အပိုင်း ၁ (Unicode)

1.2K 37 0
                                    

"အခါးရည်ထည့်"

"ဆေးလိပ်သွားဝယ်"

"အိပ်ခန်းကော ဧည့်ခန်းကော သန့်ရှင်းရေးထပ်လုပ်အုံး။ ဟိုမှာဖုန်တွေနဲ့!"

"ဘာ!? ညရောက်ရင်မင်းရည်းစားနှင့်သွားချိန်းတွေ့အုန်းမယ်?! မသွားရဘူး! ငါပုခုံးညောင်းနေတယ်..မင်းနေခဲ့ပြီးငါ့ကိုနှိပ်ပေးရမယ်!"

"ဘာလဲမင်းကငါ့ကိုငြင်းချင်သေးတယ်ပေါ့? အရင်ကတည်းက မင်းကိုဘယ်သူထိန်းလာရတာလဲ? မင်းငယ်ငယ်က အိမ်မှာစားစရာ၊ဝတ်စရာမရှိတုန်းက ငတ်ပြီးသေမလိုဖြစ်တာကို ဘယ်သူကယ်ခဲ့တာလဲ?!"

"အနှိပ်ဆိုင်မှာသွားနှိပ်ရမယ်? တစိမ်းသူ ငါ့ကိုလာထိတာကိုမကြိုက်ဘူး!"

အခန်းထဲမှာ ငါဆေးလိပ်သောက်ရင်း မျက်နှာသေနှင့်ခြေထောက်ချိတ်ထိုင်ပြီး ငါ့ရဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ အထက်တန်းကျောင်းသားကိုကြည့်လိုက်တယ်။

အမှန်အတိုင်းပြောရရင် ငါ့လိုအရမ်းဂျီးထူတဲ့သူတောင်မှ ဒီကောင့်ရဲ့မျက်နှာပေါ်မှာ မကောင်းတဲ့အချက် တစ်ချက်လေးတောင်ရှာမတွေ့ဘူး။ သူကအရမ်းကြီးမချောဘူး..ဒါပေမဲ့သူကကြည့်လိုက်ရင် ရုပ်ကခန့်တယ်..

အခုသူကတာ့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတယ်။ ခါတိုင်း အမြဲပြေစင်းနေတဲ့မျက်ခုံးကလည်း အခုနည်းနည်းတွန့်နေတယ်။ နောက်ဆုံးတော့လည်း သူကငါ့တောင်းဆိုချက်ကိုမတတ်နိုင်လို့လက်ခံလိုက်ရတဲ့အပြုံးနဲ့..

ငါလည်းသူ့ကို အတင်းတစ်နာရီလောက်ကြာအောင်ဆွဲထားပြီးမှ အလွှတ်ပေးလိုက်တယ်။ ကြားထဲမှာ ဖုန်းခဏခဏခေါ်တယ်။ ခေါ်လိုက်တဲ့ဖုန်းတိုင်းကလည်း သူ့ရည်းစားခေါ်တာကြီးဘဲ။ ဒါပေမဲ့ ငါကလည်းအလျော့မပေးတော့ သူ့ရည်းစားအသံလည်း တစ်ခေါက်ပြီးတစ်ခေါက် ပိုပိုစိတ်ညစ်လာတာကို ကြားရတယ်။

ဒီကိစ္စကငါ့ကိုအရမ်းပျော်ရွှင်စေတယ်!
အမှန်အတိုင်းပြောရရင် ငါအမြဲတမ်းသူ့ကိုရစ်ပြီးတော့ပဲ ငါ့စိတ်ကို ငြိမ်အောင်ထားရတယ်..
ငါဝန်မခံရဲဘူး...အခုငါလုပ်နေတဲ့ဟာတွေက ကိုယ့်သားကို လက်မထပ်စေချင်တဲ့အမေတယောက် အတိုင်းဘဲ။ တဏှာရူးပြီးခေါင်းမာတယ်..

Wu Yu Yan ShangOù les histoires vivent. Découvrez maintenant