Ep- 8

201 26 0
                                    

ဝိုင်တစ်ခွက်ပြီး တစ်ခွက် သောက်နေသော ဆောင်းဟန်ဘင်းကြောင့် အိမ်တော်ထိန်းကြီးလည်း ဒီအတိုင်း မတ်တပ်ရပ်သာ ကြည့်နေရှာရတော့သည်။ နောက်ဆုံးလက်ကျန် ဝိုင်ခွက်ကို သောက်ပြီးတာ
ခတ္တ ကြာသွားတော့မှ ဆောင်းသခင်လေး ဆီမှ အမိန့်ပေးသံတိုးတိုး ထွက်လာလေသည်။

" ကျွန်တော့်ကို ကျန်းဟာအိုတို့ အိမ်ရှေ့က်ို ပို့ပေးပါ "

အမိန့်တစ်ခု ဖြစ်သည်မို့ သခင်လေး၏ သဘောဆန္ဒအတိုင်းသာ ဖြစ်ပေသည်။ ထိုအိမ်အနီးကို ပို့ပေးလိုက်တော့ သူ့က်ို ကားထဲမှာပဲ ဆက်စောင့်နေရန် အမိန့်ပေးပြန်သည်မို့ လိုက်နာရပြန်သည်မဟုတ်ပါလား။

နှစ်ချို့ဝိုင်အချို့ သောက်ထားသဖြင့် ရီဝေဝေ ဖြစ်နေသော ဆောင်းဟန်ဘင်းသည် အမှန်တကယ်အားဖြင့် အသိစိတ်မလွတ်သွားသေးပါ။ သို့သော် သူ့ ရင်ဘတ်ထဲ အလွန်မွန်းကြပ်လာတာကြောင့် ရောက်လာသည်က ကျန်းဟာအို၏ အိမ် ဖြစ်နေသည်တဲ့လား။ပုံမှန်ဆို ဘယ်သူ့ဆီမှ သွားစရာနေရာမရှိသည့် ဆောင်းဟန်ဘင်းလိုလူက သူများအိမ်ရှေ့ရောက်နေသည်ဆိုတာ အများမြင်ရင် ထူးဆန်းနေလိမ့်မည်ဟု တွေးကာဟန်ဘင်း  ဟက်ခနဲ ရယ်ချလိုက်မိသည်။ တကယ်တမ်းပြောရရင် ဒီလောကမှာ သူ့ကို ဘယ်သူမှ မလိုချင်ခဲ့ကြဘူးလေ။ 

ဒါပေမယ့် သူကတော့ ငါ မင်းအတွက် ရှိပေးမယ် ပြောခဲ့တယ် မလား။ ရပ်တန့်ထားတဲ့သူ့ရဲ့ ကမ္ဘာထဲကို အတင်းတိုးဝင်လာခဲ့တဲ့သူကို သူ လာရှာမိတာ သူ့အမှားတော့ မဟုတ်ဘူးမလား။ အခုချိန် ကျန်းဟာအိုလေးကို မြင်လိုက်ရရင် သူ့အပူတွေ ငြိမ်းချမ်းသွားနိုင်မလားဟု ဟန်ဘင်း တွေးမိပါသေးသည်။ကျန်းဟာအိုသည် သူ့အတွက် ဘယ်အချိန်ထဲက ဖြစ်မှန်းမသိ ဖြစ်လာသော အိုအေစစ်လေးပါပင်။
သူ ပင်ပန်းနေတိုင်း ရှာမိသော တစ်ယောက်ထဲသော သူ။ ထိုကဲ့သို့သော သူ့အတွက် အလင်းရောင်လေးကို သူ ဘယ်လိုလုပ် အထိခိုက်ခံနိုင်ပါမည်နည်း။

တကယ်တမ်း ပြောရရင် သူ၏ ပူပင်သောကများကို ကျန်းဟာအိုကို မပေးချင်ပါ။ မပေးရက်လို့ ပြောလျှင် ပို၍ မှန်မည် ထင်သည်။ သူ ပြောလျှင် ကျန်းဟာအိုလေးက ငြိမ်သက်စွာ နားထောင်ပေးမည် နှစ်သိမ့်ပေးမည်ကို သူ သိပါသည်။ သို့သော်လည်း အပူမပေးချင်တာကြောင့် အိမ်၏ မျက်စောင်းထိုး မီးတိုင်အောက်ကနေသာ ဟန်ဘင်း လှည့်ပြန်မည်အလုပ် သူ၏ မျက်နှာချင်းဆိုင်တွင် ရပ်နေသော သူ့ရဲ့ အလင်းရောင်လေး။
အဝါရောင် မွေးပွ ဆွယ်တာလေးကို ဝတ်ထားပြီး လက်ထဲတွင်လည်း စတော်ဘယ်ရီနို့အေးဘူးများကို ဆွဲလာသေးလေရာ ညဘက် မုန့်စားဖို့ မုန့်ထွက်ဝယ်တာ ဖြစ်ပုံရပါ၏။

You've reached the end of published parts.

⏰ Last updated: Feb 17 ⏰

Add this story to your Library to get notified about new parts!

Rainy sparkle Where stories live. Discover now