Ep-3

315 53 2
                                    

ဒီလိုဖြင့် စာမေးပွဲဖြေရသော နေ့သို့ ရောက်လာလေသည်။

စာတွေ အကုန်ဖတ်ထားပြီးပြီ ဖြစ်သော်လည်း ကျောင်းအသစ်တွင် ပထမဆုံးဖြေရသော စာမေးပွဲဖြစ်သောကြောင့် ကျန်းဟာအို အနည်းငယ် စိတ်ပူမိနေပါ၏။ ထို့ကြောင့် စာမေးပွဲခန်းထဲဝင်ရန် ခေါင်းလောင်းမတီးခင် တစ်ယောက်ထဲ လှေကားထောင့်တွင် စာကျက်နေဖြစ်သည်။ စာမေးပွဲမေးခွန်းကို မမြင်ရခင်အထိ ကျန်းဟာအိုမှာ အမြဲ anxietyတက်တတ်သူ ဖြစ်တာကြောင့် ဘဲလ် မတီးခင်အထိ အသက်ကို ဝဝရှုနေရပေသည်။ ထိုအချိန် သူ့စာအုပ်ပေါ်ကို ကော်ဖီ ချိုချဥ်လေးတစ်လုံး ပြုတ်ကျလာတာကြောင့် ကျန်းဟာအို လှည့်ကြည်လိုက်သည်။

ထိုချိုချဥ်ပစ်ပေးသူမှာ တခြားသူမဟုတ်သဖြင့် ကျန်းဟာအို ပို အံ့သြရပြန်သည်။

Hoodie မီးခိုးရောင်ကို ခေါင်းတွင် ဆောင်းထားပြီး ပါးစပ်ထဲတွင် စုပ်လုံးတစ်လုံး ငုံထားသူ ဆောင်းဟန်ဘင်းက သူ့ကို ချိုချဥ်ပစ်ပေးလိုက်သည်ပေါ့။ ထို့နောက် ဆောင်းဟန်ဘင်းက သူ့ကို ဘာမှ မပြောဘဲ အကြည့်ဖြင့်သာ ရော့ ငါပေးတာ ဟူသော အမူအရာမျိုး ပြလာသောကြောင့် ကျန်းဟာအို တစ်ဖက်ကို ပြန်လှည့်ပြီး မခို့တရို့လေး ပြုံးမိသည်။ဒီခံစားချက်ကို ဘယ်လိုဖော်ပြရမလဲ မသိပေမယ့် သူတို့ ၂ယောက်ကြားတွင် ဘာသာစကားတွေ အများကြီး မလိုဘူးဟု ခံစားရသည်ပင်။ ထိုနေ့က ကော်ဖီချိုချဥ်လေး၏ နို့ကော်ဖီအရသာလေးသည် ကျန်းဟာအိုအတွက် စာမေးပွဲတစ်လျှောက်လုံး စိတ်ငြိမ်ဖို့ အထောက်အပံ့ဖြစ်ခဲ့ပါသည်။

အလားတူပင် ကော်ဖီချိုချဥ်လေးကို ပစ်ပေးပြီးနောက် သူ့ရှေ့တွင် ချိုချဥ်စားရင်း စာဖတ်နေသော ကောင်လေးကို ကြည့်ကာ ပြုံးမိနေသော hoodieနှင့် ကောင်လေးလည်း ရှိခဲ့ပြန်ပါသည်။

တစ်ခါတစ်လေကျရင်လည်း ချစ်ခြင်းတရားဆိုသည်မှာ စကားတွေ အများကြီးမလိုအပ်ပဲ နားလည်နေကြပြန်သည်မှာ ထူးဆန်းသည်ပင် မဟုတ်ပါလား။

______
စာမေးပွဲဖြေရသော ကာလ အချိန် ၁ပတ်ခန့်ကို ကျော်လွန်ပြီးနောက်

ကျောင်းသားအတော်များများသည် အမှတ်စာရင်းကပ်ထားသော ကျောက်သင်ပုန်းရှေ့တွင် တိုးဝှေ့နေကြလေသည်။

Rainy sparkle Tempat cerita menjadi hidup. Temukan sekarang