Part 6

426 55 20
                                    

ဘုရားသခင်ရယ်....တောင်းဆုတစ်ခုကိုသာတောင်းရမယ်ဆိုရင်အချိန်အပိုင်းလေးကို မရွေ့စေတော့ဘဲ ရပ်န့်ထားချင်မိပါတယ်....။

___________________

" Hyung! "

သစ်သီးဆိုင်ရဲ့အရှေ့မှာ မြင်ဖူးနေသယောင်ရှိသည်ဆို၍ ကြည့်လိုက်ကာမှ အမှန်ပင် Jiwoongဖြစ်နေသည်မလို့ Matthew လှမ်းခေါ်မိလိုက်သည်။

" Matthew! "

သူတောင်သတိမထားမိလိုက်ခင် အချိန်မှာပဲ Jiwoongအနားကို ရောက်သွားပြီဖြစ်သည်။

" Hyungဒီမှာ ဘာလုပ်နေတာလဲ အိမ်မပြန်ဘူးလား ကျွန်တော် ပေးလိုက်တဲ့ ထီးရော "

Jiwoongတစ်ကိုယ်လုံးကိုကြည့်ကာ မေးခွန်းတွေ မေးနေသည်က အလွန်ပင် စိတ်ပူနေသည့်ပုံ။

" Matthew ပေးလိုက်တဲ့ ထီးက Yeriကို ပေးလိုက်တာလေ။ Hyungတို့က Busကားနဲ့ပဲ ပြန်လာတာ။ အဲ့တာ Yeri အိမ်က Busကားဂိတ်နဲ့ဝေးသေးလို့ သူ့ကိုထီးပေးလိုက်တာ "

" အဲ့တာဆို ဘာလို့Hyungက ဒီမှာရှိနေရတာလဲ "

Jiwoongက မပြောသေးဘဲ ရယ်ပြကာ

" အဲ့တာကလေ Hyung ပြန်လာရင်း ကားပေါ် အိပ်ပျော်သွားလို့ မှတ်တိုင်ကျော်သွားတာ ဆင်းလာတော့မှ Matthewတို့ ရပ်ကွက်မှန်းသတိထားမိတာ "

" အဲ့တော့ အခု နောက်Busကားစောင့်ရင်း ဒီမှာ မိုးဝင်ခိုနေတယ်ပေါ့ "

" အင်း ဟုတ်တယ် "

Matthewခမျာမှာလည်း Jiwoongကြောင့် ငိုရခက် ရယ်ရခက်ပင်။ အောက်ပိုင်းဒူးလောက်ထိက စိုရွှဲနေပြီး အပေါ်မှာလည်း မိုးအနည်းငယ်မိထား၍ ရေစိုစက်လက်ဖြစ်နေသည့် Jiwoongကို ဒီအတိုင်း ဘယ်ထားခဲ့ရက်နိုင်ပါ့မလဲ။

" ကျွန်တော့် အိမ်နဲ့လည်း ဝေးတော့တာမဟုတ်ဘူးဆိုတော့ လိုက်ခဲ့လိုက်တော့ "

ဆိုကာ Jiwoongကို ဆွဲလျက် ထီးတစ်ချောင်းအောက်မှာ အတူခိုလှုံကာ ပြန်လာခဲ့ကြသည်။ သူ့ထပ်အရပ်အနည်းငယ် ပိုရှည်နေသည့် Jiwoongကြောင့် ထီးဆောင်းပေးရတာ အခက်ခဲဖြစ်သည်ဆိုပေမဲ့ လျစ်လျူရှုထားလိုက်ပါသည်။

Second Chance - Woongtthew (Ongoing)Where stories live. Discover now