Unwavering Light

1.6K 255 50
                                    

သစ်ပင်ကြီးကလည်း တွေတွေဝေဝေနဲ့ ငိုင်နေမိပါတယ်။

တစ်ခါတလေကျတော့လည်း လေညှင်းလေးက သူ့အနားကို အပြေးရောက်လာတတ်တာကို သူ ကိုယ်တိုင်လည်း မသိစိတ်ကနေ တောင့်တနေခဲ့တာမျိုး ဖြစ်မလားလို့လေ..။

-

ညရောက်သည့်အခါ သူ ထင်ထားသည့်အတိုင်း မိုးက သည်းသည်းမည်းမည်းကို ရွာသည်။ ကျန်းဟောင့်ဟာ ပြတင်းပေါက်မှန်ပေါ်သို့ မိုးစက်များက တဖြောက်ဖြောက်ဖြင့် လာရိုက်ခတ်နေသည့် အသံကို နားစွင့်နေရင်း ဖတ်နေသည့် စာအုပ်ကို ပိတ်လိုက်ကာ နာရီကို လှမ်းကြည့်လိုက်၏။

နာရီလက်တံအတိုဟာ ၂ ကို ကျော်ပြီး ၃ နားသို့တောင် ကပ်လို့နေခဲ့လေပြီ။ မနက်စောစော ပွဲတက်စရာ ရှိသေးသည့်သူက မအိပ်ဘဲ ဟန်ဘင်းကို ထိုင်စောင့်နေရသည်မှာ သိပ်တော့ မဟုတ်သေးပါချေ။ သို့သည့်တိုင် မူးရူးပြီး ပြန်လာမည့် ဟန်ဘင်းကိုတော့ အိမ်အကူများ၏ လက်ထဲသို့ အပ်ထားလို့ မရသည့်အကြောင်းကို သူ အသိဆုံး။

ဟန်ဘင်းဟာ မူးလာရင်.. အခြားလူတစ်ယောက်လိုမျိုးကို ပြောင်းလဲသွားသည် မဟုတ်ပါလား။

သိပ်မကြာခင်မှာတင် ဆင်ဝင်အောက်သို့ ကားတစ်စီးက လာပြီးတော့ ရပ်သည့် အသံကို ကြားလိုက်ရပါသဖြင့် ကျန်းဟောင့်လည်း အိမ်ရှေ့တံခါးကို သွားဖွင့်ပေးလိုက်သည့်အခါ ဂယူဘင်းက အားနာနေသလို မျက်နှာမျိုးဖြင့် သူ့ကို ပြုံးပြနေပြီး တစ်ဖက်တွင်မူ မူးနေသည့် ဟန်ဘင်းကို တွဲထားလျက်သား။ မိုးမိထားပုံတော့ မရှိပါသဖြင့် ကျန်းဟောင့်လည်း တိတ်တိတ်လေး စိတ်‌အေးသွားကာ သက်ပြင်းချမိသည်။

မိုးမိပါလျှင် ဟန်ဘင်းက အလွယ်တကူ ဖျားတတ်ပါသဖြင့် မိုးတော့ မိလို့ မဖြစ်ပါချေ။

" ဟာအိုဟျောင်း.. ကျွန်တော်လည်း ဟျောင်းကို အများကြီး မသောက်ဖို့ ထိန်းပေမဲ့ ထိန်းမရလိုက်ဘူး ၊ သုံးပင်လောက် လိမ်သွားတာဆိုတော့ တော်တော်ကြီး ဆိုးသွားမယ်ထင်တယ် "

" ရပါတယ်.. တစ်ခါတလေပဲ ၊ ဂယူဘင်းလည်း သူ့ကို လိုက်ထိန်းနေတာနဲ့ ပင်ပန်းတော့မယ် ၊ အခုက Driver ငှားလာတာလား "

Behind The CurtainWhere stories live. Discover now