💙9💙

481 52 5
                                    

တွေ့ကြုံရသမျှနှစ်တွေထဲ ၂၀၀၉ခုနှစ်သည်အဆိုးဆုံးဖြစ်မည်ထင်သည်။ ရှင်သန်နေရပေမယ့် တစ်ခါတစ်လေ ကိုယ်ကကိုယ်မဟုတ်နေတာမျိုး။ မြင်ကွင်းတွေက တစ်ချက်တစ်ချက် ပျောက်လိုက်ပေါ်လိုက်နဲ့ မကြားဖူးတဲ့အသံတွေပါ ကြားနေရတာမျိုးပေါ့။ တစ်ခါတစ်လေ ရူးကြောင်ကြောင်နိုင်စွာနဲ့ စဥ်းစားဖူးတယ်။ ငါကဒီကမ္ဘာကမဟုတ်ဘူးလားလို့ပေါ့။ မဖြစ်နိုင်တာ ! သူ့ကိုအသက်ထက်ချစ်နေတဲ့ ဒီလူသားတစ်ယောက်လုံး ဘေးမှာရှိနေတာကို ပေါက်ကရအတွေးတွေ စဥ်းစားမိသေးတယ်။ ဟန်ယူဂျင်းကရူးလိုက်တာ!

မနက်ခင်းသည်လင်းနေသော်လည်း မှောင်နေသည် ။ အိပ်ရာကထဖို့ကြိုးစားပေမယ့် မူးဝေနေတာကြောင့်  အသာပြန်လှဲနေလိုက်ရသည်။ ထို့ကြောင့်မနက်ခင်းသည်လင်းနေသော်လည်း ယူဂျင်းအတွက်တော့မှောင်မိုက်နေသည်။ ဒီတစ်ခေါက်မူးဝေနေတာက ဘာနဲ့မှမတူပါ။ အားအင်တွေကုန်ခမ်းသည်အထိ မူးဝေနေတာမျိုး။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အားတွေက တစ်စုံတစ်ခုကနေ စုပ်ယူခံရလိုက်ရသလိုမျိုး။ အိပ်ယာပေါ်မှကိုယ်ငယ်လေးသည် လှုပ်လဲ့ခတ်ခြင်းလည်း မရှိဘဲ ပကတိငြိမ်သက်စွာ လှဲလျောင်းနေသည်။ နည်းနည်းလေးလှုပ်လိုက်ရင်တောင်မူးဝေနေတတ်လို့။

°°ခွမ်းးး°°

°°ဟာ~ကိုကို! ကျကွဲကုန်ပြီလေကွာ နိုးလာတော့မှာပဲ သွား! သွား! နားခန်းထဲပြန်သွားလိုက်တော့ ကျွန်တော်လိုက်လာခဲ့မယ်°°

°°ကိုယ့်ကိုဆိုအမြဲမောင်းထုတ်နေတော့တာအဲ့တစ်ယောက်လည်းမြန်မြန်နိုးလာရင်ကောင်းမယ်°°

မူးဝေနေသောအဆိုးလေးသည် ထိုအသံတွေကြားတဲ့အခါ မထနိုင်တဲ့ကြားထဲကမှပင်ထလိုက်ရသည်။ ဘယ်သူလဲ! ကိုကို့မှာသူကလွဲပြီး ကိုကိုလို့ခေါ်မယ့်သူရှိနေသေးတာလား။ အဲ့ကောင်လေးကရော ဘယ်သူလဲ။ မနက်အစောကြီးသူရှိနေတာသိရက်နဲ့ ဘာတွေဖြစ်နေကြတာလဲ။ ပွင့်ကန်လာသောဒေါသအစုံသည်  မူးဝေနေခြင်းတွေကိုတားဆီးလိုက်ပုံပေါ်သည်။ လှေကားကနေ တစ်ဆင့်ချင်းဖြည်းညင်းစွာဆင်းလာသည်။ အောက်ထပ်တွင်ကိုကို့ကိုမတွေ့ရ။ ထို့ကြောင့်စာကြည့်ခန်းထဲဝင်လိုက်သည်။ စာကြည့်ခန်းထဲတွင် ကိုကိုတစ်ယောက်သာရှိပြီး လက်ပ်တော့တစ်လုံးနှင့်အလုပ်ရှုပ်နေပုံပေါ်သည်။

Please Stop, Don't StopDonde viven las historias. Descúbrelo ahora