Ep-6

155 24 0
                                    

လက်ရှိအချိန်ကတော့ ဆောင်းဟန်ဘင်းနှင့် ကျန်းဟာအိုဟူသော လူသား ၂ယောက် ဒုံဒယ်မွန်းစျေးထဲတွင် ပတ်နေခြင်း~။

"ဟန်ဘင်း မင်း ဒီဟာ စားဖူးလား "

စျေးဆိုင်ပေါ်တွင် အငွေ့တထောင်းထောင်းဖြင့် ဆူပွက်အောင် တည်ထားသော fiskcakeများကို ပေကျင်းသားလေးက လက်ညိုးထိုးကာ  မေးနေတာကြောင့် ဆောင်းဟန်ဘင်း ခပ်အေးအေးပြုံးကာ ပြောပြလေသည်။

"အင်း မစားဖြစ်တာ ၁၇နှစ်ကျော်လောက်တော့ ရှိပြီ "

" တကယ် .... တကယ်ကြီး "

ဆိုးလ်မြို့တွင် ကြီးပြင်းလာသူတစ်ဦးက fishcakeမစားတာ ဆယ်စုနှစ် တစ်ခုကျော်ဆိုသည်မှာ ဖြစ်နိုင်ရဲ့လားလို့ ကျန်းဟာအို တွေးမိပါ၏။ ကျန်းဟာအို တွေးနေသည်ကို ဆောင်းဟန်ဘင်းက နားလည်ပုံဖြင့်

"ခဏနေမှ ပြောပြမယ် ။ အခုတော့ မင်းပဲ အများကြီးစား "

" ဟင့်အင်း ငါ တစ်ယောက်ထဲ မစားချင်ပါဘူး မင်းပါ အတူ စားစမ်းပါ လာပါ ဟန်ဘင်းကလည်း "

နောက်ဆုံးတော့လည်း ကျန်းသခင်လေး၏ ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် လမ်းဘေးနားက fishcakeဆိုင် ပူပူနွေးနွေးဆီသို့ ၂ယောက်သား ဝင်ထိုင်စားဖြစ်ခဲ့ပေသည်။

မစားဘူး ငြင်းနေပေမယ့် Fishcakeကို အားရပါးရ စားနေသော ဆောင်းဟန်ဘင်းကို ကြည့်ကာ ကျန်းဟာအို ရယ်မိတော့ စားနေရင်း ဘာလဲဟူသော အကြည့်ဖြင့် မျက်မှောင်ကြုတ်ကာ မေးလာသော ဆောင်းဟန်ဘင်းက အရမ်းချစ်စရာကောင်းနေသည် မဟုတ်ပါလား။

" ဘာမှမဟုတ်ဘူး မင်းက ဟန်းစတားနဲ့တူလို့ "

ထို့ကြောင့် စားနေသူ၏ ပါးကြီးကို လက်နဲ့ အုပ်ကိုင်ကာ တစ်ချက်ဆွဲလိုက်တော့ သူ့ကို ပြန်ကြည့်လာသည့် ကိုးရီးယားကောင်လေး၏ လေးနက်သည့် မျက်ဝန်းများထဲတွင် အလဲလဲအပြိုပြို ဖြစ်ရသည်က သူကိုယ်တိုင်ပင်။ ထို့ကြောင့် ပါးကို ဆွဲကိုင်ထားမိသော လက်တို့ကို အယောင်ယောင် အမှားမှားဖြင့် လွှတ်လိုက်မိတော့ လက်ကို ပြန်ဆွဲလာသည်က ဆောင်းဟန်ဘင်း။

" မင်း....မင်းရဲ့ လက်တွေ အေးနေတယ် "

ကျန်းဟာအို တစ်ယောက် ၃စက္ကန့်လောက် ကြောင်နေပြီးမှ

Rainy sparkle Where stories live. Discover now