💙3💙

492 52 0
                                    

အိမ်ဝင်းကိုပန်းတွေနဲ့အလှဆင်ထားသည်...။
ဧည့်တွေ့ဆောင်လေးကလှပထည်ဝါစွာပါရှိပြီး
ရေကန်တွင် ကြာပန်းများထည့်သွင်းထားသည်။
ဘေးကမြက်ခင်းတွင်ယုန်ရုပ်တုလေးရှိသည်။
ဒီအိမ်တော်ရဲ့သခင်လေးကဩဇာတိက္ကမအပြည့်နဲ့
အေးအေးချမ်းချမ်းလေးပါ...။
အရာရာကိုထက်မြက်စွာဦးဆောင်နိုင်ပြီး
သူ့ဘဝမှာမသေချာခြင်းတွေနဲ့ပတ်သက်ပြီး
ပထမဆုံးလုပ်ခဲ့ဖူးတဲ့အလုပ်က
မဖြစ်နိုင်တဲ့အချစ်ရေးကိုမျှော်လင့်မိခြင်း...။
မချစ်သင့်တဲ့လူဆိုပေမယ့်တစ်ဘဝလုံးစာပုံပေးပြီး
ချစ်ပစ်ချင်တာအခွင့်အရေးသာရှိခဲ့ရင်ပေါ့...။

"မဖြစ်ပါဘူးသခင်လေး ဒေါ်ကြီးခွင့်မပြုနိုင်ပါဘူး"

ဆိုဖာမှာထိုင်နေသောသခင်လေးရဲ့မျက်နှာတွင်
ဖျော့တော့သောအပြုံးများရှိသလို တစ်ဆက်တည်းမှာပဲ ဝမ်းနည်းနေသောမျက်ဝန်းများလည်းရှိသည်။

"ဗီယင်နာကသိပ်ကိုတိုးတက်တာပါဒေါ်ကြီး..ပြီးတော့ဒေါက်တာလေးကလည်းအရမ်းကိုတော်တာပါ"

"မရေရာတဲ့အဖြေတွေကိုဘာလို့များခံယူဖို့ကြိုးစားနေရတာလဲကွယ်"

ဒေါ်ကြီးကသခင်လေးရဲ့အဖြစ်ကို မချိစွာညည်းညူးနေသည်။

"ဒေါ်ကြီးတကယ်လို့..တကယ်လို့ လို့ပြောတယ်နော်...တကယ်လို့ကျွန်တော်ပြန်နိုးထမလာနိုင်ခဲ့ရင် ဒီအိမ် ပြီးတော့မြို့ပြင်ကစံအိမ် ကျွန်တော့်ကုမ္ပဏီနဲ့ကုမ္ပဏီခွဲတွေအားလုံးကိုဒေါ်ကြီးကြိုက်သလိုစီမံပါ ...အားလုံးစီစဥ်ထားပြီးပါပြီ..."

"ဘာလို့နှုတ်ဆက်စကားလိုမျိုးပြောနေရတာလဲကလေးရယ်...ဒေါ်ကြီးရင်တွေကွဲပါပြီ"

"အဲ့လိုလုပ်မှပဲကျွန်တော်သူနဲ့နီးမှာမို့လို့ပါဒေါ်ကြီး...နားလည်ပေးစေချင်ပါတယ်"

"ကလေးရယ်သိပ်ချစ်တာပဲလား"

"အတိုင်းထက်အလွန်ပေါ့"

"ဒါဖြင့်လည်းသွားပါတော့ကလေးရယ်...လေယာဥ်ချိန်မမှီဘဲနေပါတော့မယ်"

"ဟုတ်ကဲ့"

သခင်လေးကဒေါ်ကြီးကိုဦးခိုက်အရိုအသေပေးတဲ့အခါ ဒေါ်ကြီးကရှိုက်ကြီးတငင်ပင်ငိုသည်...။
ငယ်ငယ်ကတည်းကထိန်းကျောင်းလာခဲ့တဲ့
သံယောဇဥ်ကနည်းမှမနည်းတာ...။
မထွက်သွားခင်မှာသူစိုက်ခဲ့တဲ့
ဒေစီပန်းတွေကိုဖွဖွလေးထိတွေ့နေသည်
မြက်ခင်းပြင်ပေါ်ကယုန်ရုပ်တုလေးကို
ပွတ်သပ်လိုက်ပြီး

Please Stop, Don't StopWhere stories live. Discover now