အပိုင်း(၄) Unicode

478 41 1
                                    


အချိန်ကုန်တာမြန်ပြီးတစ်ခဏတည်းနှင့်ငါးနှစ်ကြာသွားတယ်
ရုပ်ကပိုခန့်လာတဲ့cong ye ကအမြဲတမ်းလိုဘဲbai qian yan ရဲ့အိမ်သူငယ်ငယ်ကတည်းကအမြဲလာခဲ့တဲ့အိမ်ကိုဝင်တယ်။
အမြဲတမ်းလုပ်သလိုဘဲအိမ်ထဲဝင်ပြီးပြီးချင်းပြတင်းပေါက်အကုန်ဖွင့်ပြီးတစ်အိမ်လုံးသန့်ရှင်းရေးလုပ်တယ်။အထူးသဖြင့်bai qian yan အခန်းထဲကပစ္စည်းတွေကိုသူသေချာသုတ်ပြီးနဂိုနေရာကိုသေချာပြန်ထားတယ်။
အခန်းတစ်ခန်းလုံးယောကျားမထွက်ခွာသေးခင်ကပုံစံအတိုင်းဖြစ်ပြီဆိုတော့မှအခန်းအပြင်ထွက်ပြီးသေချာသော့ခတ်တယ်။တစ်စက္ကန့်တောင်ပိုမနေဘူး။
ဒါပေမဲ့သူလုံးဝထွက်မသွားဘဲတံခါးဝမှာအရင်ကလိုဘဲအမြဲတမ်းတစ်ယောက်တည်းထိုင်စောင့်နေတယ်။
သူငါးနှစ်လုံးလုံးဒီလိုမျိုးလုပ်လာခဲ့တာ
ခေါင်းထဲမှာဦးလေးနောက်ဆုံးတစ်ခေါက်သူ့ကိုဖုန်းခေါ်တဲ့ဟာကိုစဉ်းစားပြီးတံခါးကိုမှီပြီးထိုင်နေတဲ့cong ye ကမျက်စိကိုမှိတ်လိုက်တယ်
အဲ့အချိန်ကမူးလဲသွားတဲ့သူ့ရည်းစားကိုဆေးရုံပို့ပြီးဖုန်းပြန်ခေါ်တယ်။ဒါပေမဲ့ဖုန်းပိတ်ထားတယ်ဘဲပြောတယ်။ဘယ်နှစ်ခေါက်ခေါ်ခေါ်ဖုန်းဆက်တာဝင်တောင်မဝင်ဘူး။
ဦးလေးသူ့ကိုလာခေါ်ခိုင်းတာဒါပထမဆုံးတစ်ခေါက်မဟုတ်ဘူး
အမြဲဦးလေးကိစ္စရှိလို့အပြင်ထွက်ရင်သူဘဲလာကြိုပြီးအိမ်ကိုပို့ပေးတာ
ဦးလေးကသူ့ကားသူရှိရဲ့သာနှင့်မမောင်းဘဲသူ့ကိုလာခေါ်ခိုင်းတာကထူးဆန်းပေမဲ့ဦးလေးလိုတာနှင့်သူလုပ်ပေးချင်တဲ့ဆန္ဒရှိတယ်။
အဲ့တစ်ခေါက်ကဦးလေးလောနေတဲ့အသံကိုသူသတိမထားမိဘူး…
နောက်တစ်ရက်ဦးလေးမပြန်လာတော့မှပြသနာတက်ပြီဆိုတာသူသိတယ်
ရဲတိုင်လည်းဘာမှအကြောင်းမပြန်ဘူး
ဒီနေ့ထိတိုင်အောင်ဦးလေးကသူ့ရှေ့မှာထပ်ပြီးတော့ကိုထွက်မလာတော့တာ။
ဒီဟာတွေစဉ်းစားရင်းcong ye ကတံခါးကိုမှီပြီးဝမ်းနည်းစွာနှင့်မျက်စိမှိတ်လိုက်တယ်ပြီးတော့သူငိုမလိုနှင့်ပြုံးလိုက်တယ်။
