9 : Chicken Little

509 99 71
                                    

#PixieDust #9

ရဲဆက်ကို ငိုပြမည်ဟူသောအကြံက မထင်မှတ်ထားသော တုံ့ပြန်မှုကြောင့် သေချာမအောင်မြင်လိုက် သော်လည်း အချည်းနှီးတော့မဖြစ်သွားပါ။ ရဲဆက်က အိမ်ကိုပြန်ရောက်လာခဲ့ပြီး စကားတွေလည်း ပြန် ပြောလာပေးသည်။ အေဒရီယန်လွမ်းကို ဂရုစိုက်သည့် အရိပ်အငွေ့လေးတွေလည်း ပါလာတော့ မပျော်ဘဲ မနေနိုင်။ ဆေးပင် လိမ်းခိုင်းလိုက်သေးသည်။

"အခြေအနေကောင်းတယ်ဟ။ မဆိုးဘူး"

သူကသာ အားရပါးရပြောနေတာ.. သားတော်မောင်က သခွားသီးကို မျက်နှာပေါ်တင်ပြီး အိပ်ပျော်နေ သည်မှ ဟောက်ပင်ဟောက်နေပြီ။ တော်တော်အားကိုးရတဲ့ ကောင်။ နောက်နေ့မှ အဲဒီသခွားသီးတွေ စား ခိုင်းပစ်မယ်ဟု အေဒရီယန်လွမ်း တေးထားလိုက်၏။

ရဲဆက်ကတော့ ရေချိုးပြီးနောက် ဘောင်းဘီတိုတစ်ထည်နှင့် ထွက်လာသည်။ ထိုမြင်ကွင်းက အေဒရီယန် လွမ်း အတွက် မရိုးနိုင်သောရှုခင်းဖြစ်၏။ သို့သော် ယနေ့တော့ ရဲဆက် ခြေထောက်မှကြွက်သားများကို မငမ်းနိုင်တော့။

"ဒါ ဘာတွေဖြစ်ထားတာလဲဟင်"

ညိုမည်းရောင်ကိုင်းနေသော ခြေထောက်ကိုမြင်တော့ ပျော်နေသည့် အပျော်တွေပင်ပျောက်သွားပါသည်။

ရဲဆက်က ဘာမှမဖြစ်သကဲ့သို့ ရယ်၏။

"ခင်ဗျား ကြည့်နေတာ ဘောလုံးသမား ခြေထောက်လေဗျာ။ ဘောလုံးကန်ထားတာပေါ့။ ဒီနေ့ ထရိန်နင် ဆင်းရင်းဖြစ်တာ။ အဲဒါကြောင့် ခင်ဗျားကို ဆေးကူလိမ်းခိုင်းတာ။ အဲ.. စိတ်ချပါ ခြေထောက်ကို ခင်ဗျား မထိရပါဘူး။ ခါးနဲ့နောက်ကျောကိုပဲ လိမ်းခိုင်းမှာ"

"ဘယ်ဟုတ်မလဲ​ .. ကိုယ် လိမ်းပေးမှာပေါ့။ ထိုင်နေနော်။ နာနေမှာကွာ.."

အိပ်ရာပေါ်မှာ ရဲဆက်ကိုထိုင်ခိုင်းလိုက်ပြီး ခုံတစ်ခုံဆွဲယူကာ သူဝင်ထိုင်လိုက်၏။ ရဲဆက်၏ ခြေထောက် တစ်ဖက်ကို သူ့ပေါင်ပေါ်တင်ခိုင်းထားလိုက်ပြီး ဆေးဘူးကို နည်းနည်းစီ ညှစ်ရင်း ဖြည်းဖြည်းချင်း ပွတ် ပေးနေမိသည်။ ဆေးမြန်မြန်ခြောက်စေရန်လည်း နှုတ်ခမ်းမှ တဟူးဟူးနဲ့ မှုတ်ပေးမိသေးသည်။ ဒီလို မြင် တွေ့ရတာ သူ တကယ်စိတ်မကောင်းပါ။

Pixie DustWhere stories live. Discover now