလှ၏။ ပထမက Jun Hyeon လိုက်ဖို့ရည်ရွယ်ထားပေမဲ့။အဖွားဆေးရုံတင်လိုက်ရသည့်အတွက်မလိုက်ဖြစ်တော့။ ဘာပဲဖြစ်ဖြစ်ကြောင်ပေါက်လေးအားတွေ့ရတော့မည့်အတွက် အလွန်ကိုပျော်လှပါသည်။ အခုဆို မတွေ့ရတာရက်ပေါင်း ၂၈ရက်နဲ့မှ ၁၁နာရီ၂၁မိနစ်ရှိပြီ။
......
“ ဂျီဝွန်းလေးရေ ဒီမှာ”
“ မီခြယ်”
လက်လှမ်းပြနေသည့်မီခြယ်ဘေးကကျွန်တော်ရဲ့ကြောင်ပေါက်လေး ပုံမှန်တွေ့နေကျအတိုင်းမဟုတ်ပဲ။ရှပ်အိင်္ကျီအဖြူပေါ်မှာ မိုးပြာရောင် စွယ်တာလေးအားဝတ်ဆင်ထားသည်မှာ နတ်သားလေးတစ်ပါးလေးပမာ လှပလွန်းလှသည်။
“ကိုကြီး သမီး ဗိုက်ဆာလို့”
“ဟမ်အဲ့တာဆို ပြန်မယ်လေ”
“မပြန်ချင်သေးဘူး သမီးနဲ့ကိုလေးမုန့်သွားဝယ်လိုက်မယ်လေ”
“ဟုတ်တယ်ကိုကြီး။ အစ်ကိုဂျီဝွန်းကော  ဘာစားမလဲ”
“ရတယ် အစ်ကိုအတွက်ဝယ်မလာနဲ့”
“ဟုတ် အဲ့တာဆိုသွားပြီ”
“ ဟိတ် နေအုန်းလေ”
ဒီ၂ယောက်အနောက်တောင်လှည့်မကြည့်ပဲ ပြေးသွားလိုက်တာ အလင်းမြန်နှုန်းအတိုင်းပဲ။ကင်ဂျီဝွန်းကိုကြည့်လိုက်တော့ အဖြူရောင်hoddy လေးဝတ်ထားသည်မှာ ယုန်ကလေးနဲ့တူလှသည်။ ဘာပြောရမှန်းမသိသောကြောင့် ၂ယောက်သားငြိမ်နေကြ၏။
“ဥက္ကဌယွန် ကို ဂျောင်ဝူးလို့ ခေါ်လို့ရမလား”
“ အာ ဟုတ်ကဲ့ရပါတယ်”
“ ကျွန်တော့်ထက်ငယ်မယ်နဲ့တူတယ်”
“ဟုတ်ကဲ့ ၂နှစ်ငယ်တယ်ဗျ”
“အော်...”
တကယ်ကအသက်ငယ်သည်ကိုမသိခြင်းမဟုတ်ပါ။ဒီ၁လအတွင်းမီခြယ်ဆီကနေ ကြောင်ပေါက်လေးအကြောင်းကို အားလုံးသိရ၏။ သို့ပေမဲ့ဘာပြောရမလဲဆိုတာမသိသောကြောင့် ပြောမိပြောရာပြောခြင်းဖြစ်ပါသည်။ကြောင်ပေါက်လေးက တစိမ့်စိမ့်ကြည့်နေရင် အချစ်စိတ်တွေပိုလာမိသည်။ထို့ကြောင့်ပဲ
“ဂျောင်ဝူး”
“ဟုတ်ကဲ့”
ဟ မင်းဘယ်လိုဖြစ်နေတာလဲ ယွန်ဂျောင်ဝူး။
“ ဂျောင်ဝူးကိုပြောစရာရှိတယ် “
“ဘာများလဲမသိဘူးဗျ”
“ ကိုယ် ကိုယ်လေ”
ကင်ဂျီဝွန်းက သူ့ကိုယ်ကို ကိုယ်လို့သုံးနေပါလား။
“ ကိုယ်မင်းကို  ချစ်တယ်”
“ဗျာ”
“ ဟုတ်တယ် ကိုယ်မင်းကိုချစ်မိနေပြီ”
“ အာ...မဟုတ်”
