အခန်း၂၄(uni+zaw)

19.1K 381 3
                                    

(unicode)

အချိန်ကား ည၈နာရီ။ နိဒါန်းက စီးကရက်သောက်ရင်း ထိုင်ခုံအရှည်မှာ ဘေးတစောင်းလဲဲပြီး phကြည့်နေသည်။မွန်က မီးပူတိုက်ရင်း ဖွင့်ထားတဲ့ ဖွင့်ထားတဲ့Tvကိုလှမ်းလှမ်းကြည့်သည်။

''ကို...အဲ့ဒီမင်းသားက ချောတယ်နော်''

ခေါ်လိုက်တဲ့နာမ်စားကြောင့် ကျေနပ်သွားပေမဲ့
ဆက်ပြောလိုက်တဲ့စကားကြောင့် ရင်ခံသွားရသည်။ ဒီဖြူစုတ်စုတ် ကိုရီးယားကောင်ကိုများ၊ချောတယ်ဆိုတော့..။

''ကိုယ့်ကို မမှီပါဘူး..၊မင်း သေချာကြည့်အုံး''

''ရှင်ကလေ..တကယ်သိလား ''

မွန် မျက်စောင်းလေးရွယ်ရင်း သူ့ပုဆိုးကို မီးပူသေချာထိုးပေးနေလိုက်သည်။သူ ပုဆိုးဝတ်တိုင်းမွန် သိပ်သဘောကျရပေမဲ့၊ခက်တာက ညဘက်အိပ်ချိန်ကလွဲပြီး ကျန်တဲ့အချိန်ဆို ဘောင်းဘီရှည်နဲ့။ထို့ကြောင့် သူပုဆိုးဝတ်ချိန်ကို ကြည့်ချင်ရင် ညဘက်တွေကိုကြည့်မှရမည်။

''မဟုတ်လို့လား..သူနဲ့ကိုယ် အရပ်ချင်းလည်း
မကွာဘူး၊ အသားအရေဆို ကိုယ်ကပိုပြီးယောကျာ်းပီသတာ..အင်း..ကျန်တာတွေဆိုလည်းကိုယ်ကချည်း သာနေမှာကျိန်းသေ''

''ရှင်နဲ့သူ အသားအရည်ကိုယှဥ်လေ၊ဟိုက ဖြူဥနေတာ''

''ယောကျာ်းဖြစ်ပြီး အဲ့ဒီလောက်အသားဖြူနေရင် ဘယ်ကောင်းမလဲကွ၊ ကိုယ့်လိုမျိူးမှ ''

''တော်ပြီ..ရှင်နဲ့စကားနိုင်မလုတော့ဘူးသိလား ''

မွန်က သိမ်းစရာတွေယူပြီး ဘီရိုထဲသွားထည့်ဖို့ပြင်လိုက်သည်။ ညနေက မေမေလာပြောတဲ့ကိစ္စကိုတော့ အိပ်ယာဝင်မှပြောမယ်ဟု တွေးထားလိုက်သည်။

အခန်းထဲကို ခပ်လှုပ်လှုပ်ဝင်သွားတော့ သူမလေးကို လှမ်းကြည့်ပြီး၊ရင်ခုန်သံတွေမြန်လာရသည်။
ဘယ်လိုကြည့်ကြည့် ထင်းနေတဲ့ ကိုယ်ဟန်က
ဒီ့ကောင်ကို အရူးအမူးပိုပြီးဖြစ်စေတာ အမှန်။

တစိမ့်စိမ့်ကြည့်ပြီး စိတ်ထဲမှာ နည်းနည်းပစ်မှားနေတုန်း သီချင်းသံတိုးတိုးကြောင့် ဖုန်းလာနေမှန်းသိလိုက်သည်။

အချစ်တွေနဲ့ ပန်တော်မူ(completed)Where stories live. Discover now