အပိုင်း[၈]

9.1K 425 2
                                    

Unicode

မမမှာချစ်သူရှိတယ်ဆိုတာကိုသိပြီးနောက်ပိုင်းမှာလည်းအကြင်နာအနေဖြင့်
မမကိုမေ့ပစ်ဖို့မကြိုးစားခဲ့ပါ။
နှလုံးသားကသူ့အလိုအ‌လျောက်ပေါက်ဖွားလာတဲ့ချစ်ခြင်းမေတ္တာတွေကို
ချစ်သူရှိတယ်ဆိုတဲ့အကြောင်းပြချက်‌
ကြောင့်တော့မဖျက်ဆီးပစ်ရက်ပါ။

ဒါကို စိတ်ဖြင့်ကျူးလွန်ခြင်းဟု ခေါင်းစဉ်တပ်ရင်လည်းတပ်ကြပါစေ။
ရှေ့ဆက်တိုးမယ်လို့ဆိုလိုခြင်းမဟုတ်တဲ့အတွက် လိပ်ပြာလုံပါသည်။

မိမိမှာအစကတည်းကမမပြန်ချစ်ပါစေဟူသောအတွေးမျိုးမရှိခဲ့ရိုးပါ။
သေချာတာတစ်ခုကတော့ မမပြန်ချစ်သည်ဖြစ်စေ၊မချစ်သည်ဖြစ်စေ မမကို ချစ်နေရရင်ကိုပဲကျေနပ်လှပြီ။

မမဟာ ကိုယ်နဲ့လုံးဝမထိုက်တန်တဲ့ပန်းလေးတစ်ပွင့်ဆိုတာ အစကတည်းကသိရှိပြီးသားပဲ။ဝမ်းနည်းမိတာကလွှဲလို့ အဆင်ပြေပါသည်။

***

"မင်းပြန်လိုက်တော့သု..တို့ စကားထပ်မပြောချင်တော့ဘူး"

မမကအေးဆေးတည်ငြိမ်စွာပြောဆိုသည်။
ရန်ထောင်ခြင်း၊ရန်ပြုခြင်းမပြု။သို့သော် မမစိတ်ဆိုးနေတယ်ဆိုတာကို ခန့်မှန်းမိသည်။

"တောင်းပန်ပါတယ် မမရယ်။
မမကိုသဝန်တိုလို့ဖြစ်သွားတာပါ"

"သဝန်တိုလို့ဟုတ်လား...မင်းသဝန်တိုလို့ဆိုတဲ့အကြောင်းပြချက်နဲ့မဆင်မခြင်လုပ်ပုံကတစ်ဖက်သားကိုအားနာစရာကောင်းတာ မင်းသိရဲ့လား"

မမကတော်ရုံတန်ရုံစိတ်မဆိုးတတ်သော သူမျိုးဖြစ်သည်။ စိတ်ဆိုးမိပြီဆိုရင်လည်း အင်မတန်မှချော့ရခက်လှသည်။

အခုအချိန်မှာ ငိုပစ်လိုက်ချင်ပေမဲ့မငိုရဲပါ။မိမိရဲ့ချစ်သူဟာမျက်ရည်ကျတာကိုမကြိုက်ဟုပြောထားသည်မဟုတ်လား။

"နောက်မဖြစ်စေရပါဘူး မမရယ်"

"တို့ကိုဖုန်းလည်းမဆက်နဲ့။စာပို့ပြီးလည်းမဆက်သွယ်နဲ့။မင်းကိုခွင့်လွှတ်ဖို့အချိန်တော်တော်ယူရဦးမယ်"

မမက ကိုယ့်ရဲ့တိုးတိုးလျလျတောင်းပန်သံအား ထုံးစံအတိုင်းလျစ်လျူရှုပစ်ပြန်သည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now