အခန်း၂၁(uni+zaw)

20.2K 386 6
                                    

(unicode)

အိပ်ခန်းထဲက ခုတင်ပေါ်တွင် အပေါ်ပိုင်း
ကိုယ်ဗလာနဲ့ ခေါင်းအုံး၂လုံးဆင့်ခံကာ နိဒါန်းက စီးကရက်သောက်နေသည်။ မွန်က မလုံမခြုံ ဖြစ်နေတဲ့ကိုယ်လုံးလေးကို စောင်နဲ့ ခြုံထားပြီး တဖက်စောင်းလှည့်အိပ်ကာ ကိုယ်လေး တုန်ပြီးငိုသည်။သူနဲ့ကိစ္စ ဖြစ်ပြီးကတည်းက ငိုရလွန်းလို့ မျက်နှာလေးက နီရဲဖောင်းအစ်နေသည်။

''ကတိမတည်တဲ့လူ..ရှင့်ကို ယုံစားမိတာ မွန့်အမှားသိလား...''

''ကိုယ်ကတော့ ချစ်တယ်...''

သူ့ကို ခေါင်းအုံးတွေနဲ့ပစ်ပေါက်၊ ပြောဆိုလိုက်တာလည်း ရစရာမရှိ။ပထမဆုံးတခေါက်အတူ
နေပေလို့ဘဲ သူ့ရင်ဘက်တွေ၊ကျောကုန်းတွေဆိုလည်း ကုတ်ဖဲ့ထားတာ မြင်လို့မကောင်း။

''ဟင့်အင်း...မယုံဘူး..ရှင်အလိုရှိတာ ယူပြီးလို့လျှောက်ပြောတာ''

''မွန်..''

''မခေါ်နဲ့ ''

''ကိုယ် ပြောတာ နားထောင်ပါအုံး''

နိဒါန်းက စီးကရက်ကို ခုတင်လက်တန်းနဲ့ ဖိချေပြီး၊ စောင်ထဲမှာလုံးထွေးနေတဲ့ သူမလေးကိုနောက်ကနေ သိမ်းကျုံးဖက်လိုက်သည်။

''ချစ်ဖို့ကောင်းတယ်...အဟွန်း''

''ရှင်နော်..မွန့်အသားတွေကိုလည်း လာမထိနဲ့''

''ထိရုံတင်မကဘူး..မင်းကို ကြိုက်တာ လုပ်ပိုင်ခွင့်ရှိတယ် ၊ ဥပမာ ခုနကလိုမျိုး''

စောင်ပေါ်က လှစ်ဟာနေတဲ့ပုခုံးသားလေးတွေကိုသူနမ်းရှိုက်ရင်း သူမလေးကိုဖက်လိုက်သည်။
ထိတွေ့လိုက်တာနဲ့ ပေါက်ထွက်မတက်ဖြစ်နေတဲ့ရင်ဘက်အစုံက အပြင်ထိ အသံတွေထွက်လျက်။
သူမလေးကို သူ့ဘက်က ချစ်မိနေတယ်ဆိုတာ သေချာနေ၏။

''မွန်..ကိုယ်တောင်းပန်ပါတယ်ကွာ..မငိုနဲ့တော့နော်''

''ဟင့်အင်း...

''မင်းနဲ့အများကြီးပြေလည်ချင်တယ်...''

''ရှင် အရယူပြီးမှ ပြေလည်ချင်တာတဲ့လား ''

''မဟုတ်ဘူး..ကိုယ် ပြောပြထားတာနားထောင်ပါအုံး''

''ရှင့်ဘက်က မွန့်ဆီက အချစ်လည်းမဟုတ်သလို ကြင်နာယုယမှုကိုလိုချင်တာမဟုတ်ဘူး၊ရှင်လိုချင်တဲ့အရာက မွန့်ရဲ့ခန္ဓာကိုယ်မလား''

အချစ်တွေနဲ့ ပန်တော်မူ(completed)Where stories live. Discover now