ငါဘာလို့ပျော်မိနေတာလဲ။ မင်းပျော်မနေသင့်ဘူးလေ မင်းညီမလေးကကင်ဂျီဝွန်းကို သဘောကျနေတာလေ။ မင်းသာ လက်ခံလိုက်ရင်သူဝမ်းနည်းနေမှာ မင်းဟုတ်မခံသင့်ဘူး ဟုတ်တယ် မင်းလက်မခံသင့်ဘူး။
“ကင်ဂျီဝွန်း ဘာတွေပြောနေတာလဲဗျ။ ဒါက စနောက်စရာမဟုတ်ဘူး”
“ မဟုတ်ဘူး ကိုယ်မင်းကို စနေတာမဟုတ်ဘူး။ ကိုယ့်ရင်ထဲကခံစားချက်ကိုပြောနေတာ”
“ ကျွန်တော်ဂေးမဟုတ်ဘူး”
“ ကိုယ်လည်း‌ဂေးမဟုတ်ဘူး”
“ အဲ့တာဆိုဘာလို့”
“ ကိုယ် မင်းကိုပဲချစ်မိတာပါ”
“ ဟ ခင်များကဘာလဲ လှေနံနှစ်ဖက်နင်းတာလား”
“ဘာကို ကိုယ်နားမလည်ဘူး”
“ညီမလေးကိုလဲအဲ့ပုံစံနဲ့ပဲစည်းရုံးခဲ့တာလား”
“ ကိုယ်ဘာမှမစည်းရုံးခဲ့ဖူးဘူး”
“ သိပ်မကြာသေးခင် ကမှတွေ့ဖူးတဲ့ လူ၁ယောက်ကို ချစ်တယ်လို့ပြောတာ မလွန်လွန်းဘူးလား”
“ ကိုယ်က မင်းကို စတွေ့ထဲက သဘောကျနေမိတာ။ မဟုတ်ဘူး ချစ်နေမိတာ”
“ ဒါပေမဲ့ဘယ်လိုလုပ်မလဲ ကျွန်တော့်မှာချစ်ရတဲ့သူရှိနေတယ်”
“ ဘယ်လို”
“ဟုတ်တယ် ကျွန်တော့်အတွင်းရေးမှူးနဲ့ ကျွန်တော်တွဲနေတာ။ ကျွန်တော်တို့တွဲနေတဲ့အကြောင်းကို ညီမလေးတွေတောင်မသိဘူး”
နောက်သို့ ခြေ၃လှမ်းဆုတ်သွားပြီး ပျက်ယွင်းလာတဲ့ သူ့မျက်နှာ။ ရင်နာရပါသည်။ ချစ်ရသူ ခံစားရရင် ကိုယ်ကအဆပေါင်းများစွာပိုခံစားရတယ်ဆိုတဲ့ ခီတာရဲ့စကားက ဒီမှာမှန်နေရပါလား။လက်ကမ်းလိုက်ချင်ပေမဲ့မကမ်းရဲဘူး။ လက်မလွှတ်နိုင်မှာစိုးတယ်။
သွားပြီ။ ကျွန်တော့်မျှော်လင့်ချက်တွေပျောက်ကွယ်သွားပြီ။ ကျွန်တော်ချစ်ရတဲ့သူမှာ ချစ်သူရှိတယ်တဲ့။လက်မလွှတ်နိုင်ပေမဲ့ လက်လွှတ်၇တော့မယ်။ ချစ်ရတဲ့သူကိုဆုံးရှုံးရမဲ့ ခံစားချက်ကြီးက ကျွန်တော် ခံစားရတော့ တခြားသူကို မခံစားစေချင်တော့ဘူး။ဒဏ်ရာဆိုတာက တစ်ယောက်တည်းရရုံနဲ့တင်လုံလောက်ပါပြီ။ ကြောင်ပေါက်လေးရှေ့မှာတော့မပြိုလဲချင်ဘူး။
“ အော် ဟုတ်ကဲ့။ အဲ့တာဆိုခွင့်ပြုပါအုန်းနော်။ မီခြယ်တို့ကိုလည်းနှဗုတ်ဆက်တယ်လို့”
“ဟုတ်ကဲ့”
ကြေကွဲဖို့ကောင်းတဲ့ သူ့နောက်ကျောနှင့် မောင်းထွက်သွားသောကားလေး။
....................
