Misty Sky

513 99 12
                                    

မင်းရဲ့ အနားမှာ ရှိနေရဖို့အတွက် ငါ ပေးဆပ်ခဲ့ရသမျှကို ကဗျာတွေ စာတွေ ဖွဲ့စရာတောင် မလိုခဲ့ပါဘူး။ ချစ်တဲ့မျက်စိနဲ့သာ ကြည့်မယ်ဆိုရင် သိသာနေခဲ့တာမလို့။

-

အိပ်ရာထ ၊ အလုပ်သွား ၊ အိမ်ပြန် ၊ ဆောင်းဟန်ဘင်း မျက်နှာကို တစ်ချက်ကြည့် ၊ အိပ်ရာဝင်။

ကျန်းဟောင့်၏ နေ့ရက်များက သိပ်ကို ပျင်းရိဖို့ ကောင်းလှပါသည်။ သို့သည့်တိုင် သူ့ထံ၌ ဘာမှလည်း အပြစ်ပြောစရာရယ် မရှိခဲ့ပါ။ သူ ကိုယ်တိုင် လိုလိုလားလားဖြင့် ရွေးချယ်ခဲ့သော လမ်းဖြစ်နေပါသဖြင့်။

စာရွက်စာတမ်းများနှင့် ကိန်းဂဏန်းများက ကြာလာတော့လည်း ကျန်းဟောင့်ကို အတော်လေး ခေါင်းနောက်စေခဲ့ပါသည်။ နေ့တိုင်းလိုလို ဒီကုမ္ပဏီကို ပိုပြီးတော့ တိုးတက်စေရန် ၊ ရှယ်ယာစျေးတွေ ကျမသွားစေရန် ၊ အမြတ်တွေပိုပြီးတော့ ရစေရန် စသည်ဖြင့် ရည်ရွယ်ချက်ပေါင်းစုံကို ပိုက်လျက် ကျန်းဟောင့်၏ ဦးနှောက်က မရပ်မနား အလုပ်လုပ်နေရ၏။

သူ ဝါသနာပါခဲ့သည့် အလုပ်အကိုင်လည်း မဟုတ်ခဲ့ပါသဖြင့် တစ်ခါတလေကျတော့လည်း ခြေကုန်လက်ပမ်း ကျတတ်သည့် နေ့ရက်များက ရှိတတ်သည်ပင်။ သို့သော်ငြားလည်း သူက ဘာများ တတ်နိုင်လိမ့်မည်နည်း..။

တချို့တွေကျတော့လည်း အိမ်ထောင်ရေး သို့မဟုတ် ချစ်ရသူက ပင်ပန်းနွမ်းလျဖွယ်ကောင်းလှသည့် အလုပ်၏ ထွက်ပေါက်တစ်ခု ဖြစ်ကြောင်း တပျော်တပါးဖြင့် ပြောဆိုတတ်ကြပါသည်။ စိတ်မကောင်းစရာပင် ၊ ကျန်းဟောင့်အတွက်တော့ ပျော်ရွှင်စရာကို ဘယ်နေရာကနေ ရှာဖွေရမှန်းကို မသိခဲ့။

အိမ်ကို ပြန်ရောက်လာလျှင်လည်း နွေးထွေးသည့် အငွေ့အသက်ဟူ၍ ရှိမနေခဲ့။ အလင်းပေးရုံအတွက် ဖွင့်ထားခဲ့သည့် မီးလုံးတစ်လုံးနှင့် သူ ပြန်အလာကို စောင့်နေသည့် အိမ်အကူများ ရှိနေပါလိမ့်မည်။ သို့သည့်တိုင် သူနှင့် ဥပဒေအရ သက်ဆိုင်သည့် အမျိုးသားဖြစ်သူကမူ တစ်ချိန်တစ်ခါလေးတောာင်မှ သူ့ကို စောင့်ဆိုင်းပေးဖူးခြင်း မရှိခဲ့ပါ။ ဗလာကျင်းနေသည့် ဧည့်ခန်းကို ကြည့်နေရင်း သူ ဘာဖြစ်လို့များ ဒါကို ရွေးချယ်မိခဲ့တာပါလိမ့် ဆိုသည့် အတွေးမျိုး ဝင်လာတတ်ပါသည့်တိုင် အိပ်ခန်းတံခါးကို ဖွင့်မိလိုက်သည့်အချိန် အိပ်ရာပေါ်၌ ဘာအပူအပင်မှ မရှိဘဲ အိပ်နေသည့် ဟန်ဘင်း၏ မျက်နှာကို မြင်ပါလျှင် ရွေးချယ်မှု၏ အကြောင်းပြချက်များက သူ့ခေါင်းထဲသို့ တိုးဝှေ့ကာ ဝင်ရောက်လာပါလိမ့်မည်။

You've reached the end of published parts.

⏰ Last updated: Apr 21 ⏰

Add this story to your Library to get notified about new parts!

Behind The CurtainWhere stories live. Discover now