Part 10

279 43 10
                                    

[ နှံပြည်စုပ်ရဲ့ကတိ ]

" Matthew! "

တစ်ဖက်မှလူရဲ့ ခေါ်သံကြောင့် Matthew တံတွေးမသိမသာမျိုချမိသည်။

" H-Hyung..."

" ကိုယ် Matthewကိုဘာပြောထားလဲ အဲ့နေ့ကပြောခဲ့တဲ့ စကားတွေကိုမေ့သွားတာလား။ ကိုယ် Matthewအပေါ်ထားတဲ့ သံယောဇဥ်ကိုမယုံတာလား ဟမ် Matthew "

" အဲ့...အဲ့လိုမဟုတ်ရပါဘူး Hyung ကျွန်တော်ကလေ...စိုးရိမ်နေတာကိုပဲပြောပြမိတာပါ "

"မဖြစ်နိုင်တဲ့ကိစ္စကိုတွေးပြီး စိတ်မပူနဲ့! နောက် ဒီလိုကိစ္စတွေနဲ့ပတ်သက်လာရင် ကိုယ့်ကိုတိုက်ရိုက်လာပြောလေ။ Rickyကိုပြောတော့ ဟိုက ကိုယ့်ကိုလုပ်လိမ့်မယ် သူ့ညီလေးကို စိတ်ပူရအောင်လုပ်ရကောင်းလားဆိုပြီး "

အစကတော့ သူ့ကိုမယုံမကြည်ဖြစ်နေသည့် ကောင်လေးကြောင့် အဝဆူမယ်ဟု စဥ်းစားထားပေမဲ့ သူဆူလိုက်ရင် မျက်နှာမကောင်းဖြစ်သွားမှာကို စိတ်ပူသေးသည်မလို့ စိတ်ကိုလျှော့ချလိုက်ရသည်။

" ဟုတ်ပါပြီ Hyung....ဒါဆို ကျွန်တော်ဖုန်းချပြီနော် "

Jiwoongရဲ့ ပြန်နှုတ်ဆက်သံကိုတောင် နားမထောင်နိုင်တော့ဘဲ စိုးထိတ်မှုကြောင့် ခုန်နေသည့် နှလုံးရှိရာ ရင်ဘတ်ကိုဖိကာ Matthew ကုတင်ပေါ် ပက်လက်လှဲမိသည်။

" အမလေးလေး.....ဘာလို့Ricky Geကလည်း speakerကြီးဖွင့်ပြီးပြောတာလဲ အခုHyungအကုန်ကြားကုန်ပြီ "

မနက်ဖြန်ကျ Jiwoongကို ဘယ်လိုမျက်နှာနဲ့ပြေးကြည့်ရပါ့မလဲ တွေးပူမိနေတုန်းမှာ Matthewဖုန်းရဲ့ noti barတွင် စာတစ်ခုတက်လာသည်။

*Jiwoong_Kim added to his Instagram story*

လက်ကလည်း မွေးမြူစရာမလိုသည့်အကျင့်အတိုင်း အလိုအလျောက်သွားနှိပ်မိတော့ Jiwoongတင်ထားသည့် စာကြောင့် Matthewမယ် ခေါင်းနပန်းကြီးသွားရတော့သည်။

စိတ်ကောက်နေသည့် ကြောင်ပုံလေးဖြင့် ရေးထားသည့်စာက

" ငါ့အပေါ်မယုံမကြည်ဖြစ်နေတဲ့ တစ်ယောက်ကို အပြစ်ပေးတဲ့အနေနဲ့ တစ်နေကုန်ရင်ခွင်ထဲထည့်ပြီး နှံပြည်စုပ်ဖြစ်တဲ့အထိ ppo ppoတွေပေးပစ်ရမလား "

Second Chance - Woongtthew (Ongoing)Where stories live. Discover now