Introduction

628 49 0
                                    

မိုးရာသီ ဖြစ်တာကြောင့် ကောင်းကင်တစ်ခုလုံး မှိုင်းညို့နေသည်။ မကြာခင် မိုးရွာတော့မည့် အနေအထား ရှိတာကြောင့် လူတော်တော်များများ အဆောက်အဦးအောက်သို့ ခိုဝင်နေကြပြီ ဖြစ်သည်။

နားကြပ်တပ်ရင်း လမ်းလျှောက်လာသူမို့ ပတ်ဝန်းကျင်ကို သိပ်သတိမထားမိသူ တစ်ဦးလည်း ရှိနေသည်။ ထိုသူသည် hoodieအနက်ရောင်ကို ဝတ်ဆင်ထားပြီး ဂျင်းဘောင်းဘီဖြင့် ကြည့်ကောင်းနေသည်။ သို့သော် မျက်ဝန်းတွေက ငိုထားသောကြောင့် နီရဲနေသည်မှာ သိသာသည်။ထိုသူကား အခြားမဟုတ် ....ရီယာမြို့၏ ဟန်းဆာ အထက်တန်းကျောင်းတွင် တက်ရောက်နေသူ ဆောင်းဟန်ဘင်း။

မိုးစက်တွေ တဖြောက်ဖြောက်ကျလာတော့ ဟန်ဘင်းလည်း နီးစပ်တဲ့ မုန့်ဆိုင်အမိုးအောက်ကို ခိုဝင်လိုက်သည်။ ခေါင်မိုးပေါ်မှ ကျလာသည့် မိုးစက်တွေကို လက်ဖြင့် ခံရင်း ခံစားချက်ကင်းမဲ့စွာဖြင့် လက်ထဲက ရေတွေကို ကြည့်နေမိသည်။ခံစားချက်မရှိဘူးလို့ ပြောချင်ပေမယ့် ထိုအဖြစ်အပျက်ကို ထပ်စဥ်းစားမိတိုင်း မျက်ရည်တွေက သူ့အလိုလို လိမ့်ဆင်းလာသည်။ ထိုစဥ်

ပခုံးကို ပုတ်လိုက်သော ခံစားချက်ကြောင့် ဘေးက လူကို လှည့်ကြည့်လိုက်သည်။ အသားဖြူဖြူ မျက်နှာခပ်သေးသေးနှင့် သူ့အရပ်လောက် ရှိသောသူ တစ်ယောက်က ဟန်ဘင်းကို အထုပ်တစ်ထုပ် ကမ်းပေးလာသည်။ ပြီးတော့ ခေါက်ထီးတစ်ချောင်းကို သူ့ လက်ထဲ ထိုးထည့်ကာ ထိုသူကတော့ ခပ်တည်တည်ဖြင့် မိုးရေထဲကို ပြေးရင်း ထွက်ခွာသွားသည်။

ထို ထူးဆန်းသည့် လူပေးခဲ့သည့် အထုပ်ကို ဖွင့်ကြည့်လိုက်တော့ ပူပူနွေးနွေး ငါးပေါင်မုန့် ၂ခု။ ပြီးတော့ စာတို တစ်စောင်။
" အားတင်းထား ။ အနည်းဆုံးတော့ မင်း ဆက်ရှင်သန်နိုင်ပါသေးတယ်။ မင်းက သန်မာတယ် မဟုတ်လား။ မင်းက တစ်ယောက်ထဲ မဟုတ်ပါဘူး "

ဒီလူက သူ့အကြောင်း ဘာသိလို့ ရေးထားတာလဲလို့ ကန့်လန့်တိုက် တွေးမိလိုက်သေးပေမယ့် အဲ့
ငါးပေါင်မုန့်က မထင်ထားလောက်အောင် သူ့မျက်ရည်တွေ တိတ်သွားဖို့အတွက်  နွေးထွေးနေခဲ့ပါတယ်။

Rainy sparkle Where stories live. Discover now