Part 23

86 12 3
                                    

ညနေက Cherryကို ပြန်လိုက်ပို့ပေးနေတုန်း Matthewဆီမှ ဝင်လာသည့် စာကြောင့် Jiwoong စာပြန်ပို့လိုက်သည်။

သို့ပေမဲ့ ပြန်စာရောက်မလာတာကြောင့် ဖုန်းခေါ်တော့ ကောင်လေးက အပြင်ရောက်ရင်တစ်ခါတည်း သူ့ကိုဝင်ခေါ်ဟုသာပြောပြီး ဖုန်းချသွားလေသည်။ Matthewတစ်ခုခုတော့ဖြစ်ထားပြီထင်သည်။

အကြောင်းအရင်းကို တွေ့မှသာမေးမည်ဟု ဆုံးဖြတ်လိုက်ပြီး ကားကိုကွေ့ကာ Matthewအိမ်သို့ဦးတည်လိုက်သည်။

အိမ်ရှေ့ရောက်ကြောင်း ဟွန်းတီးလိုက်တော့ အသင့်စောင့်နေသည့် ကောင်လေးက ကျောပိုးအိတ်လေးလွယ်ကာ ထွက်လာသည်။

" တီလေးကို ကိုယ်ဝင်မနှုတ်ဆက်တော့ဘူးနော် "

" ရပါတယ် ခဏပဲကို မနှုတ်ဆက်လည်းဘာမှမဖြစ်ပါဘူး "

ကားရှေ့ခန်းထဲ Matthewဝင်ထိုင်လိုက်သည်နှင့် ရလိုက်သည့် တစ်မူထူးခြားနေသော မိန်းကလေးသုံးရေမွှေးအနံ့ကြောင့် Cherryက ကားရှေ့ခန်းမှာထိုင်ခဲ့မှန်း ရိပ်မိလိုက်သည်။

" ဘာဖြစ်လို့လဲ babe "

ကားပေါ်ဝင်ထိုင်ကတည်းက မျက်နှာအမူရာပြောင်းနေသည်မလို့ Jiwoongမေးလိုက်ခြင်းဖြစ်သည်။

Matthewလည်း အစကတော့ မသိချင်ယောင်ဆောင်လိုက်ချင်ပေမဲ့ ပြန်ဖြေလာမည့် Jiwoongရဲ့ အဖြေကိုသိချင်တာမလို့

" အာ...ရေမွှေးအနံ့တစ်ခုရလိုက်လို့ပါ Hyungသုံးနေကျဟာမဟုတ်ဘဲ....ပန်းအနံ့လိုမျိုး မိန်းကလေးသုံးတဲ့ဟာမျိုးထင်တယ် "

Matthewအပြောကို Jiwoongက ရယ်ကာ နဖူးလေးကို မနာအောင်လှမ်းတောက်လိုက်ရင်း

" ဒီကောင်လေးတော့! ဘယ်မိန်းကလေးက ကိုယ့်ကားထဲဝင်ထိုင်လို့ မိန်းကလေးသုံးရေမွှေးအနံ့ရရမှာလဲ "

Hyungက အဆုံးထိကို လိမ်တာပဲ...။ ဘာမှမဖြစ်သလိုရယ်ပြနေတဲ့ Jiwoongကိုသေချာစွာကြည့်ရင်း Matthewတွေးမိပါသည်။

အကယ်လို့များ ဒီနေ့ Hyungကိုတစ်ခြားကောင်မလေးတစ်ယောက်နဲ့ တွေ့လိုက်တယ် လို့များပြောရင် သူ့ကို ဘယ်လိုဖြေရှင်းချက်မျိုးပေးလောက်မလဲဟင်..။

Second Chance - Woongtthew (Ongoing)Where stories live. Discover now