Part 2

346 54 27
                                    

[ နာကျင်နေသော နှလုံးသားလေးရယ်]

ဒီနေ့က သောကြာနေ့။ ညနေပိုင်း ကိုယ်ပိုင်စာလုပ်ချိန်ပေးထားသည့် အချိန်ဖြစ်သည်။ စာဆို အောင်မှတ်ရရုံလောက်သာ လုပ်သည့် Jiwoongက ကိုယ်ပိုင်စာလုပ်ချိန်ဆို မှောက်အိပ်နေတာဖြစ်ဖြစ် လုပ်တတ်လေ့ရှိသည်။

Rickyကတော့ မတူ။ မိဘအသိုင်းဝိုင်းကြီးကလာတာဆိုတော့ Rickyကို အမြဲတမ်း သူ့မိဘတွေက စာကြိုးစားရန် တွန်းအားပေးလေ့ရှိသည်။ ဒါကို Rickyကလည်း လက်ခံပါသည်။ သူစာကြိုးစားရမည်ဆိုသည့် အသိလေးက အမြဲတမ်း ရှိသည်။

" မင်းကတော့ ပုံမှန်အတိုင်းပဲနော် စာတွေကြိုးစားနေပြန်ပြီ "

" ကိုယ်ပိုင်စာလုပ်ချိန်မှာ စာမလုပ်လို့ ငါကဘာသွားလုပ်ရမှာလဲ "

Rickyက ထိုသို့ပင် စကားကို တည့်တိုးပြောတတ်သူ့သူမျိုး။

" မင်း စကားကို အဲ့လိုတွေ ဘုကလန့်ပြောလွန်းလို့ ရည်းစားမရတာ "

" ငါ့ဘာသာငါအပူမရှာချင်လို့ "

" အဲ့လိုပါပဲ ရုပ်လေးရှိပြီး မစွံတဲ့ကောင်တွေပြောနေကျစကားလေးပေါ့ "

Rickyမှ သက်ပြင်းချကာ

" မင်း အားယားနေရင်လည်း မင်းကောင်မလေးဆီသွားနေရင်နေ ငါမင်းကို ထမထိုးမိခင်အချိန်အထိ "

Jiwoongက Rickyစိတ်တိုပြီးပြောတာမြင်တော့ ထရယ်သည်။ အမြဲစနောက်နေကျကိုး။

" အဲ့တာဆိုလည်း မင်းပြောသလိုပဲ ငါ့ကောင်မလေး အခန်းဘက်ခဏသွားလိုက်ပါဦးမယ်လေ "

စာကိုသာ ဆက်ကြည့်နေသည့် Rickyက Jiwoongဆီကိုတောင် အကြည့်မလွှဲဘဲ သွားသွား ဟူသည့် သဘောဖြင့် လက်ခါပြသည်။

.........

Yeriတို့ အခန်းရှေ့ကိုရောက်တော့ အကြောင်းသိနေပြီးသား အခန်းဖော်တွေက Yeriကို Jiwoongရောက်ကြောင်း လှမ်းပြောသည်။

Jiwoongကိုလည်း မြင်ရော ပြုံးပြီး မပြေးရုံတစ်မယ် အခန်းပေါက်ဝရောက်လာသည်။ ကျောင်းဝတ်စုံကိုမှ အပေါ်ကနေ ခရမ်းရောင်cardiganလေး ထပ်ထားသည့် Yeriက ရိုးရိုးလေးနဲ့ လှပနေသည်။ ကျောလယ်ထိရောက်နေသည့် အညိုရောင်ဆံနွယ်လိမ်လိမ်ကောက်ကောက်ကလေးကလည်း ပန်းနုရောင်သမ်းသည့် မျက်နှာလေးနှင့် ပနံသင့်စွာ လိုက်ဖက်လျက်ရှိသည်။

Second Chance - Woongtthew (Ongoing)Tempat cerita menjadi hidup. Temukan sekarang