“ပြန်ကြရအောင် တော်ကြာကိုကြီးစိတ်ပူနေမယ်”
“ ခဏလေးလေ ဟိုတစ်ယောက်ခမျာ ခုမှတွေ့ရတာ”
“ မိနစ်၃၀ရှိပြီလေ”
“ အင်းပါ သွားကြမယ်”
ပြန်ရောက်တော့ ဂျီဝွန်းကိုမတွေ့ပဲကိုကြီးကိုပဲတွေ့သောကြောင့်၂ယောက်သားကြောင်တောင်တောင်ဖြစ်မိသည်။ကိုကြီးမျက်နှာကလည်းသိပ်မကောင်း
“ကိုကြီး ဂျီဝွန်းလေးကော”
“အင်းအလုပ်ပေါ်လာလို့ပြန်သွားတယ်”
“ဟင် ဟုတ်လို့လား”
“ကိုကြီး နေကောင်းရဲ့လား”
“ဟမ် အင်းကောင်းပါတယ်။ပြန်ကြရအောင်နောက်ကျနေပြီ”
“ဟုတ်ပြန်ကြတာပေါ့”
အပြန်လမ်းက တိတ်ဆိတ်နေတာကြောင့် ရင်ထဲမှာစိုးထိတ်မိသည်။ထို့အပြင်မိုးပါ ရွာလာသည်။ မိုးရွာတာကိုနှစ်သက်ပေမဲ့ အခုတော့ဘာကြောင့်မသိစိုးထိတ်နေမိ၏။
........................
ကောင်းကင်သည် သူ့အားအဖော်ရအောင်ငိုယိုနေပေး၏။ဘာကြောင့် မျှော်လင့်တိုင်းမဖြစ်လာရတာလဲ။ မျှော်လင့်ချက်မြင့်မားရင် ဘာကြောင့်ရိုက်ချခံရတာလဲ။ဘာကြောင့်လဲ ။ဘာကြောင့်အမြဲတမ်းအခုလိုဖြစ်နေရတာလဲ။ အရှေ့ကိုကြည့်မိတော့ သူ့ရဲ့ လက်ရှိအချိန်လိုပဲမှောင်မိုက်လွန်း၏။
အိမ်ပြန်သင့်ပြီ ဆိုတာသိသော်လည်း မပြန်ချင်။ ကားမောင်းနေတာမှစိတ်သက်သာအုန်းမယ်။အတွေးတွေဖြင့်ကားမောင်းနေတုန်း ရှေ့တင် ကုန်တင်ကားတစ်စီး
ဒုန်း...
ကားသည်အပတ်ပေါင်းမည်မျှလိမ့်သွားသည်ကို သူမသိ။ခေါင်းမှစီးကျလာသည့် ပစ်ချွဲချွဲအရည်နှင့် ပါးသို့ထိုးစိုက်နေသောမှန်စ၏ နာကျင်မှုထက် အတွေးထဲနှင့် မျက်လုံးထဲတွင် ယွန်ဂျောင်ဝူးဆိုသည့် လူသားလေးပဲမြင်ယောင်နေမိပြီး ထပ်မတွေ့ရတော့ဘူးဆိုသည့်ခံစားချက်သည်စိုးမိုးနေ၏။ တော်တော်ရင့်နေပြီပဲရောဂါက မင်းကိုချစ်မိတဲ့ရောဂါက။ မဟုတ်ဘူး ချစ်တာထက်ကိုမြတ်နိုးမိနေပြီ။မင်းက ကိုယ့်ဘဝအတွက်ပျားရည်လေးလိုပဲ။သိပ်ကိုချိုမြလွန်းတယ်။ ခေါင်းကမူးလေလာသည်နှင့်အမျှ အမြင်အာရုံပါ မှေးမှိန်လာသည်။ ပတ်ဝန်းကျင်နှင့်အဆက်အသွယ်မပျက်မှီ ခေါ်မိလိုက်သော နာမဝိသေသနလေးက ယွန်ဂျောင်ဝူးတဲ့...........
...................................................................................
