Part 18

250 30 4
                                    

တနင်္လါ​ေန့ရဲ့ မနက်ခင်းမှာ ကျောင်းသားပေါင်းစုံရဲ့ ငြီးငြူသံကိုကြားရသည်က အထူးအဆန်းမဟုတ်တော့ချေ။ နှစ်ရက်ပိတ်တာနားလာရပေမဲ့ ကျောင်းပြန်ဖွင့်တော့မတက်ချင်တော့ပြန်။ ဒီတက္ကသိုလ်ကိုရောက်အောင် ကြိုးစားခဲ့တာမှန်ပေမဲ့ ကျောင်းသားတိုင်းနီးပါး တင်္နလာနေ့ကိုမုန်းကြတာတော့အမှန်ပင်။

" Ricky ငါတို့ဒီနေ့ အတန်းလစ်ကြမလား "

ကျောင်းမသွားချင်တဲ့Jiwoongက မဲဆွယ်တော့

" ဟျောင့် ငါတို့ကအရင်ကလို အတန်းကိုလစ်ချင်တိုင်းလစ်လို့ရတဲ့အထက်တန်းကျောင်းသားတွေမဟုတ်တော့ဘူးနော် ဒီတက္ကသိုလ်ရောက်အောင် မနည်းကြိုးစားထားရတာ မရဘူး! အတန်းတက်! "

ဟု Rickyကပြန်ပြောတော့ Jiwoongက မျက်နှာကြီးဆူပုတ်ကာ စိတ်ဆိုးချင်ယောင်ဆောင်တော့သည်။

" ဟျောင့် မနက်ခင်းကြီး ကျက်သရေတုံးအောင်အဲ့ရုပ်ကြီးလုပ်မနေနဲ့ မင်းစိတ်ကောက်လည်းချော့ရအောင် ငါကMatthewမဟုတ်ဘူး သွားမယ် အတန်းနောက်ကျနေပြီ! "

" အေးပါ လာပါပြီ အဖေရယ်! "

စကားကိုဆို ချိုချိုသာသာပြောတတ်တဲ့သူငယ်ချင်းလေးပိုင်ဆိုင်ထားတော့ နည်းနည်းမှမငြီးငြူရဲ။ Rickyက ကျန်တဲ့သူတွေအပေါ်သာ ချိုသာယဥ်ကျေးတာ သူ့ကိုဆို သူငယ်ချင်းအရင်းမလို့လားမသိ စကားပြောရင် ဘုနဲ့ဘောက်။

...........

မနက်ပိုင်းနှစ်ချိန်သင်ပြီးသည့်နောက် စာသင်ခန်းထဲတွင် Jiwoongနှင့် အခြားကျောင်းသားတစ်ယောက်စ နှစ်ယောက်စလောက်သာရှိသည်။ Jiwoongနှင့် Rickyက ကျောင်းတော့တူပေမဲ့ အခန်းမတူချေ။ ဟိုဘက်ထိပ်နှင့်ဒီဘက်ထိပ်ဖြစ်နေတာတစ်ကြောင်း စာလုပ်ချိန်ဆိုအနားမှာကမ္ဘာပျက်နေလျှင်တောင်မသိသည့် သူငယ်ချင်းလေးကိုပိုင်ဆိုင်ထားရသည်ကတစ်ကြောင်းမလို့ Jiwoongလည်းအားလပ်ချိန်တွေဆို အခန်းထဲမှာပဲ အချိန်ဖြုန်းဖြစ်သည်က များသည်။

အခုလည်း အခန်းထဲမှာ Matthewနှင့်ဖုန်းထိုင်ပြောဖြစ်နေသည်။ Matthewတို့က အတန်းချိန်နှစ်ခုကြား သီးသန့်နားချိန်လို့တော့မရှိပေမဲ့ နှစ်ချိန်သင်ပြီး နောက်တစ်ချိန်မရောက်ခင်မှာ 15မိနစ်လောက်တော့ အချိန်ရသည်မလို့ ထိုအချိန်တွင်နှစ်ယောက်သား ဖုန်းပြောလေ့ရှိကြသည်။

Second Chance - Woongtthew (Ongoing)Where stories live. Discover now