Ep- 4

280 43 1
                                    

ချစ်ခြင်းမေတ္တာတွေဟာ အနားရောက်လာရင် သိသာတယ်တဲ့။

ကံတရားက တိုက်ဆိုင်ခွင့်ပေးလာတော့ ရှေ့ဆက်ပြီး အတူတူရှိဖို့ အခွင့်အရေးက ရလာပြန်၏။

______

" ဟန်ဘင်း ၊ ဟာအို သားတို့ နှစ်ယောက် အတန်းပြီးရင် ဆရာမရုံးခန်းကို လာခဲ့ပေးကြပါ ၊ ကဲ ဒီနေ့တော့ ဒီလောက်ပဲ အတန်းနားမယ် ကလေးတို့ "

ဆရာမခေါ်ထားတာကြောင့် ကျန်းဟာအိုနှင့် ဆောင်းဟန်ဘင်းတို့ ၂ဦးစလုံး ရုံးခန်းသို့ ရောက်နေကြခြင်း ဖြစ်ပေသည်။

" ဆရာမ ကျွန်တော်တို့ ရောက်ပါပြီ "

" အော် အေး အေး သားတို့ခေါ်ရတာ တခြားမဟုတ်ပဘူး။ Mathematics တစ်နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲ (KMC)အတွက် ပြိုင်ပွဲဝင် ၂ယောက်လိုလို့။ အဲ့တာ သားတို့ ၂ယောက်က အမှတ်အများဆုံးဆိုတော့ ဆရာမ ရွေးထားတယ်ဆိုတာကို ပြောပြတာ။

အဲ့တာ နောက်ရက်ကျရင် လိုတာလေးတွေ လေ့ကျင့်ဖို့အတွက် အတန်းမတက်နဲ့တော့။ ပုံမှန်လုပ်နေကျအတိုင်း လေ့ကျင့်ခန်းထဲမှာ သားတို့ လေ့ကျင့်ရလိမ့်မယ်။ သား...ဟန်ဘင်းက ဟာအိုလေးကို ဒီနေ့ပဲ ခေါ်ပြပေးလိုက်နော် ။ ဟာအိုလေးက အသစ်ဆိုတော့ မသိမှာစိုးလို့ "

" ဟုတ် " လို့ ခပ်အေးအေး ပြောကာ ခေါင်းငြိမ့်လိုက်သော ဆောင်းဟန်ဘင်းကို ကျန်းဟာအို တစ်ချက် စောင်းငဲ့ကာ ကြည့်လိုက်မိရင်း တွေးမိသည်ကား သူက တကယ်ပဲ အနေအေးတာလားဟူ၍။

စာသင်ခန်းထဲကို ပြန်ရောက်တော့ ဘေးခုံက သူငယ်ချင်းကောင်မလေးက ဟာအို့ကို စပ်စုလေသည်။

" ဟာအို ဘာလို့ နင့်ကို ဆရာမက ခေါ်တာလဲ "

" အဲ့ဒါက..."

သူ ပြန်ဖြေဖို့ စကားမဆုံးသေးခင်မှာပဲ ဘေးကို ရောက်လာသော ဆောင်းဟန်ဘင်း၏ စကားသံက ထွက်ပေါ်လာလေသည်။

" လွယ်အိတ်တွေ သိမ်းလိုက် သွားမယ် "

ဟာအိုက အခု သိမ်းရမှာလားဆိုတာကို ဇဝေဇဝါ ဖြစ်နေသော မျက်လုံးမျိုးဖြင့် မော့ကြည့်လာသောအခါ ဆောင်းဟန်ဘင်းမှ အေးစက်စက်လေသံဖြင့် " အခု " ဟု ပြောကာ သိမ်းခိုင်းလာလေသည်။

Rainy sparkle Where stories live. Discover now