အခန်း၃၁(uni+zaw)

14.7K 358 4
                                    

(unicode)

ပူစပ်ပူလောင် ခံစားမှုဖြင့် မွန် အိပ်ယာက နိုးလာရသည်။ အပြင်က ဒေါ်လေးနဲ့ အမျိုးသမီးတစ်ယောက်ရဲ့အသံကိုကြားမှ ကိုယ့်အိမ်ကို ပြန်ရောက်နေမှန်းသိလိုက်သည်။

''အိုက်ပါတယ်ဆို...ရှင်ကတော့''

နိဒါန်းက မွန့်ရဲ့ခါးလေးကို သိမ်းဖက်ပြီး ခြေထောက်အချင်းချင်းပါ လာထပ်ထားသေးသည်။ သူ့ရင်ခွင်ထဲက ရုန်းထွက်ပြီး ဆံပင်လေးတွေသပ်ချ၊ အင်္ကျီလေးတွေ ဆွဲဆန့်ပြီးအိပ်ယာထလိုက်သည်။

''ကို...ကို...''

''အင်းးး''

''ထတော့လေ..အချိန်မနည်းတော့ဘူးထင်တယ်''

''အင်း..ခဏလေးပဲ ''

''ရှင်နော်...ထပါဆို ၊ အဲ့ဒါနဲ့ မိုးချုပ်သွားမယ်သိရဲ့လား''

''အင်း..ထပါပြီကွာ...''

သူလည်း အိပ်ရေးဝသွားပါပြီ၊ထို့ကြောင့် ကျုံးထလိုက်သည်။မျက်စိဖွင့်ဖွင့်ချင်း သူ့ကိုကျောပေးပြီး ထဘီအကျအနဝတ်နေတဲ့ မွန့်ကိုတွေ့ရသည်။
ပြေပြစ်လှတဲ့နောက်ကျောနဲ့ လုံးဝန်းတဲ့သူမရဲ့တင်ပါးလှလှတွေကို စိုက်ကြည့်လိုက်ပြီး ကိုယ့်အပိုင်ပါလားဆိုပြီး ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရသည်။

''ကြည့်စမ်း...ရှင် ရှင် သေချာကြည့်နေတာလား''

ကိုယ့်ယောကျာ်းပေမဲ့ သူ့ဘက်က မျက်တောင်
မခက် စိုက်ကြည့်နေတော့ရှက်သွားရသည်။

''ဘာလဲကွာ...အကုန်မြင်ဖူးပြီးတာလေ''

''ရှင်နော်..လူကြီးတွေနဲ့ စကားပြောဆင်ခြင်''

''ဆောရီး..ဆောရီး၊ ကိုယ်ရေချိုးချင်ပြီ သွားချိုးလိုက်မယ်နော်''

''အင်း..''

''သဘက်ပတ်ပြီးထွက်လို့မဖြစ်ဘူး၊ ကိုယ့်ကိုပုဆိုးတော့ရှာပေးကွာ''

''အင်း...''

သူ့အဝတ်အိတ်ဖွင့်လိုက်ပြီး ပုဆိုးရှာပုံတော်ဖွင့်ရသည်။ ယူလာသမျှအကောင်းတွေချည်းမို့ ရေလဲပုဆိုးကိုဘာပေးရမှန်းမသိ။လေးလေးဟာ ယူဝတ်လို့ပြောရင်လည်း ကိုကြီးကျယ်က ခေါင်းခါမှာကျိန်းသေသည်။

အချစ်တွေနဲ့ ပန်တော်မူ(completed)Where stories live. Discover now