5: Snow White & the Seven Dwarfs

681 112 17
                                    

#5 #PixieDust

Facebook အကောင့်ကိစ္စ အရှက်ကွဲရခြင်းသည် အေဒရီယန်လွမ်းကို ကောင်းကောင်းကြီး အထိနာသွား စေသည်။ သို့သော် ထိုမျှလောက်ဖြင့် crush အပေါ် လက်လျှော့လိုက်ရမည်ဆိုလျှင် အေဒရီယန်လွမ်း မပီ သတော့ပါ။ ဘောလုံးစကားနှင့်ဆိုလျှင်တော့ တန်ပြန်တိုက်စစ် ခေါ်မလားမသိ၊ မည်သို့ပင်ဆိုစေ တိုက်စစ် ဆင်ရမည်။ ဤသို့ဖြင့် ကျောပိုးအိတ်ကြီးထဲသို့လိုအပ်သောပစ္စည်းများထည့်သည်။ သားတော်မောင်အဖို့ လည်း လိုအပ်သည်များကို ပြင်ဆင်ထုတ်ပိုးပေးပြီးနောက် နှစ်ယောက်သား အိမ်ပေါ်မှဆင်းလာခဲ့ကြ၏။

အိမ်တစ်အိမ်ပေါ်မှဆင်းလာခြင်းသည် နောက်တစ်အိမ်ပေါ်တက်သွားရန်သာဖြစ်သည်မဟုတ်လား။ ဤ တခါ သူတက်သွားမည့်အိမ်ကတော့ဖြင့် ရဲဆက်၏ အဆင့်မြင့်ကွန်ဒိုကြီးမှလွဲ၍ အခြားမရှိနိုင်တော့ပေ။ အေဒရီယန်လွမ်း စုံစမ်းပြီးပြီ။ ရဲဆက်သည် camp မဝင်ရလျှင် ထိုအဆင့်မြင့်ကွန်ဒိုကြီးမှာ နေထိုင်သည် တဲ့။ ယခုတလော မြန်မာ့လက်ရွေးစင်အသင်းရော ကလပ်အသင်းများရော နားထားသည့်အချိန်ဖြစ်၍ ရဲဆက်သည် အိမ်တွင်ပဲရှိရမည်။

အေဒရီယန်လွမ်းသည် ကိုဉာဏ်ကို အသိပေးရမည်စိုးသဖြင့် ကားတစ်စီးငှားပြီး ရဲဆက်အိမ်ကို သွားခဲ့၏။

ကွန်ဒိုအခန်းရှေ့ရောက်တော့ ယုံကြည်မှုရှိရှိ မျက်နှာပြောင်စွာနှင့် ဘဲလ်ကိုနှိပ်လိုက်တော့သည်။

"တိန်" "ဂိန်"

အံ့သြဖို့ကောင်းစွာပင် ဘဲလ်သံက တီးတောင်ဟုမထွက်ဘဲ တိန်ဟု ထွက်လာပြီးနောက် Simba က စိတ်မရှည်စွာပဲ ဂိန်ဟု ထအသံပြု၏။ အေဒရီယန်လွမ်း နည်းနည်းခေါင်းကိုက်သွားရသည်။

"ဪ.. တိုးတိုးနေပါ Simba ရယ်။ သူများတွေ အနှောင့်အယှက်ဖြစ်အောင်မလုပ်ရဘူးလေ"

ထိုအခိုက် တံခါးပွင့်လာပြီး အိပ်ချင်မူးတူးဖြစ်နေသော ရဲဆက်က သူတို့နှစ်ယောက်ကို စိုက်ကြည့်နေ၏။ ရဲဆက်က ညအိပ်ရာဝင်သည့် အင်္ကျီနှင့်ပင် ဆွဲဆောင်မှုရှိလွန်းသည်ပဲ။ လက်ပြတ် ဘတ်စကတ်ကော အင်္ကျီနှင့် ဘောင်းဘီတိုနှင့် ရဲဆက်...။ ရှုမငြီးနိုင်သည့် ယောက်ျားသားပါလားနော်။

Pixie DustWhere stories live. Discover now