အိမ်ပြန်ရောက်ရောက်ခြင်း ည၁၀နာရီတွင် ထုတ်လွင့်မည့် ဂျီဝူးလေးရဲ့ကားအားကိုလေးနှင့်အတူမျှော်နေမိသည်။ရေဆာသောကြောင့်ရေ သွားယူနေသည့်အချိန် ဝင်လာသည့်သတင်း
“ယနေ့ည၉နာရီ ၁၅မိနစ်၌ ဆိုလ်း, ဘူဆန်အမြန်လမ်းမတွင် ကုန်တင်ကားတစ်စီးနှင့် သရုပ်ဆောင် ကင်ဂျီဝွန်းမောင်းနှင်လာသောကားတို့မှာ ကားတိုက်မှုဖြစ်ခဲ့ပြီး ကုန်တင်ကားအားမောင်းနှင်လာသော ယာဥ်မောင်းဟန်မှာ နေရာတင်ပွဲချင်းပြီး  ဆုံးပါသွားပြီး။ သရုပ်ဆောင် ကင်ဂျီဝွန်းမှာ အရေးပေါ်ခွဲစိတ်နေရပြီး အသက်အန်တရယ်စိုး၇ိမ်နေရကြောင်း။
ကြားရတဲ့သတင်းကြောင့် ရင်တစ်ခုလုံးမွန်းကျပ်လာပြီး ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ပျက်သွား၏။
“ ညီမလေး “
“ မီခြယ် သမီးလေး”
“ညီမလေး သတိထားအုန်းလေ ညီမလေး ညီမလေး..။ သွား ဆရာဝန်ကိုဖုန်းဆက် ကိုကြီးကိုတက်ခေါ်”
“ဟုတ်ကဲ့ “
အိမ်အကူဒေါ်ကြီးသည် ဒေါက်တာကိုဖုန်းဆက်ခေါ်နေ၏။
အောက်ထပ်နေ ညီမလေးအား အော်ခေါ်နေသံကြားသောကြောင့်။ အောက်ထပ်သို့ဆင်းလာချိန် ၌ မြင်ကွင်းမှာ နှလုံးသားတစ်ခုလုံးဆွဲနှုတ်ခံရသလို ခံစားရ၏။
“ ညီမလေး “
ကိုကြီးအသံကြားသောကြောင့် ပူပန်စိတ်မှာအနည်းငယ်အားတက်သွား၏။
“ ဘယ်လိုဖြစ်တာလဲ”
“အစ်ကိုဂျီဝွန်း ကားတိုက်ခံရပြီး အသက်အန္တရာယ်ဆိုးရိမ်နေရသည့်သတင်းတွေ့ပြီး။”
“ဟမ်။”
ညီလေးပြောတာကြောင့် ရင်တစ်ခုလုံးကိုဓားနဲ့အစိမ်းလိုက်ခွဲလိုက်သလိုပဲ။သို့ပေမဲ့ ကင်ဂျီဝွန်းအားစိတ်ပူစိတ်ကိုဖောက်ပြီးညီမလေးကို အခန်းထဲဆီခေါ်လာခဲ့၏
ဒေါက်တာရောက်လာပြီးစမ်းသပ်ပေးတော့ ခဏတာ ‌ရှော့ရသွားတာ။စိတ်ပူစရာမရှိပါဘူးတဲ့။အိပ်ဆေးအရှိန်နဲ့ အိပ်စက်နေတဲ့ညီမလေးအားကြည့်နေရင်း။ မျက်လုံးထဲတွင် ကင်ဂျီဝွန်းဆိုသည့်လူသား ပေါ်လာ၏။
“ ဘာတွေတွေးနေတာလဲ  အခုချိန်မှာမင်းစောင့်ရှောက်သင့်တာမင်းညီမလေးကို”
“ကိုကြီး”
“ဟမ်”
“သွားနားရင်နားလိုက်လေ။ စိုးရိမ်စရာမရှိတော့ဘူးဆိုတော့ကျွန်တော်စောင့်လိုက်မယ်လေ”
“ရပါတယ် ဒါနဲ့ ခုဏက”
“ယူဂျင်းတို့တွေဆက်တာ သတင်းကိုသူတို့ကြားလို့ ညီမလေးကိုစိတ်တူလို့ဆိုပြီး”
“ အော်အေး ဒါနဲ့ ကင်ဂျီဝွန်းအခြေအနေကတော်တော်ဆိုးလို့လား”
“ဟုတ်တယ်ကိုကြီး”
မခံစားနိုင်ဘူး။ဘာလို့လဲ ။ ဘာလို့သူဒီဖြစ်ဆိုးနဲ့ကြုံတွေ့ရတာလဲ။
....................................
