အခန်း၃၃(uni+zaw)

19.4K 378 6
                                    

(unicode)

ညအိပ်ယာဝင်တော့မှာဆိုတော့ မျက်နှာကို
ဘာမှ လူးမနေတော့ပေ။ အင်္ကျီနဲ့ထဘီ လဲပြီးတာနဲ့ ခုတင်ပေါ်သို့တက်လိုက်သည်။အရင်က တစ်ယောက်အိပ်ခုတင်လေး ဘယ်နားသွားထားလည်းမသိ။အခုတော့ နှစ်ယောက်အိပ်ခုတင်ကြီးက ခန်းလုံးအပြည့်။ အိပ်ယာခင်း အရောင်ကို အဝါနုအဖျော့လေးတွေ ဆင်ပေးထားတော့မျက်စိအေးပြီး မွန်ကတော့ သဘောကျရသည်။

''အခုမှ သတိရတယ်..ဖျာခင်းပေးရမှာကို''

နေ့လည်က ပူတယ်ချည်းပြောနေတဲ့ သူ့အသံကို သတိရသွားပြီး ပြန်ထဖို့ ပြင်လိုက်သည်။

''ထားလိုက်တော့ ကိုယ်အင်္ကျီချွတ်အိပ်မှာ''

''အဲ့ဒါဆိုလည်း ခဏဖယ်အုံး၊ မီးသွားပိတ်အုံးမယ်''

''ဘာလို့ပိတ်မှာလဲ..အိပ်မှမအိပ်သေးတာကို''

''ခုတင်ပေါ်ရောက်နေမှ အိပ်ပျော်သွားရင် ဘယ်လိုလုပ်မလဲ..ရှင်လည်းထပိတ်မှာမဟုတ်ဘူး၊ ဖယ်ပေး''

မွန့်ရဲ့လက်ကို သူကအတင်းဆွဲထားသည်။အခန်းက နောက်ဖွေးမှာပေမဲ့ အိမ်ရှေ့မှာ ဒေါ်လေးတို့လင်မယားရှိသည်။ထို့ကြောင့် လေသံတိုးတိုးလေးနဲ့ပြောပြီးရုန်းထွက်လိုက်သည်။

''ကျွတ်..မှောင်းမည်းကြီးနဲ့ နေရရင် ဖီးလ်အောက်တယ်၊ကိုယ်က မြင်နေရမှ''

''ရှင်နော်...ဘာကို ဖီးလ်အောက်တာလဲ''

ဘာလိုလိုစကားကြောင့် ခပ်တိုးတိုးလှည့်အော်လိုက်ရသေးသည်။ ခေါင်းအုံးပေါ်မှာ လက်နှစ်ဖက်ခုအိပ်နေပြီး မွန့်ကိုကြည့်ပြီး ပြောနေတဲ့ပုံကနှစ်ယောက်ထဲ ဟန်နီးမွန်းထွက်လာတယ်များထင်နေလားမသိ။

''မီးချောင်းပိတ်ရင်တောင် မင်းတံခါးအပေါ်က မီးလုံးအဝါလေးဖွင့်လိုက်ကွာ''

''ရှင်ကလည်း...လင်မယားအခန်းဆိုတာ လင်းနေရင်မကောင်းဘူးလေ၊တော်ကြာ ဒေါ်လေးတို့နောက်ဖွေးလာရင်ဘယ်လိုလုပ်မလဲ''

''လာလည်း တံခါးပိတ်ထားတာပဲ၊မမြင်ရပါဘူး..ဖွင့်ထားလိုက်စမ်းပါ..ကိုယ်ကမှောင်ရင်ပိုအိုက်တယ်တယ်''

''ရှင့်ကြမှ ပြောင်းပြန်ပါလား၊သူများတွေက အလင်းရောင်မြင်ရင်ပိုပြီးပူတာ''

အချစ်တွေနဲ့ ပန်တော်မူ(completed)Where stories live. Discover now