💙8💙

399 55 2
                                    

စိတ်ဆိုးစိတ်ကောက်ခြင်းကို အမှူးပြုပြီး ပဲရစ်မှာသုံးဖြုန်းပြန်လာခဲ့ခြင်းသည် ဒေါ်လာသိန်းပေါင်းများစွာကုန်သည်။ Branded တစ်ခုခုကိုဝယ်ပြီးတိုင်း SNSပေါ်တင်ကြွားတတ်တဲ့ အကျင့်လေးကလည်း သူများတွေအတွက် အမြင်ကပ်စရာကောင်းနိုင်ပေမယ့် သခင်လေးအတွက်တော့ သိပ်ကိုချစ်စရာကောင်းနေတတ်ပါသည်။ လက်စွပ်အသစ်ဝယ်ထားလျှင် ဖျော်ရည်ခွက်ကိုင်ထားတဲ့ပုံများ၊ စာအုပ်ဖတ်နေသောပုံများ၊ ကောင်းကင်မှာလက်ထောင်ပြီးရိုက်ထားသောပုံများဖြင့် အဆိုးလေး၏SNSသည် ပြည့်နှက်နေတတ်သည်။ အင်္ကျီBrandကိုကြွားချင်ရင်တော့ Selfieပုံတွေအတင်များသည်။ ဖိနပ်ကိုကြွားလျှင်လည်းထိုအတိုင်းပဲ ခြေထောက်ပုံတွေချည်းတင်တော့သည်။ ထိုသို့ထိုသို့ချစ်စရာလေးများသည် သခင်လေးအနေနှင့် ဖွက်ထားချင်လောက်တဲ့အထိ ဖြစ်ရပါသော်လည်း တစ်ခါတစ်ရံဆိုးပြီဆိုလျှင် ရိုက်နှက်ထိန်းသိမ်းချင်စိတ်ပါ ဖြစ်လာရသည်။

"ကိုကို့အတွက်လက်ဆောင်ပါတယ်"

အစိမ်းဖျော့ရှပ်အင်္ကျီလေးကို ထုံးစံအတိုင်း ကြယ်သီးနှစ်လုံးဖြုတ်ထားပြီး စတိုင်ပင်အဖြူလေးနှင့် တွဲဝတ်ထားသည်။ ဆံပင်ကိုအလယ်ခွဲချထားပြီး နေကာမျက်မှန်လေးကို တပ်ထားကာ အပြုံးချိုချိုနဲ့ အသံကြည်နေပုံဆိုရင် ပဲရစ်မှာအလွန်ပျော်လာကြောင်း တကူးတကမေးစရာမလိုဘဲ သိနိုင်ပါသည်။

"ဘာတွေများဝယ်လာခဲ့သလဲကလေးလေး"

သခင်လေးသည် ဖိုင်တစ်ထပ်နှင့် အလုပ်တွေရှုပ်နေသည်ဖြစ်ရာ အဆိုးလေးအား စကားမျှသာပြောနေပြီး အကြည့်တို့ကမူ အရှေ့ကလက်ပ်တော့ဆီမှာ ပြန်ရောက်သွားသည်။ ထိုအခါအဆိုးလေးက အလုပ်လုပ်နေသော သခင်လေးပေါင်ပေါ်တက်ထိုင်လာရင်း လက်တို့ကလည်ပင်းတွင်နေရာယူလိုက်ကာ သခင်လေး၏ မျက်နှာတစ်ပြင်လုံးကို အနမ်းမိုးတွေရွာချနေသည်။ အဆိုးလေးကသူ့ကိုဂရုမစိုက်ဘဲပစ်ထားလျှင်လုပ်တတ်သောအပြုအမူလေးဖြစ်သည်။

"ကလေးရေကိုကိုအလုပ်လုပ်နေတယ်လေကွာ"

ညည်းညည်းညူညူလေးပြောလိုက်သော်လည်း သခင်လေးသည်အနမ်းခံရခြင်းကိုတော့ အလွန်နှစ်ခြိုက်နေကြောင်း ပြုံးရယ်နေမှုကြီးက သက်သေအဖြစ်ကျန်ရစ်သည်။ ရန်လာစတဲ့အဆိုးလေးရဲ့ နှုတ်ခမ်းတွေကိုပြန်ရန်ရှာတော့ အလိုက်သင့်လေးတုန့်ပြန်လာသည်။ အလွမ်းတွေနဲ့ဖုံးလွမ်းနေသော လေထုသည် ချက်ချင်းပင်ချိုမြိန်ခြင်းတွေများစွာနဲ့ ပြည့်နှက်သွားတော့သည်။

Please Stop, Don't StopWhere stories live. Discover now