💙2💙

527 58 0
                                    

မဟူရာရောင်ကောင်းကင်အောက်နီဆွေးနေသော
ပြိုင်ကားလေးတစ်စီးသည်အရှိန်ပြင်းစွာဖြင့်
မောင်းနှင်လာသည်...။

"ဟန်ယူဂျင်း!!အရှိန်လျှော့ဟခွေးကောင်ရ"

ကားထဲပျံ့လွင့်လာတဲ့အသံကိုကြားတော့
အဆိုးလေးကကားအရှိန်ကိုထပ်မြှင့်လိုက်သည်။

"ဟာဒီကောင်တော့သေတော့မှာပဲ"

အဆိုးလေးကသဘောတကျပြုံးရယ်နေရင်းလမ်းကြောင်းမလွဲသွားစေရန်ထိန်းနေရသည်။
ထိန်းချုပ်ထားနေရင်းမှအဆိုးလေးရဲ့ပြိုင်ကားအနီလေးကလမ်းကြောင်းလွဲပြီးထိုးရပ်သွားသည်။
ကိုကိုအထူးတလည်ထုတ်ပေးထားတဲ့
အဆိုးလေးအတွက်Limited Edition...။
Sensorတွေများစွာပါဝင်ပြီး
လမ်းကြောင်းလွဲသွားရုံနှင့်ထိုးရပ်သွားတတ်သည်။
ယူဂျင်းကစိတ်ညစ်စွာနဲ့ပဲ
မျက်ခုံးတန်းနှစ်ခုကိုတွန့်ချိုးလိုက်သည်။

"ဒီကားကိုရောင်းရင်ရောင်းမရောင်းရင်ပေးပစ်တော့မယ်"

"ယူဂျင်းမင်းရှုံးပြီ"

"ကျစ်!!ဒီကားယူသွားလိုက်တော့"

"ဘာ!!!"

ချောဟန်ဝူးလန့်သွားရသည်။
အပျော်သဘောကားပြိုင်ခြင်းတွေမှာ
တစ်ဝိုင်းလောက်ရှင်းလိုက်ရုံနဲ့ပြီးသွားမယ့်ကိစ္စ...
ဟန်ယူဂျင်းကတော့ကားတစ်စီးလုံးကို
အပိုင်ပင်ပေးနေသည်...။
တစ်ပတ်တစ်ခါလောက်ကားပြိုင်နေတာ
တစ်ပတ်တစ်စီးနှုန်းနဲ့ကားတွေဝေနေတာများလား။

"မင်းလူကြီးသိရင်အဆင်ပြေပါ့မလား"

"ငါ့ပစ္စည်းပဲပေးပေးရောင်းရောင်းအဆင်ပြေတယ်"

"ငါခဏသိမ်းပေးထားမယ် နောက်ရချင်ရင်လာယူကြားလားဟေ့ကောင်!"

"အင်းအင်း"

ဟန်ယူဂျင်းကဇွတ်တရွတ်ဆန်သည်။
သူ့ပစ္စည်းတွေကိုလည်းသိပ်ခင်တွယ်တဲ့ပုံမပေါ်ပါ။
ပေးပြီးပစ္စည်းဘယ်တော့မှပြန်ယူလေ့မရှိသလို
ပေးတဲ့ပစ္စည်းမယူရင်လည်း
ထိုပစ္စည်းကိုအကောင်းတိုင်းမထားတတ်ပါ။

ဒါကိုငယ်ငယ်ကတည်းကပေါင်းသင်းလာခဲ့တဲ့
ချောဟန်ဝူးကပဲတားနိုင်တာဖြစ်သည်။
တစ်ခြားလူတွေဆိုရင်ကြားထဲကနေ
အမြတ်ထုတ်သွားတာချည်းပဲ...။

Please Stop, Don't StopWhere stories live. Discover now