“ ကိုကြီး သမီးကိုသွားခွင့်ပေးပါလို့”
“မသွားရဘူး”
“သမီးဒီလိုတောင်းပန်ပါတယ်နော်”
ဒူးထောက်ကာလက်အုပ်ချီပြီးတောင်းဆိုနေတာကြောင့် ဝမ်းနည်းမိသည်။
“ညီမလေးသွားရင်လည်းအပြင်ကနေပဲကြည့်ရမှာလေ သတိရလာမှသွားပါ”
“ ဒါပေမဲ့ ဂျီဝွန်းအခြေအနေက အသက်ရှင်ဖို့ရာခိုင်နှုန်းတအားနည်းနေတယ်လေ။ သမီး ဒီလိုမပြောချင်ပေမဲ့ ဂျီဝွန်းကို သူမသေခင်လေးမြင်ချင်သေးတယ်”
ညီမလေးပြောစကားကြောင့်စိုး’ထိတ်မိသည်။သူတစ်ကယ်ပဲ ဟင့်အင်းမဖြစ်စေချင်ဘူး။
“ကိုကြီးရေ လိုက်ပို့ပေးပါနော်”
အကယ်၍ညီမလေးပြောသလိုသာတကယ်ဆိုရင်
“အင်း လိုက်ပို့ပေးမယ်”
............................................
“ညကသာ ငါလိုက်ခဲ့ရင် အစ်ကိုဂျီဝွန်းခုလိုဖြစ်မှာမဟုတ်ဘူး”
“မဟုတ်ဘူး ငါသာမခေါ်ခဲ့မိရင်”
မဟုတ်ဘူး ကိုကြီးသာမငြင်းခဲ့ရင်။ လက်ခံပေးခဲ့ရင်
ဆေးရုံ၏ အရေးပေါ်လှေကားတွင် ငိုနေကြတဲ့ လူ၂ဥိးအပြင် တိတ်ဆိတ်စွာ ရင်ထဲကနေငိုကြွေးနေသူ၁တစ်ဦးရှိလေသည်။
..............
Jun Hyeon ထွက်သွားပြီးနောက်
“ကိုကြီး”
“ဟမ်”
“ကိုကြီးနဲ့ ဂျီဝွန်း တစ်ခုခုဖြစ်ခဲ့ကြသေးလား”
ညီမလေသိလို့မဖြစ်ဘူး။မဟုတ်ရင် သူပိုခံစားရလိမ့်မယ်။
“ဘာမှမဖြစ်ခဲ့ဘူး”
“အပိုတွေ ကိုကြီးတို့သာတစ်ခုခုမဖြစ်ခဲ့ရင် ဂျီဝွန်းကထွက်သွားစရာလား။ မဟုတ်မှလွဲရော သူဖွင့်ပြောတာကို ငြင်းလိုက်တာလား”
ညီမလေးဘယ်လိုလုပ်သိနေတာလဲ
အံ့သြတကြီးနဲ့ ကြည့်လာသောအစ်ကိုကြော့်
“ အတည်လား။ ဘာလိုငြင်းလိုက်တာလဲ ။ ဘာလို့လဲ။ မဟုတ်မှလွဲရော ကိုကြီးမှချစ်ရတဲ့သူရှိနေတာလား”
‘ဟင့်အင်း ။ “
“အဲ့တာဆိုဘာကြောင့်လဲ ။ ဘာကြောင့်လဲလို့။ သမီးကြောင့်လား။ သမီးကြောင့်ငြင်းလိုက်တာလား။ သမီးကြောင့်လားလို့ မေးနေတယ်လေ ပြန်မဖြေဘူးလား။”
တိတ်ဆိတ်နေသည့်အစ်ကိုဖြစ်သူကြောင့် ပိုပြီးဒေါသထွက်ရ၏။
“ အဲ့တာဆို မေးခွန်းတစ်ခုပြောင်းမေးမယ်။ဂျီဝွန်းကိုချစ်လား”
ဆက်လက်တိတ်ဆိတ်နေသောအစ်ကိုဖြစ်သူကို ဒေါသထွက်နေသော်လည်း။ယူဂျင်းပြောဖူးသည့်တိတ်ဆိတ်ခြင်းကဝန်ခံခြင်းပဲဆိုသည့်စကားအားပြန်ကြားမိနေသည်