သူအဲ့နေ့ကအမှားလုပ်မိလို့ဦးလေးအရမ်းဝမ်းနည်းပြီးထွက်သွားတာနေမယ်။အဲ့ဒါကြောင့်ခါတိုင်းသူ့ကိုအရမ်းချစ်ပြီးဂရုစိုက်ပေးတဲ့ဦးလေးကနှုတ်မဆက်ဘဲထွက်ခွာသွားတာနေမယ်
ထွက်သွားတဲ့အခါမှာလည်းစာရွက်တစ်ရွက်ဘဲချန်ထားခဲ့တယ်
ငါသွားပြီ
ကိုယ်ကိုဂရုစိုက်ဆိုပြီး
သွားမဲ့နေရာလည်းမပြောသွားဘူး။ဘယ်အချိန်ပြန်လာမလဲလည်းမပြောခဲ့ဘူး။
သူထွက်သွားတော့မယ်ဆိုတဲ့ဟာဘဲပြောခဲ့တယ်။
ဘယ့်လောက်ထိတောင်ဝမ်းနည်းလို့ဒီလိုလုံးဝအပြတ်ဖျက်ပြီးထွက်ခွာခဲ့ရတာလဲ။
cong ye ကကိစ္စရဲ့အစအဆုံးကိုမသိဘူး။ဒါပေမဲ့သူသိတာကဒီအိမ်သူနေပိုင်ခွင့်မရှိဘူး။အဲ့ဒါကြောငါ့အမြဲတမ်းအိမ်ကိုသန့်ရှင်းရေးလုပ်ပြီးတာနှင့်အပြင်ထွက်ပြီးတံခါးဝမှာထိုင်စောင့်တယ်။စောင့်ရတာပင်ပန်းတော့မှအနီးနားမှာဝယ်ထားတဲ့အိမ်ကိုပြန်တယ်။
ပိုပြီးတော့သူ့ကိုယ်သူရယ်ချင်တာကသူ့ရည်းစားကိုဆေးရုံသွားပို့တဲ့ညမှာရေနွေးသွားယူပြီးအခန်းထဲကိုဝင်တော့မဲ့အချိန်မှာသူ့ရည်းစားအကြောင်းကိုnurseတွေပြောနေတယးာကိုမတော်တဆကြားလိုက်တယ်
"ဒီမိန်းကလေးရူးနေလားမသိဘူး။အမြဲတမ်းနေမကောင်းချင်ယောင်ဆောင်တယ်။ဒီတစ်ခေါက်ကမူးလဲတယ်ဆိုပြီးဟန်ဆောင်ပြန်ရော"
"မိန်းကလေးကသူ့ရည်းစားရှေ့မှာပျော့နွဲ့သလိုယောင်ဆောင်ပြီးတော့
သူ့ရည်းစားစိတ်ပူပြီးသူ့ကိုလာကြည့်အောင်နေမကောင်းလို့ဆေးရုံတက်ရသလိုယောင်ဆောင်တာနေမှာပေါ့"
"ဟုတ်ပ။ဒီလိုအောက်တန်းကျတဲ့နည်းနှင်သူဲရည်းစားကိုအတင်းဆွဲခေါ်ထားတာရွံစရာကြီးကွယ်။liangဆရာဝန်ကလည်းဖုန်းဝှက်ပေးသေးတယ်။ဒုဆေးရုံမူးရဲ့မြေးမလေးဆိုတာနှင့်လုပ်ချင်သလိုလုပ်နေတာ"
"နင်တို့မသိဘူးမလား။သူ့ရည်းစားရှေ့မှာဆိုလိမ္မာလိုက်တာမပြောနှင့်။သူ့ရည်းစားထွက်သွားပြီဆိုတာနှင့်ငါတို့ကိုဆဲပြီးသူ့အိမ်ကအလုပ်သမားလိုမျိုးဆက်ဆံတာ"
"မုန်းစရာကြီးဟယ်……"
နောက်ဆုံးတော့ငါသူနှင့်လမ်းခွဲလိုက်တယ်
