12: Inside Out

456 107 48
                                    

#PixieDust #12

အေဒရီယန်လွမ်း မှာ တရိပ်ရိပ်တိုးလာသော မိမိ followers များနှင့် ပရိသတ်များကို ကြည့်ရင်း အတွေး များမိပြန်သည်။ လက်ခံချင်သည်ဖြစ်စေ၊ လက်မခံချင်သည်ဖြစ်စေ ယခုရုံတင်ဇာတ်ကားသည် အေဒရီယန် လွမ်း ဆိုသော နာမည်ကို နောက်တစ်ဆင့်သို့ တွန်းပို့ပေးခဲ့လေပြီ။ ထိုဇာတ်ကား စ ကြော်ငြာကတည်းက အကွက်မြင်သော စီးပွားရေးလုပ်ငန်းတချို့ဆိုလျှင် အေဒရီယန်လွမ်းနှင့် စက္ကန့် ၃၀ စာ ကြော်ငြာရိုက်ရဖို့ အလုအယက် တန်းစီနေပြီးပြီ။ ဖြေလိုက်ရသည့် အင်တာဗျူး၊ လုပ်လိုက်ရသည့် ရိုက်ကူးရေး၊ တက်လိုက် ရသည့် အခမ်းအနားပွဲတို့သည် အေဒရီယန်လွမ်း၏ တနေ့တာ ဖြတ်သန်းပုံကို လုံးဝကြီး ပြောင်းလဲစေ၏။ ဥပမာ ဆိုလျှင် ရဲဆက်နှင့်အတူ လမ်းလျှောက်ချိန်မရှိတော့ပေ။ မနက် အစောကြီးကတည်းကထွက်သွား ပြီး ညမိုးချုပ်မှ ပြန်လာရသည်က နိစ္စဓူဝဖြစ်လာပြီ။ တချို့နေ့များ ဆိုလျှင် အိမ်ပြန်အိပ်လိုက်ရသည်လည်း ရှိသည်။ Simba ကိုပင် အချိန်ပေးပြီး သေချာမဆော့နိုင်၊ လမ်း ထွက်လျှောက်ပေးချိန်မရှိသဖြင့် ရဲဆက်နှင့် Simba နှစ်ယောက်တည်းထားခဲ့ရသောအချိန်များပင်ရှိလာ ၏။ အေဒရီယန်လွမ်း စိတ်ညစ်သည်ကို အဖေကတော့ သိဟန်တူပါသည်။

"နာမည်ကြီးလာပြီဆိုရင် အဲဒီလိုပဲ နေ့သစ်။ ကိုယ့်ဘက်က လက်လွှတ်ဆုံးရှုံးရတာတွေလည်းရှိတာပဲ။ ဒါပေမဲ့ မင်းရတာတွေက ပိုများတယ်လေ။ မင်း အစကတည်းက ဒီလိုဖြစ်ချင်ခဲ့တာမဟုတ်ဘူးလား"

"ဖေဖေရယ်... ကျွန်တော်က အသိအမှတ်ပြုခံချင်တာပါ။ ဒီလိုကြီးတော့ မဟုတ်သေးဘူးလေ။ အခုက နားချိန်တောင်မရှိဘူး။ ကျွန်တော်ကိုယ်ပိုင်အချိန်လိုချင်တယ်"

ဖေဖေက မာန်ပါပါပြုံး၏။

"အေး.. နေ့သစ်ဆက်။ မင်း ဒီလောကထဲကိုဝင်ကတည်းက အဲဒါတွေကို ထည့်တွေးခဲ့ရမှာ။ အခုတော့ မင်း လက်မခံချင်လို့မရဘူး၊ ဒါတောင် မင်းက ဇာတ်ပို့သာသာပဲရှိသေးတာ။ မင်းတကယ် ဇာတ်ဆောင်နေရာက သရုပ်ဆောင်ထားတဲ့ကားတွေတင်ရင် မင်း ဒီထက် ပိုအလုပ်ရှုပ်လာတော့မှာ"

အေဒရီယန်လွမ်းမှာသာ ငိုမဲ့မဲ့ဖြစ်သွားရသည်။


"ဖေဖေရယ်.. ကျွန်တော့်နှလုံးသားလေးကို ဘယ်လိုလုပ်ရမလဲ"

Pixie DustWhere stories live. Discover now