“ ကိုကြီး ဂျီဝွန်းကို ချစ်နေတာရော။ သမီးကြောင့်ငြင်းလိုက်တာကောက အမှန်တွေပဲမလား”
“မဟုတ်ဘူး”
“မညာတတ်ပြနဲ့မညာစမ်းပါနဲ့ကိုကြီးရယ်”
“သမီးတစ်ခုပြောမယ် ဂျီဝွန်းကိုသမီးသဘောကျတယ်ဆိုတာဟုတ်တယ် ဒါပေမဲ့ပိုင်ဆိုင်ချင်စိတ်ကြောင့် ချစ်တာမဟုတ်ဘူး စွန့်လွှတ်ခြင်းနဲ့ချစ်တာ။ သူသာအိမ်ထောာင်ပြုသွားရင် ဝမ်းနည်းမယ်ဆိုတာမှန်ပေမဲ့ သမီးလက်ခံပေးမှာ ဘာလို့လဲဆိုတော့သိလား။ သမီးတို့ဖန်တွေရဲ့အချစ်ကလေ ကိုယ့်ရဲ့ idol သာပျော်နေမယ်ဆိုရင် ဘယ်အရာကိုမဆိုစွန့်လွှတ်ရဲတယ်။”
သူမသိခဲ့ပါ။ ညီမလေးတို့လိုဖန်တစ်ယောက်၏ ချစ်ခြင်းကိုသူမသိခဲ့ပါ။ အခုချိန်တွင် သူငိုချချင်သည်။ လေးပင်လွန်းလှသည်။ဟန်ဆောင်နေရတာ
“ကိုကြီး”
ညီမလေးသည် သူ့အားလာဖက်သည့်အခါ။ထိန်းချုပ်ထားသည့်အရာအားလုံး တာကျိုးသလိုပြိုကျကုန်၏။
“ညီမလေး ကိုကြီးသူ့ကိုမဆုံးရှုံးချင်ဘူး။ အကယ်၍သာ သူတစ်ခုခုဖြစ်သွားရင် ကိုကြီးကိုယ့်ဘာသာခွင့်လွှတ်နိုင်မယ်မထင်ဘူး”
“ ဂျီဝွန်းက ကိုကြီးကိုသိပ်ချစ်တာလေ သူကျော်လွှားနိုင်မှာပါ”
ကိုကြီးလေသူ့ကိုချစ်တယ်လို့ပြန်ပြောချင်သေးတယ်
ဆေးရုံ၏ VIP အခန်းတစ်ခုတွင် အရေးပေါ် ဆရာဝန်တွေ အသက်လုနေရသော လူနာတစ်ဦးရှိလေသည်။ သို့သော်လည်း အညီမညာ အတက်အကျများလှသော မျဥ်းလေးမှာရေပြင်ညီ မြင်းအသွင် တန်း၍သွားလေသည်။ ထို့အတူ လူနာရဲ့ မျက်လုံးမှ မျက်ရည်စလေး ကျဆင်းလာ၏။လူနာဘေးက စားပွဲခုံပေါ်တွင်လွန်ခဲ့သည့်တစ်လက သူကြော်ငြာထားသော လခြမ်းလည်ဆွဲလေးမှာ ဆူညံနေသည့်အခန်းထဲ အထီးကျန်နေခဲ့သည်။
ပြီးပါပြီ
.....................................................
Myo Mann Chel
25.4.2023
#‌‌ေချာင်းရိုက်ကြေး
#ဇာတ်လမ်းကိုပြောင်းလိုက်တာပါ😁

2023#‌‌ေချာင်းရိုက်ကြေး#ဇာတ်လမ်းကိုပြောင်းလိုက်တာပါ😁

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Honey Where stories live. Discover now