အခန်း၁၇(uni+zaw)

12.8K 372 12
                                    

(unicode)

အချိန်မရှိတော့ဘူးဆိုတာ သိပေမဲ့ သူမတစ်ကိုယ်လုံး သိမ်းဆည်းလုပ်ကိုင်ထားတော့ ချွေးတွေစို့ပြီး နေရတာလည်း ညည်းစိစိနဲ့မကောင်းပေ။
ထို့ကြောင့် နောက်တခေါက် ရေချိုးဖို့ပြင်ရသည်။

မွန် ရေချိုးနေရင်းမှ အတွေးတွေက ပြန်ပြီးလွှင့်နေရသည်။စားသောက်ပြီးတော့လည်း နည်းနည်း ပါးပါးကူသိမ်းမယ်မရှိဘူး၊ တို့ကနဲဆိတ်ကနဲစားပြီးတာနဲ့ သောက်တဲ့ဗူးတစ်ဗူးကိုင်ကာ အိမ်ရှေ့ထွက်သွားသည်။ သူ့မိခင်ကလည်း ဘာတွေဘယ်လိုကြိုမြင်ပြီးလဲမသိ၊ဧည့်ခန်းကTvတောင် လက်မ၄၀နဲ့ သူ့သားအကြိုက်ထားပေးထားသည်။မွန် ဖြစ်ချင်တာက သူ့အမွေတွေစွန့်လွတ်ပြီး ဒင်းနည်းနည်းလေးဖြစ်ဖြစ်ဒုက္ခရောက်စေချင်လို့ပါ၊အခုတော့ သူကပိုတောင်အဆင်ပြေနေသေး။တွေးရင်းနဲ့ အချိန်ကြာလာတော့ ရေချိုးခြင်းကို လက်စသတ်လိုက်သည်။

''ကြည့်..စည်းကမ်းက မရှိပြန်ဘူး''

အိပ်ခန်းထဲရောက်တော့ မှန်တင်ခုံရှေ့က ထိုင်ခုံပေါ်မှာ ချွတ်ပြီးသား အင်္ကျီက အပုံလိုက်။မြင်သမျှ လိုက်ပြီး ပြောနေတော့လည်း ကိုယ်ပဲ ပစိပစပ်များတဲ့မိန်းမကြီး ဖြစ်ပြန်ရော။ထို့ကြောင့် ခေါင်းအသာယမ်းလိုက်ပြီး သူ့အင်္ကျီကို လျှော်စရာတွေထည့်ဖို့ခြင်း မဝယ်ရသေးတော့ အင်္ကျီထည့်လာတဲ့ စက္ကူအိတ်တစ်လုံးထဲကောက်ထည့်လိုက်သည်။မွန် ချွတ်ထားတဲ့အပေါ်အင်္ကျီတွေနဲ့အတူတူထည့်လိုက်သည်။

အခန်းထဲမှာ ထဘီရင်လျားနဲ့ သဘက်လေးလွှမ်းခြုံပြီး မြင်သမျှသိမ်းနေရင်းမှ အခုအခြေအနေကို သဘောပေါက်သွားရသည်။
ညဘက်အချိန်မှာ အခန်းထဲမှာ ဒီလိုပုံစံနဲ့ အကြာကြီးနေတဲ့ ကိုယ့်ကို ပြန်သတိပေးရင်း သူ ဝင်လာမှ ဒုက္ခဟု ရင်ထဲမှာ ညည်းမိသည်။ အရင်ကတည်းကမှ 'လင်မယားလိုပေါင်းဖက်ချင်တာပါ''လို့ သူပြောခဲ့တဲ့စကားတွေလည်း ရှိတော့ မွန် ကျောချမ်းလာရသည်။

''ရေထပ်ချိုးနေတာလား....''

''ဟင်.....''

ညဝတ်အိပ်ဖို့ သင့်တော်ရာ အဝတ်အစားကို
အပြူးအပြဲရှာနေတုန်း ထွက်လာတဲ့ သူ့အသံကြောင့် လက်တွေက ရပ်တန့်သွားပြီး မျက်လုံး ပြူးသွားရသည်။သူလာပြီဆိုတာသိပေမဲ့ အင်္ကျီကလည်းမဝတ်ရသေး။ မွန် အကြီးအကျယ်ဒုက္ခရောက်သွားပြီးတွေ့တဲ့အင်္ကျီပဲ ဆွဲယူလိုက်သည်။

အချစ်တွေနဲ့ ပန်တော်မူ(completed)Where stories live. Discover now