အမှန်တကယ်တော့nurseတွေပြောတာမကြားလဲဦးလေးထွက်ခွာသွားပြီးနောက်ပိုင်းသူဘယ်ကိစ္စကိုမှအာရုံမရဘူး
အမြဲတမ်းဦးလေးကိုတွေ့နေတော့ဒီလောက်ထိမသိသာဘူး။
တစ်ခါတစ်လေဦးလေးကိုအရမ်းအားကိုးလွန်းလို့နည်းနည်းခွာနေတာ
ဦးလေးတစ်ကယ်ထွက်သွားတဲ့အချိန်ရောက်မှသူ့အတွက်အရမ်းအရေးကြီးတဲ့သူလက်မလွှတ်နိုင်တဲ့သူကဘယ်သူမှန်းသိတော့တယ်
အထူးသဖြင့်ဦးလေးရဲ့အခန်းတစ်ခန်းလုံးသူ့ဓာတ်ပုံတွေကိုတွေ့တဲ့အခါမှာသူဘာကိုလွဲသွားလဲဆိုတာကိုသိတော့တယ်
သူတောင်းပန်ချင်တယ်။သူမှားသွားတယ်လို့ပြောချင်တယ်
သူတစ်ကယ်တော့ဦးလေးနှင့်အတူတစ်သက်လုံးနေချင်တယ်လို့ပြောချင်တယ်။
ဒါပေမဲ့ဦးလေးက……
သူအမြဲစောင့်နေတယ်။ဘယ်အချိန်မှရောက်လာမလဲဆိုတာကိုမသိတဲ့သူကိုစောင့်နေတယ်
သူနေ့တိုင်းပင်ပင်ပန်းပန်းစောင့်နေပေမဲ့လည်းလက်လျော့လိုက်မယ်လို့တစ်ခါမှမတွေးဖူးဘူး။သူ့စိတ်ထဲမှာဦးလေးပြန်လာမယ်လို့ယုံကြည်နေတုန်းဘဲ……
တကယ်ပြန်လာမယ်ဆိုတာကို……
cong ye ကဦးလေးနှင့်အရင်ကအကြောင်းကိုစဉ်းစားနေရင်းပစ္စည်းပြုတ်ကျသံတစ်ခုကိုသတိထားမိလိုက်တယ်
သူခေါင်းလည့်ပြီးကြည့်လိုက်တဲ့အချိန်မှာခန္ဓာကိုယ်တစ်ခုလုံးကစိတ်လှုပ်ရှားပြီးတုန်လှုပ်နေတယ်။
လမ်းကြောင်းအဆုံးရဲ့ဓာတ်လှေခါးတံခါးဝမှာအရက်ရှည်ပြီးရုပ်ခန့်တဲ့ယောကျားတစ်ယောက်ကကြောင်တောင်တောင်နှင့်သူ့ကိုကြည့်နေတယ်ဆံပင်ကလည်းအရင်ကထက်နည်းနည်းပိုရှည်တယ်။ဒါပေမဲ့သူ့ရုပ်ကလုံးဝမပြောင်းဘူးအရင်ကလိုဘဲ။
ခရီးဆောင်အိတ်လည်းမပါဘူး။ ဒီတိုင်းဘဲတစ်ချက်လာကြည့်သလိုနှင့်။
အဖြူရောင်coatအရှည်ကလည်းလူကိုအိမ်မက်လိုဖြစ်စေတယ်
"ဦးလေး!"cong ye ရဲ့ဦးနှောက်ကအခုအခြေအနေကိုသေချာမစဉ်းစားနိုင်တော့ဘဲခန္ဓာကိုယ်ကအရင်ပြေးပြီးယောကျားကိုဆွဲဖက်လိုက်တယ်
ချက်ချင်းဘဲသူအရမ်းရင်းနှီးတဲ့အနှံ့ကိုရလိုက်တဲ့အချိန်မှာသူမျက်စ်နီလာတယ်။
