💙7💙

393 52 2
                                    

သာယာသောမနက်ခင်းတစ်ခုဖြစ်တာကြောင့် နေမင်းသည်ပင် လှလှပပလေးထွက်ပေါ်နေသည်။ လိုက်ကာကြားမှ တစ်စတစ်စဝင်ရောက်နေသော အလင်းရောင်တို့သည် ကုတင်ပေါ်ရှိလူသားနှစ်ဦးအားနှိုးလိုက်သည်။

အင်းး

ယူဂျင်းဆီမှအသံသေးသေးလေးထွက်လာပြီး သူပိုင်အိပ်ယာတစ်ခုနှယ် အကြောဆန့်လို့နေသည်။ ဘေးကအိပ်မောကျနေတဲ့ ကင်မ်ဂယူဘင်းကိုတွေ့သွားတဲ့အခါ ညစ်ကျယ်ကျယ်အပြုံးတစ်ခုပြုံးလိုက်ပြီး ဂယူဘင်းရဲ့ခါးတစ်ခွင်အားကလိထိုးခြင်းအမှုကိုစတင်လိုက်သည်။

"အယ်မယားတတ်ဘူးလား"

တုတ်တုတ်မှမလှုပ်လာတဲ့ဂယူဘင်းကြောင့် ယူဂျင်းအံဩနေချိန်တွင် အိပ်နေသူ၏ရင်ခွင်ထဲသို့ ဆွဲဖက်ခြင်းခံလိုက်ရသည်။

"တစ်ယောက်တည်းစောစောစီးစီးအလုပ်တွေရှုပ်နေတာပဲ"

ရင်ခွင်ထဲရောက်နေ၍လား မနက်ခင်းအသံသည်ဩရှရှဖြစ်နေ၍လားမသိပါ။ ယူဂျင်းရင်တွေတော်တော်တော့ ခုန်သွားရသည်။

"လွှတ်ပါဗျ ကျွန်တော်အဲ့လိုတွေမကြိုက်ဘူး အစ်ကိုကြီးထဖို့နှိုးနေတာသိနေရင်လည်းထလိုက်တော့"

"ညကလိုခေါ်ပါလားပေါက်စရယ်"

"ညကဘယ်လိုခေါ်လို့လဲ"

"ကိုကို"

အားး

ညကအဖြစ်အပျက်တွေကိုမှတ်မိတာပေါ့။ မူးနေတာမှမဟုတ်တာ သူကိုယ်တိုင်ချခဲ့တဲ့ အကွက်လှလှလေးထဲ သားကောင်ဝင်လာတာကို ထိုင်ကြည့်နေခဲ့ရုံလေ။ အခုတော့မဟုတ်တော့ဘူးထင်တယ်...။ ကိုယ့်ကျော့ကွင်းကိုယ်မိတော့မယ့်ပုံပဲ...။ အဆိုးလေးက ညကအဖြစ်အပျက်တွေ ခေါင်းထဲဝင်ရောက်လာတာကြောင့် ရှက်ရှက်နဲ့နားကိုပိတ်ပြီး အော်တဲ့အခါဂယူဘင်းကသဘောတကျရယ်သည်။

""ကိုကိုကျွန်တော်နဲ့တွဲမလားအတည်ကြီးသဘောကျနေတာမို့လို့"

""ကိုကိုကျွန်တော့်ကိုနမ်းပါလား""

အားးစိတ်ထိန်းစမ်းဟန်ယူဂျင်း...ရူးနေလို့ရင်ခုန်သွားရတာလား။ ဟိုအဘွားကြီးကိုအနိုင်ရဖို့လုပ်နေတာ...။ သူ့သားကိုသူ့ဆီကလုယူချင်ရုံပဲ...။ ပြီးရင်အဘွားကြီးကိုထိုင်ဟားရအုံးမှာ။ မချစ်လိုက်နဲ့ချစ်သွားလို့မဖြစ်ဘူး။

Please Stop, Don't StopWhere stories live. Discover now