"နင်ကဘာဖြစ်လို့…"bai qian yan ကကြောင်သွားတယ်။အမှန်တော့သူကတစ်ချက်လေးဘဲခိုးကြည့်ပြီးပြန်သွားမယ်လို့လုပ်ထားတာသူထိန်းလာခဲ့တဲ့ကလေးကတံခါးဝမှာထိုင်နေမယ်ဆိုတာကိုမထင်ထားဘူး။
"ကျွန်တော်အမြဲစောင့်နေတာ။အမြဲစောင့်နေတာ…"cong ye ကခါတိုင်းဆိုစိတ်ငြိမ်ငြိမ်နှင့်ဘာကိစ္စမဆိုအေးအေးဆေးဆေးဖြေရှင်းနိုင်တယ်။အခုတော့သူ့အသံမှာဝမ်းနည်းပြီးမခွဲခွာနိုင်တဲ့အသံမျိုးနှင့်ငိုတော့မလိုဖြစ်နေတယ်
"………"
"ဘာဖြစ်လို့လုံးဝကိုပြန်မလာတာလဲ"
"………"
"cong ye အမှားလုပ်မိရင်cong ye ကိုရိုက်ရင်ရိုက်ဘာကြောင့်ဒီတိုင်းဘာမှမပြောဘဲထွက်သွားတာလဲ"
"………"
"ကျွန်တော်ဘယ်လောက်ထိဦးလေးကိုစိတ်ပူလဲသိလား။ညတိုင်းကောင်းကောင်းအိပ်လို့မပျော်။အမြဲတမ်းအိမ်မက်ထဲမှာဦးလေးတစ်ယောက်တည်းအပြင်မှာမကောင်းတာဖြစ်တာကို………ကျွန်တော်ရူးတော့မယ်…"
"……cong ye……"
"နောက်တစ်ခေါက်ထပ်ပြီးမထွက်ခွာပါနှင့်တော့။တစ်သက်လုံးမထွက်ခွာပါနှင့်တော့"
ပြောပြီးပြီးချင်းယောကျားရဲ့အံ့သြနေတဲ့မျက်နှာကိုဂရုမစိုက်တော့ဘဲခေါင်းအနောက်ကနေထိန်းပြီးအတင်းနက်နက်နဲနဲကိုနမ်းလိုက်တယ်။ပြီးတော့သူရဲ့နှုတ်ခမ်းကိုအလွှတ်မပေးဘဲခဏခဏကိုက်တယ်
"……cong ye?!…အင်…"
"bai qian yan ကျွန်တော်ခင်ဗျားကိုချစ်တယ်"
ဒီအချိန်မှာပြန်တွေ့ပြီးပျော်နေတဲ့နှစ်ယောက်ကမသိဘူး။
သူတို့ရဲ့မနီးမဝေးလမ်းမပေါ်မှာမီးခိုးရောင်ကhe lan shi jueကားတစ်စီးအမြန်မောင်းလာတယ်
အဲ့ပြိုင်ကားပေါ်မှာလူသုံးယောက်ရှိတယ်။ဘယ်သူတွေလဲဆိုတော့အရင်ကbai qian yan ကိုပိတ်ခဲ့တဲ့မျက်နှာသေနှင့်jiang,အရုပ်နှင့်တူတဲ့တစ်ယောက်ရယ်ရဲမူးနှင့်မတူတဲ့ရဲရယ်။
သူတို့တွေကယောကျားဒီမှာရှိတယ်ဆိုတဲ့သတင်းကိုကြားပြီးအမြန်ရောက်လာတယ်။
ဒီနေ့လည်းအိပ်ရေးပျက်မဲ့နေ့တစ်နေ့ဘဲ
ဒီလိုအတိုင်းဘဲယောကျားရဲ့ဘဝကလည်းတစ်သက်လုံးတည်ငြိမ်မှုမရှိလောက်တော့ဘူး

Wu Yu Yan ShangWhere stories live. Discover now